1403-------1412

89 2 0
                                    

အခန်း (၁၄၀၃)(စာစဉ် ၁၀၁- အပိုင်း ၃)
“စူဠလိပ် ရေထဲလွှတ်”

ယောကျာ်းသားများမှာ တိရစ္ဆာန်များကဲ့သို့ပင် ထင် တိုင်းကြဲ နေချင်သလို နေနေလျက် ရှိကြသည်။
ယခင် မိန်းကလေးများနှင့် အတူရှိစဉ်က သူတို့ကိုယ် သူတို့ ထိန်းချုပ်ရန် ကြိုးစားခဲ့ကြသော်လည်း ယခုတွင်မူ ကောင်းကင်ကြီးပင် ဇောက်ထိုးမိုးမျှော် ဖြစ်လုချေပြီ။
ထို့ပြင် ၎င်းတို့နေထိုင်ရာ ဘက်ခြမ်းတွင် မစင်ပုံများ မှာလည်း နေရာအနှံ့ပင် ရှိနေကြ၏။
ရဲရှောင်မှာမူ မိန်းကလေးများနှင့် နေထိုင်ရန် မသင့် တော်၍ ယောက်ျားများရှိသည့် ဘက်ခြမ်းတွင် နေထိုင်ခဲ့ သည်။
သို့သော် ထိုလူများနှင့် ၂ ရက်ခန့်ကြာအောင် နေပြီး သည့်နောက်တွင် ရဲရှောင် လက်မြှောက်အရှုံးပေးလိုက်ရ တော့သည်။
ယောက်ျားသား အရေအတွက်မှာ မိန်းမများထက် ပို များ၍ နေရာမှာလည်း ပိုမိုကျယ်ပြန့်၏။
သို့တိုင် ရက်အနည်းငယ် အကြာဖြင့်ပင် ထိုနေရာ တစ်ဝိုက်လုံးကို အညစ်အကြေးများက ဖုံးလွှမ်းနေရာယူ သွားသည်။
ထို့ကြောင့် အသက်ရှူရန် လေထုပင် ညစ်ညမ်းလာ၍ ရဲရှောင်တစ်ယောက် မစားနိုင်၊ မသောက်နိုင်ပင် ဖြစ်လာ ခဲ့သည်။
ထိုသို့သော အခြေအနေများကြောင့် ရဲရှောင် တည် တည်ငြိမ်ငြိမ် မနေနိုင်တော့။
မစင်ပြဿနာက ကြီးမြတ်သော ရှောင်ဧကရာဇ်ကို ပင် အိန္ဒြေပျက်စေနိုင်နေပြီ မဟုတ်ပါလား။
လူတစ်ဦးဆိုလျှင် မစင်ကိစ္စအတွက် နေရာတစ်ခုခု ရှာသင့်ကြောင်း ပြောဆိုခဲ့သော်လည်း နောက်ဆုံးတွင် အခြားလူများ၏ အော်ဟစ်ခြင်းကိုသာ ခံလိုက်ရသည်။
“ဘာတွေပြောနေတာလဲ၊ ငါတို့အပေါ့အပါးသွားတာ တောင် စည်းမျဉ်းစည်းကမ်းတွေ လိုက်နာနေရမှာလား”
ထိုစကားများက ရင့်သီးသော်လည်း ကျိုးကြောင်းဆီ လျော်လှ၏။
“ငါတို့တွေ အပေါ့အလေးသွားတာတောင် ထိန်းချုပ်ရ မယ်ပေါ့ . . .”
