1269-----1270

122 8 0
                                    

အခန်း (၁၂၆၉)(စာစဉ် ၉၁- အပိုင်း ၉)
“ရဲမျိုးနွယ်အား သုတ်သင်လိုခြင်း”

ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့မှာ ထွက်ခွာမည့် ပုံမရှိ၍ ရန်သူများမှာ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
ရူးမိုက်သော ထိုရန်သူများ မသိနိုင်သည့်အချက်မှာ ဇန်ယွန်ဖေ့တို့ နှစ်ဦးမှာ ရဲရှောင် ပြန်မလာမချင်း လုံးဝ ထွက်သွားမည် မဟုတ်ခြင်း ဖြစ်သည်။
အကယ်၍ ရဲရှောင် မရောက်ခင် ထွက်သွားမိပါက ဂိုဏ်းသို့ ပြန်ရောက်လျှင် ဥသျှောင်ကြီး သုံးပါး၏ သေ အောင် ရိုက်နှက်ခြင်းကို ခံရမည်သာ။
ဂိုဏ်းချုပ် ယွဲ့ချန်းရှန် ပျောက်သွားပြီးကတည်းက ဥသျှောင်ကြီး သုံးပါးမှာ အလွန်အမင်း ဒေါသထွက်ခဲ့ ကြသည်။
၎င်းတို့၏ လူများ လွှတ်၍ ရှာဖွေခဲ့ကြသော်လည်း အချည်နှီး၊ မည်သည့်အချက်အလက်မှ မရခဲ့ကြပေ။
သိုင်းလောကကြီးမှာ ကသောင်းကနင်းပင် ဖြစ်နေ ချေပြီ။
ထိုသို့သော အချိန်မျိုးတွင် အဘိုးကြီး သုံးဦးမှာ အ ချစ်ရဆုံးသော တပည့်အတွက် ရတက်မအေး ဖြစ်လာ ကြသည်။
ထို့ကြောင့် ဇန်ယွန်ဖေ့တို့ နှစ်ဦးကို စေလွှတ်ကာ ရဲရှောင်ကို ပြန်ခေါ်စေခိုင်းခဲ့ခြင်း ဖြစ်သည်။
“မင်းတို့ကောင်တွေ ကောင်လေး မပါလာဘဲ ပြန် လာဖို့ စိတ်မကူးကြနဲ့ . . .”
လဲ့ဒါဒီမှ ဒေါသတကြီး ပြောလိုက်၏။
“ဒီလို အလုပ်လေးကိုတောင် မလုပ်နိုင်ရင် ကိုယ့် သေတွင်းသာ ကိုယ်တူးခဲ့ကြ . . .”
ထို့ကြောင့် ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့လည်း ပြန် ရောက်ရောက်ချင်းပင် တာဝန်အသစ်ဖြင့် ပြန်လာခဲ့ရ တော့သည်။
ဥသျှောင်ကြီး သုံးပါး၏ အမိန့်ဖြစ်နေ၍ သူတို့အဖို့ မည်သို့ ဖယ်ရှားဝံ့ပါမည်နည်း။
(ဒီတစ်ကြိမ်တော့ ငါတို့ ရဲရှောင်ကို ပြန်ခေါ်သွားမှ ဖြစ်မယ်၊ ဒီလိုမှမဟုတ်ရင် ငါတို့ ဂိုဏ်းထဲမှာ နေခွင့်ရ တော့မှာ မဟုတ်ဘူး . . .)
. . .
