1203-----1204

117 8 1
                                    

အခန်း (၁၂၀၃)(စာစဉ် ၈၆- အပိုင်း ၁၃)

“နှလုံးသား၏ ခွန်အား”

ရဲရှောင်၏ ကြိုးစားအားထုတ်မှုကြောင့် ဟန်ပိုင်ယွဲ့ မှာ ဒဏ်ရာများ နာကျင်နေသေးသည့်တိုင် လုံခြုံသွားပြီ ဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင်မူ ရဲရှောင်မှာ ဟန်ပိုင် ယွဲ့၏ ပါးစပ်ထဲသို့ ဆေးလုံးများ အဆက်မပြတ်ထည့် သွင်းနေလေသည်။

ထိုအချိန် လင်းယုန်ကြီးမှာ လျင်မြန်စွာ ပျံသန်းနေ ၍ လေပြင်းများကလည်း တဟူးဟူး တိုက်ခတ်နေပြန် သည်။

ထို့ကြောင့် စက္ကန့်အနည်းငယ်ကြာချိန် ဟန်ပိုင်ယွဲ့ ၏ တစ်ကိုယ်လုံး တောင့်တင်း၍ လာသည်။

ရဲရှောင်ကို စကားပြောရန်ကြံရွယ်လိုက်တိုင်းလည်း ပါးစပ်ထဲသို့ လေများသာ ဝင်နေ၍ သူ၏ ဗိုက်များပင် အောင့်လာရလေသည်။

တစ်ချိန်တည်းတွင် ရဲရှောင်မှ သူ၏ ဆံပင်များကို ဆုပ်ကိုင်ထား၍ ဟန်ပိုင်ယွဲ့အဖို့ လွတ်ထွက် မသွားစေ ရန် စိတ်ထဲ၌ ဆုတောင်းနေရပြန်သည်။

အကယ်၍ ထိုသို့သာ ဖြစ်သွားပါက လင်းယုန်ကြီး ပေါ်မှ အောက်သို့ ပြုတ်ကျသွားမည်မှာ မလွဲဧကန်ပင်။

ထို့ကြောင့် ဟန်ပိုင်ယွဲ့မှာ ကြောက်ရွံ့စိတ်နှင့်အတူ မလှုပ်မယှက်သာ  နေနေရလေသည်။

ထို့နောက်မှသာ ရဲရှောင်လည်း ဟန်ပိုင်ယွဲ့ကို လင်း ယုန်ကြီး၏ ကျောပေါ်သို့ ပစ်တင်လိုက်ရင်း -

“ငါ့ကောင် မင်းဗိုက်ဆာသေးလား . . .”

ရဲရှောင်မှ ညင်သာသော အသံဖြင့် မေးလိုက်၏။

“ဟင့်အင်း မဆာတော့ဘူး လုံးဝ မဆာတော့ဘူး”

ဟန်ပိုင်ယွဲ့မှ ခေါင်းငုံ့ထားရင်း ပြန်ဖြေလိုက်သည်။

“ရေရော ဆာသေးလား . . .”

“မဆာဘူး မဆာဘူး . . .”

ဟန်ပိုင်ယွဲ့မှ ခေါင်းကိုတွင်တွင် ခါယမ်းရင်း ပြော လိုက်ပြန်သည်။

“ဟုတ်ပြီ ဒါဆို မင်းရဲ့ခါးရော ဘယ်လိုနေသေးလဲ”

ရဲရှောင်မှ ထပ်မံ မေးလိုက်ပြန်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now