ထောင်နှင့်ချီသော ယောက်ျားသားများ၏ နှုတ်မှ ထို သို့သော လေသံမျိုးသာ တစ်ညီတစ်ညာတည်း ထွက်လာ ကြသည်။
ထိုစကားများကြောင့် ရဲရှောင် ကိုယ့်နဖူးကိုယ်သာ ရိုက်ပစ်ချင်နေမိတော့သည်။
သို့သော် ထိုလူများ၏ ခံစားချက်ကို သူနားမလည်၍ တော့ မဟုတ်ပေ။
ယခင်ဘဝ၌ သူကိုယ်တိုင်လည်း ယခုရှိနေသည့် တစ် ကိုယ်တော် ပညာရှင်များကဲ့သို့ သိုင်းလောကထဲ၌ ကျင် လည်ခဲ့ဖူးသည်။
ထို့ကြောင့် ထိုသို့သော ကိစ္စမျိုးကို ရုတ်တရက် ထိန်း ချုပ်ရန်မှာ မလွယ်ကူကြောင်းကို သူကောင်းကောင်းကြီး သိနေသည်။
တကယ်တမ်းတွင် ယခုလို အခြေအနေမျိုးကို ထိန်း ချုပ်နိုင်စွမ်း အရှိဆုံးလူမှာ ရဲရှောင်၏ အဖေ ရဲနန်ရှန်ပင် ဖြစ်၏။
မော်တယ်ကမ္ဘာမှ စစ်နတ်ဘုရားကြီးက စည်းကမ်းမဲ့ ပရမ်းပတာ ဖြစ်နေသော လူများကို ချက်ချင်းပင် သေဝပ် အောင် လုပ်နိုင်စွမ်း ရှိသည် မဟုတ်ပါလား။
လျှို့ဝှက် အဖွဲ့စည်းကြီးကဲ့သို့ပင် လက်အောက်ငယ် သားများကို အကောင်းဆုံး ထိန်းကျောင်းနိုင်စွမ်း ရှိသူမှာ ရဲနန်ရှန်မှလွဲ၍ အခြားမရှိနိုင်ပြီ။
သို့သော် ရဲနန်ရှန်အဖို့ ယခုနေရာသို့ မည်သို့မှ ရောက် လာနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ရဲရှောင်လည်း ပရမ်းပတာ ဖြစ်နေသော လူများကို ထိန်းကျောင်းရန် တစ်စုံတစ်ဦးကို ရွေးချယ် လိုက်တော့၏။
ထိုလူကား မလွဲဧကန် လိဝူလျန်ပါပင်။
“လိဝူလျန် . . .”
“ယောက်ျားတွေချည်းပဲနေတဲ့ ဘက်ခြမ်းကို သွားပြီး သူတို့ကို ထိန်းကျောင်းလိုက်စမ်းပါ၊ လုံလုံခြုံခြုံတော့ နေ ဦး၊ ပြီးတော့ မင်းတတ်နိုင်သလောက် သူတို့ကို လေ့ကျင့် ပေးလိုက် . . .”
“ငါကတော့ မိန်းကလေးတွေရှိတဲ့ ဘက်ခြမ်းကို သွား လိုက်မယ်၊ မိန်းမတွေနဲ့ ရင်ဆိုင်ရတာ ယောက်ျားတွေနဲ့ ရင်ဆိုင်ရတာထက် ပိုပြီးရှုပ်ထွေးတယ်ဆိုတာကို မင်းသိ တယ်မလား အဲဒါကြောင့် ငါကမင်းအတွက် ပိုပြီးလွယ်ကူ မယ့် ဘက်ခြမ်းကို တာဝန်ပေးလိုက်တာ . . .”
လိဝူလျန် ဘာမှမပြောနိုင်ခင်မှာပင် ရဲရှောင်လည်း ရွှမ်ပိုင်ကို ခေါ်ကာ မိန်းကလေးများရှိရာ ဘက်ခြမ်းသို့ အလျင်အမြန်ပင် ထွက်ခွာသွားသည်။
လိဝူလျန်လည်း ရဲရှောင် ပေးအပ်သည့် တာဝန်ကို လက်ခံလိုက်ပြီး ခေါင်းမော့ ရင်မော့ကာဖြင့် ယောကျ်ား သားများရှိရာသို့ သွားလိုက်သည်။
လိဝူလျန်နှင့် ရဲရှောင်တို့ နှစ်ဦးမှာ လူအများနှင့် လိုက် လျောညီထွေအောင် နေထိုင်တတ်ပုံချင်း မတူညီကြချေ။
ယခုအခါတွင်လည်း လိဝူလျန်က လိဝူလျန် ပီသစွာ ဖြင့် ခဏအတွင်းမှာပင် လူအများနှင့် ပွဲကျသွားပြီ ဖြစ်၏။
အစပိုင်းတွင် လူများမှာ လိဝူလျန်အား ၎င်း၏ ဂုဏ် သတင်းကြောင့် ရှိန်ကာ မပြောရဲမဆိုရဲ ဖြစ်နေကြသည်။
သို့သော် လိဝူလျန်က အရက်ကို ပုလင်းလိုက် မော့ပြီး အပေါ့သွားချင်သည့် နေရာတွင် သွားသည်ကို မြင်သော အခါသူတို့လိုပင် ဖြစ်ကြောင်း သိသွား၍ ဝမ်းသာသွားကြ သည်။
ထိုသို့ အပေါ့သွားရုံမက လိဝူလျန်က လူများနှင့်အတူ ဝိုင်းဖွဲ့စားသောက်ကာ ပျော်ပါးလိုက်ပါသေးသည်။
လိဝူလျန်တစ်ယောက် ရဲရှောင်ပေးအပ်သည့် တာဝန် နှင့် အနံ့အသက်မကောင်းသည် ကိစ္စကို မေ့လျော့သွားခဲ့ ချေပြီ။
“လာပါ သောက်စမ်းပါ . . .”