ရဲမြို့တော်သို့ ပြန်လာသော ရဲရှောင်၊ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိခဲ့သည်။
ရဲမျိုးနွယ်၏ အိမ်များ ပတ်ချာလည်တွင် ရန်လို၊ သတ်ဖြတ်လိုသော ချီဓာတ်များကို ခံစားမိလိုက်၍ ဖြစ် သည်။
ထိုလူများက ၎င်းတို့၏ ချီဓာတ်များကို ဖုံးကွယ်ရန် ကြိုးစားထားကြသော်လည်း ရဲရှောင်၏ အာရုံနိုင်စွမ်း မှမူ မလွတ်မြောက်နိုင်ကြပေ။
ရဲရှောင်လည်း အာရုံခံမိလိုက်သည်နှင့် ထိုချီဓာတ် များကနေရောင်ဂိုဏ်းနှင့် ကြယ်ရောင်ဂိုဏ်းတို့မှ ဖြစ် ကြောင်း သိလိုက်သည်။
ထိုလူများက ရဲအိမ်တော်ကို မတိုက်ခိုက်သေးဘဲ အဘယ့်ကြောင့် အချိန်ဆွဲနေသည်ကိုပင် သူမစဉ်းစား။
ဒေါသတရားများနှင့်အတူ ရန်သူများ ရှိရာထံသို့ တဟုန်ထိုးသွားကာ ထိပ်တိုက်သာ ရင်ဆိုင်လိုက်တော့ သည်။
လက်ရှိတွင် ရဲရှောင်မှာ အင်အားကြီးနေပြီ ဖြစ်၍ ရန်သူများကို အားစိုက်စရာ မလိုဘဲနှင့်ပင် သတ်ဖြတ် နိုင်ခဲ့သည်။
ထို့ကြောင့် ထိုနေ့ညတွင် သွေးညှီနံ့များမှာ ရဲမြို့ တော် တစ်ခုလုံးသို့ ဖုံးလွှမ်းသွားပါတော့သည်။
. . .
နောက်တစ်နေ့တွင် ဖြစ်၏။
မျိုးနွယ်စုများ အားလုံးမှာ ဖြစ်ပျက်ခဲ့သည့် အဖြစ် အပျက်များကြောင့် ထိတ်လန့်နေကြသည်။
မျိုးနွယ်စု တစ်ခုနှင့် တစ်ခုမှာလည်း ဆက်စပ်နေ ကြ၍ သတင်းပြန့်နှံ့မှုနှုန်းက တောမီးပမာ မြန်ဆန်လှ သည်။
ထို့ကြောင့် တစ်ခုခု ထူးခြားမှုရှိသည်နှင့် မျိုးနွယ်စု များ အားလုံး သိကြသည်ချည်းသာ။
တကယ်တမ်းတွင် ဂိုဏ်းနှစ်ခုမှ လူများ ရဲမြို့တော် သို့ ရောက်လာသည့်အချိန် အခြားသော မျိုးနွယ်စုများ မှ သိသူအချို့ ရှိခဲ့သည်။
လောကတွင် လူကောင်းနှင့် လူဆိုးက ဒွန်တွဲနေ၍ ရဲမျိုးနွယ်ကို ဆန့်ကျင်မည့် ထိုသို့သောလူများ ရောက် လာသည်ကိုပင် ကြိတ်ပျော်နေကြသည့် လူများရှိကြ သည်။
ထိုလူများမှာ အပေါ်ယံတွင်သာ ရဲမျိုးနွယ်အပေါ် သစ္စာရှိသယောင် ပြသော်လည်း စိတ်ထဲမှ မပါလှ။
အချိန်နှင့်အမျှ ရဲမျိုးနွယ်၏ ကျရှုံးခန်းကို စောင့် မျှော်နေကြသည့် လူများသာ ဖြစ်ကြသည်။
ရဲမျိုးနွယ်မှာ နန်းတော်နှစ်ခုနှင့် ရေခဲလနန်းတော် တို့၏ ထောက်ပံ့မှုကြောင့် အခြေအနေမြင့်မားခဲ့သော် လည်း တကယ်တမ်းတွင် သာမန်အလယ်လတ် တန်း စား မျိုးနွယ်တစ်ခုသာ ဖြစ်သည်။
ယခုအခါ အင်အားကြီးသောလူများက ရဲမျိုးနွယ် အား ဆန့်ကျင်မည့်အပေါ် အခြားမျိုးနွယ်စုများမှာ ထိုအဖြစ်အပျက်ကို မြင်ချင်လွန်း၍ စောင့်ပင် မစောင့် နိုင်ကြတော့ချေ။
ရဲမျိုးနွယ်က အချိန်တိုအတွင်း သုတ်သင်ရှင်းလင်း ခံရတော့မည် မဟုတ်ပါလား။
သို့သော် မမျှော်လင့်စွာပင် ဘာမှဖြစ်မလာသေးခင် မှာပင် သတ်ဖြတ်ရန် ရောက်လာသော လူများအားလုံး သေဆုံးသွားခဲ့ကြသည်။
ထို့ကြောင့် အခြားသော မျိုးနွယ်စုများမှာ အံ့ဩခဲ့ ကြခြင်းပင် ဖြစ်ပါတော့သည်။
. . .
