1177----1178

147 8 1
                                    

အခန်း (၁၁၇၇)(စာစဉ် ၈၅- အပိုင်း ၁)

“လက်သည် ဘယ်သူလဲ”

အလွန်စည်ကားခဲ့သော ကောင်းကင် လှေကား၌ အလောင်းများသာ ကျန်ရစ်တော့၏။

အချိန်တိုအတွင်း၌ ထိုသို့ဖြစ်သွားလိမ့်မည်ဟု မည် သူမှ ထင်ထားမိကြလိမ့်မည် မဟုတ်ပေ။

လူများအား သတ်ဖြတ်သွားသည့် အဖွဲ့မှာလည်း အလွန်ပိရိသည်ဟု ဆိုရမည်။

အမိန့်ပေးသည့် ခေါင်းဆောင်အပါအဝင် ကျန်ဝတ် ရုံနက်ဝတ် လူများမှာ တိုက်ခိုက်သည့်အခါ၌ အသံ ထွက်ကြခြင်းမရှိသလို ထိခိုက်ခံရသည့်အခါတွင်လည်း အော်ဟစ်ငြီးတွားခြင်းအလျဉ်း မရှိကြချေ။

ထို့ကြောင့် အရာအားလုံးမှာ တိတ်ဆိတ်စွာဖြင့်ပင် ပြီးဆုံးသွားခဲ့ရလေသည်။

၎င်းတို့၏ စည်းကမ်းသေဝပ်မှု၊ အရည်အချင်းနှင့် လှုပ်ရှားမှုများ အားလုံးမှာ လက်ဖျားခါလောက်အောင် အထိ တိကျနေလွန်းသည်။

တာဝန်ပြီးဆုံးချိန်တွင်လည်း တွေဝေမှုမရှိ၊ သဲလွန် စဟူ၍ ချန်မထားခဲ့ကြဘဲ ၎င်းတို့၏ တည်ရှိမှုကို ကျန် ရစ်စေမည့် အရာအားလုံး ယူဆောင်ကာ ချက်ချင်းပင် ပြန်လည်ထွက်ခွာသွားခဲ့ကြပြန်သည်။

မည်မျှထိဆိုလျှင် တိုက်ခိုက်မှုကြောင့် စုတ်ပြဲသွား သည့် ၎င်းတို့၏ ဝတ်ရုံစများကိုပင် တစ်ပါတည်း ယူ သွားခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ကောင်းကင်လှေကား၌ ကျန်ရစ်တော့ သည့် အရာဆို၍ အလောင်းများသာ ရှိပါတော့သည်။
. . .

အမွှေးတိုင် တစ်တိုင်စာ ကုန်လောက်သည့် အချိန် တွင် ဖြစ်၏။

လေပြင်း တိုက်ခတ်သံများ၊ မိုးကြိုးပစ်သံများနှင့် အတူ ဂိုဏ်းကြီးများမှ ထိပ်တန်းပညာရှင်များ ရောက်ရှိ လာကြလေသည်။

ယခုအခါမှ အဖွဲ့အစည်းများမှာ ၎င်းတို့၏ ထိပ် တန်းပညာရှင်များကို စေလွှတ်လိုက်ကြခြင်း ဖြစ်၏။

ထို့ကြောင့် ကောင်းကင်လှေကားတွင် အစွမ်းထက် သည့် ထိပ်တန်းပညာရှင်များဖြင့် ချက်ချင်း ပြည့်နှက် သွားလေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားOnde histórias criam vida. Descubra agora