“ဒီလိုမှမဟုတ်ရင် မင်းက သတ္တိကြောင်တဲ့ကောင်ဆို တာ ဝန်ခံလိုက် . . .”
“ကောင်းပြီ ကျုပ်သောက်မယ်၊ ခင်ဗျားကသာ သတ္တိ ကြောင်တဲ့လူ ဖြစ်လိမ့်မယ် . . .”
“သေလိုက်တော့ မင်းကသာ ငကြောက် . . .”
. . .
လိဝူလျန် တာဝန်ပေးအပ်ခံရသည်ကို ကြား၍ ရှဲ့ဒါယူ လည်း ယောက်ျားသားများရှိရာ ဘက်ခြမ်းသို့ ရောက်လာ ခဲ့သည်။
“ဝေါ့ . . .”
လေထုထဲ၌ ပျံ့လွှင့်နေသည့် အနံ့အသက်ဆိုးများ ကြောင့် ရှဲ့ဒါယူ အန်ပင် ထွက်ချင်သွားသည်။
သို့သော် လိဝူလျန်ကို မြင်သောအခါ သူမ ပိုမို၍ပင် အံ့ဩသွားလေသည်။
အကြောင်းမှာ လိဝူလျန်က အနံ့အသက်ဆိုးများကို ရှူရှိုက်နေရသည့်တိုင် ပျော်ရွှင်နေသည့် ပုံပေါက်နေခြင်း ကြောင့်ပါပင်။
လိဝူလျန်လည်း ရီဝေဝေဖြစ်နေ‌သော မျက်လုံးများ ဖြင့် ရှဲ့ဒါယူ၏ လက်ကို ဆွဲကိုင်လိုက်ရင်း -
“ညီအစ်ကိုတို့ ဒါငါ့မိန်းမလေ . . .”
လိဝူလျန်၏ အသံကျယ်ကြီးကြောင့် လူတိုင်း ရှဲ့ဒါယူ ကို လှမ်းကြည့်လိုက်ကြသည်။
“မင်းတို့ ဘာလုပ်နေကြတာလဲ သူ့ကို အစ်မကြီးလို့ ခေါ်လိုက်ကြလေ . . .”
“အစ်မကြီး . . .”
ထောင်နှင့်ချီသော လူများ၏နှုတ်မှ သံပြိုင်ပင် ခေါ်ဆို လိုက်ကြသည်။
ထိုအသံကြီးကြောင့် ကောင်းကင်ထက်ရှိ တိမ်တိုက် များပင် ပြိုကွဲသွားပြီး ရှဲ့ဒါယူလည်း ထိတ်လန့်သွားမိ သည်။
(ခဏအတွင်းမှာပဲ ငါ့ယောက်ျားက ညီအစ်ကိုတွေ အများကြီး ရသွားပါလား၊ ဘယ်လိုဖြစ်ရတာတုန်း . . .)
ရဲရှောင်က နဂိုတည်းက လူအများနှင့် ရင်းနှီးပြီးသား ဖြစ်၍ အံ့ဩစရာ မရှိပေ။
ထိုအချက်ကို ရှဲ့ဒါယူလည်း လက်ခံထား၏။
ထို့ပြင် ဟန်ပိုင်ယွဲ့မှာလည်း အစွမ်းထက်သည့် တစ် ကိုယ်တော် ပညာရှင်ဖြစ်၍ လိဝူလျန်နှင့် ညီအစ်ကိုလို နေသည်မှာ မထူးဆန်းချေ။
သို့သော် ယခုလူများက လိဝူလျန်နှင့် မည်သည့်အခါ က ညီအစ်ကိုလို ဖြစ်သွားပါသနည်း။
ရှဲ့ဒါယူက ရေခဲတိမ်တိုက်နန်းတော်၏ ဂိုဏ်းချုပ်ဖြစ် ၍ သာမန်လူများကို စာရင်းထဲ ထည့်မတွက်သူ တစ်ဦး ဖြစ်သည်။
ထို့ကြောင့် လိဝူလျန်ကို မည်မျှချစ်မြတ်နိုးပါစေ သူမ ၏ အကျင့်စရိုက်ကို ပြောင်းလဲလိမ့်မည် မဟုတ်ပေ။
သို့သော် လူပေါင်းများစွာက သူမကို အစ်မကြီးဟု ခေါ်လိုက်သည့် အချိန်တွင်မူ စိတ်ထဲ တစ်မျိုးတစ်မည် ခံ စားလိုက်ရသည်။
“အစ်ကိုလိ . . .”