ဂိုဏ်းနှစ်ခုမှ အပေါင်းအပါများကို ရှင်းလင်းသုတ် သင်ပြီးနောက် ရဲရှောင်လည်း ရဲအိမ်တော်ရှိရာသို့ ပြန် လာခဲ့လိုက်သည်။
“မင်းဘယ်တွေ သွားနေတာလဲ . . .”
ရဲရှောင်ကို မြင်၍ ဇန်ယွန်ဖေ့မှ ဒေါသတကြီး လှမ်း မေးလိုက်သည်။
(မင်းပြော‌တော့ အိမ်မှာနေမယ်ဆို၊ ငါတို့ ပြန်သွား တာဖြင့် ခဏလေးရှိသေးတယ် ပြန်ရောက်လာတော့ မင်းက မရှိတော့ဘူး၊ ငါတို့ကို အကျိုးအကြောင်း စာ လေးဘာလေးတောင် မပို့ဘူးလား၊ ဘယ်သွားမယ်ဆို တာတော့ ပြောသင့်တာပေါ့ . . .)
စင်စစ် ဇန်ယွန်ဖေ့တို့၏ စိတ်ထဲတွင် ရဲရှောင်အား ဖမ်းဆီးခံရခြင်း၊  ပြန်ပေးဆွဲခံရခြင်းတို့ ဖြစ်မည်ကို စိုး ရိမ်မိခဲ့ကြသည်။
ထို့ကြောင့် ကရုဏာဒေါသောဖြင့် မေးလိုက်ရခြင်း ဖြစ်သည်။
ရဲရှောင်ကို မြင်သောအခါတွင်လည်း သူတို့၏ စိုး ရိမ်မှုများကို ဖြေဖျောက်ရန် အလို့ငှာ စိတ်ရှိတိုင်း ရိုက် နှက်ပစ်ချင်သည့် စိတ်များ တဖွားဖွားပင် ဖြစ်ပေါ်ခဲ့ကြ သည်။
“ကျုပ်က ဟိုနားဒီနားသွားတာပါ ကျုပ်က ဒီကမ္ဘာ လူသစ်လေ၊ အရာအားလုံးက ကျုပ်အတွက် စိတ်ဝင် စားစရာ ကောင်းနေတာ မဟုတ်ဘူးလား . . .”
ရဲရှောင်မှ အေးအေးလူလူပင် ပြောလိုက်သည်။
“အစ်ကိုကြီးတို့ ဒီစီရင်စုမှာ သိပ်ကိုလှတဲ့ မိန်းမလှ လေးတွေ ဘယ်လောက်များများ ရှိလဲဆိုတာ ခင်ဗျား တို့ မသိဘူးနော် . . .”
(ဘာ မိန်းမလှလေးတွေ ဟုတ်လား မင်းဘာတွေ လုပ်နေတာလဲ . . .)
ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ရင်း တွေးလိုက်ကြသည်။
ရဲရှောင် ပြောနေသည့် စကားများကိုလည်း နား လည်သည့် ပုံမပေါ်ချေ။
“ဒီမှာ ခွန်ရှောင် နားထောင်စမ်း မင်း ဆက်ဆံရေး တစ်ခုကို စလုပ်တော့မယ်ဆိုရင် သေချာဂရုစိုက်မှဖြစ် မယ် . . .”
ဇန်ယွန်ဖေ့မှ သက်ပြင်းချရင်း ပြောလိုက်၏။
သူ၏ ပုံစံက ကလေးငယ် တစ်ဦးအား စိတ်မချ၍ မှာကြားနေသည့် ပုံနှင့်ပင် တူနေပါသေးသည်။
“ဟုတ်တယ် အစ်ကိုဇန်ပြောတာ မှန်တယ်၊ လက် ရှိ အချိန်မှာ မင်းက အဆင့်မြင့်တဲ့ နေရာတစ်ခုကို ရောက်နေပြီ၊ အဲဒါကြောင့် ပတ်သက်ဆက်နွယ်မှုတွေ လုပ်တော့မယ်ဆို သတိထားမှ ဖြစ်မယ် အဲဒီအပေါ်မှာ အများကြီး စိတ်မဝင်စားသွားမိစေနဲ့ . . .”
“တစ်ခါတစ်လေ မင်းဘက်က အများကြီးပေးဆပ် လိုက်ပေမယ့် ဘာမှ ပြန်မရတဲ့ အခိုက်အတန့်တွေ ရှိ တယ်၊ မင်းစိတ်ထဲ တစ်စုံတစ်ယောက် ရောက်သွားပြီ ဆိုရင်လည်း အဲဒီအရာကို မင်းတစ်သက်လုံး ဆုံးရှုံးရ တတ်တယ် . . .”
“အသည်းကွဲမယ့် လူထက် အသည်းခွဲတဲ့လူ ဖြစ် တာပဲ ပိုကောင်းပါတယ် . . .”
ဇုဂျူရှန်မှလည်း သက်ပြင်းချရင်း ပြောလိုက်၏။
“အစ်ကိုကြီးတို့ ခင်ဗျားတို့ ဘာတွေ ပြောနေကြ တာလဲ၊ နားလည်အောင် ပြောလို့ မရဘူးလား ကျုပ် ဖြင့် ဘာမှနားမလည်တော့ဘူး . . .”
ရဲရှောင်မှ နားမလည်ဟန်ဖြင့် ပြောလိုက်သည်။
(ငါဘာပြောခဲ့လို့လဲ မိန်းမလှလေးတွေလို့ပဲ ပြောခဲ့ တာလေ၊ ပတ်သက် ဆက်နွယ်မှုတွေ ဘာတွေ လုပ် မယ် မပြောခဲ့ပါဘူး၊ အဲဒါကို သူတို့နှစ်ယောက်က ဘာ တွေ ထင်နေတာလဲ၊ ငါကဒီအတိုင်းပဲ ဆင်ခြေ တစ်ခု ပေးလိုက်တဲ့ဟာကို . . .)
“ဒီကမ္ဘာမှာ မွေးကတည်းက ကျင့်ကြံမှု လုပ်တဲ့ လူ ဆိုတာ မရှိဘူး၊ အဲဒီတော့ မိန်းမတွေက ထိပ်တန်း ပညာရှင်တွေဖြစ်ဖို့ ပိုတောင် အခွင့်အရေး နည်းသေး တယ်၊ ကောင်းကင်ဘုံရဲ့ အလိုဆန္ဒက တရားမျှတပါ တယ်၊ တစ်နေရာမှာ ပါရမီထူးရင် တစ်နေရာမှာတော့ အားနည်းတတ်တယ်၊ အဲဒီလိုပဲ လှပတဲ့ မိန်းမတွေဆို တာ ကျင့်ကြံမှုမှာတော့ အားနည်းတတ်ကြတယ်၊ ပိုပြီး လှလေလေ သူတို့ရဲ့ ကျင့်ကြံမှုက ပိုပြီး စိတ်ဝင်စားမှု လျော့နည်းလေလေပဲ . . .”
ဇန်ယွန်ဖေ့မှ ပြောလိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now