“ခင်ဗျားမိန်းမက တော်တော်ကို လှတာပဲ ဟားဟား”
လူတစ်ဦးမှ ရယ်မောကာ ပြောလိုက်၏။
ထိုလူမှာ အတော်ကြီးပင် မူးနေဟန်လည်း ရှိသည်။
“ခင်ဗျားက တော်တော်ကို ကံကောင်းတာပဲ၊ ကျုပ် ကတော့ သိချင်သွားပြီ၊ ကျုပ်တို့ရဲ့ အစ်မကြီးက ဘယ် မျိုးနွယ်စုကလဲ မသိဘူး . . .”
အားလုံးမှာလည်း ထိုမေးခွန်းကို သိချင်နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် လိဝူလျန်မှ ရယ်မောလိုက်ရင်း -
“သူ့မျိုးနွယ်စု ဟုတ်လား . . .”
“မဟုတ်ဘူး မဟုတ်ဘူး မင်းတို့ မှားနေပြီ . . .”
“သူက ငါတို့လိုပဲ သိုင်းလောကရဲ့ ကျင့်ကြံသူ ပညာ ရှင်တစ်ယောက်ပဲ၊ သူ့နာမည်က ရှဲ့ဒါယူတဲ့ ပြောရမယ်ဆို သူက ရေခဲတိမ် တိုက်နန်းတော်ရဲ့ . . .”
“ဟင် . . .”
လိဝူလျန်လည်း ပြောနေရင်းဖြင့် ကြောင်ငေးသွားပြီး ရှဲ့ဒါယူဘက် ကြည့်လိုက်ကာ -
“နေစမ်းပါဦး အခု မင်းက ငါနဲ့ရှိနေပြီဆိုတော့ မင်းရဲ့ ဂိုဏ်းက မင်းကို ဂိုဏ်းချုပ်နေရာကနေ မဖယ်ပစ်ကြဘူး လား . . .”
ရှဲ့ဒါယူ မျက်နှာပျက်သွားပြီး -
“အရူး လျှောက်ပြောမနေနဲ့ . . .”
လိဝူလျန်လည်း ရှဲ့ဒါယူအား ကြည့်ကာ ရယ်မော လိုက်ရင်း -
“ဪအဲဒါဆို သူတို့က အဲဒီလို မလုပ်ဘူးပေါ့ . . .”
ထို့နောက် လူများဘက်သို့ လှည့်ရင်း ထပ်မံ၍ မိတ် ဆက်ပေးလိုက်ပြန်သည်။
“ဒီမှာ သူက မင်းတို့ရဲ့ အစ်မကြီးပဲ၊ ငါ့မိန်းမက ရေခဲ တိမ်တိုက်နန်းတော်က ဂိုဏ်းချုပ်လေ ဘယ်လိုလဲ သူက အစွမ်းထက်တယ်မလား . . .”
လူအုပ်ကြီးမှာ မီးကို ရေနှင့် ငြိမ်းလိုက်သလို ချက် ချင်းပင် တိတ်ဆိတ်သွားသည်။
ထို့ပြင် ၎င်းတို့၏ ရင်ထဲ၌ တိတ်ဆိတ်နေသည့် အချိန် ၌ မိုးကြိုးပစ်ချလိုက်သလိုပင် ဗလောင် ဆူပွက်သွားကြ သည်။
(ရှဲ့ဒါယူ . . .)
(ရေခဲတိမ်တိုက် နန်းတော်က ဂိုဏ်းချုပ်ပေါ့ . . .)
အားလုံးမှာ တွေးနေရင်းဖြင့် ချွေးပြန်သွားကြပါတော့ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now