1363--------1366

91 5 0
                                    

အခန်း (၁၃၆၃)(စာစဉ် ၉၈- အပိုင်း ၅)
“မေတ္တာတရားမှ အနိုင်ယူသွားခြင်း”

“သွားကြစို့ . . .”
ရဲရှောင် ထိုသို့ပြောပြီးနောက် ပျောက်ကွယ်သွား တော့သည်။
လိဝလျန်လည်း သက်ပြင်းချလိုက်ပြီး ကြယ်ရောင် ဂိုဏ်းသားများကို လှမ်း၍ ကြည့်လိုက်သည်။
ထိုအခါ ထိုလူများ၏ မျက်လုံးများထဲတွင် အမုန်း တရားများဖြင့် ပြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။
အကယ်၍ တစ်စုံတစ်ဦးကသာ ထိုမျက်လုံးများကို မြင်တွေ့မည်ဆိုပါက ၎င်းတို့ လက်စား ပြန်မချေဘူးဆို သည့် စကားများကို မည်သို့ယုံကြည်နိုင်ပါမည်နည်း။
ထိုစကားများကို ယုံကြည်ကြမည့် လူများမှာလည်း အရူးများသာ ဖြစ်လိမ့်မည်။
သို့သော် လိဝူလျန်မှာမူ မည်သူ့ကိုမှ ထပ်မံ၍ သတ် ဖြတ်လိုစိတ်အလျဉ်း မရှိတော့ချေ။
“နေရောင်ဂိုဏ်းက ငါ့ကို အထင်ကြီးအောင် မလုပ် နိုင်ခဲ့ဘူး ဒါပေမယ့် ကြယ်ရောင်ဂိုဏ်းကတော့ ငါလိုလူ မျိုးတောင် လေးစားရမယ့် အရာတွေကို လုပ်ပြခဲ့တယ်၊ တစ်ခုပြီး တစ်ခုဆိုသလိုကို လုပ်ပြခဲ့တာ . . .”
“အခုတော့ ဒီဂိုဏ်းကြီး နှစ်ပေါင်းသောင်းနဲ့ ချီပြီး ဘယ်လို တည်ရှိခဲ့လဲဆိုတာ ငါကောင်းကောင်းကြီး သိ သွားပြီ . . .”
ထို့နောက် သက်ပြင်းချလိုက်ပြီးနောက် တစ်ဖက် သို့ လှည့်လိုက်ပြန်ရင်း -
“မင်းတို့တွေက ဟန်ဆောင်နေတာလည်း ဖြစ်ချင် ဖြစ်မယ်၊ အားနည်းချင်ယောင် ဆောင်နေတာမျိုးပေါ့၊ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့တွေ အင်အားကြီး လာပြီး ကလဲ့စားပြန်ချေချင်တဲ့ အခါကျရင် ငါ့ဆီလာခဲ့ ကြ၊ မင်းတို့ကို နှစ် ၁၀၀၀၀ ငါစောင့်နေမယ် ရဲရှောင်လို ပဲပေါ့ . . .”
လိဝူလျန်လည်း ထိုသို့ပြောပြီးနောက် ခြောက်ကပ် ကပ် ရယ်မောကာ ပျောက်ကွယ်သွားလေသည်။
“မိန်းကလေး သွားကြစို့ . . .”
ကျွင့်ယင်းလျန်မှ ဝရမ်ချူးချူးအား ကြည့်ကာ ပြော လိုက်သည်။
ဝရမ်ချူးချူးမှာမူ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ် ကိုင်ထားရင်း မလှုပ်မယှက်သာ ရှိနေသည်။
(ဒါပဲလား . . .)
(ငါဒီအတိုင်းကြီးပဲ လွှတ်ပေးလိုက်ရတော့မှာလား၊ ဆရာ့အတွက် လက်စားမချေရတော့ဘူးလား၊ သူတို့က ငါ့ကို ရပ်တန့်အောင် တွန်းအားပေးနေကြတယ် . . .)
တကယ်တမ်းတွင်မူ ဝရမ်ချူးချူးအဖို့ ပိုင်ရှင်းယွဲ့ အတွက် အပြည့်အဝ လက်စားချေပြီးပြီဟု သတ်မှတ်၍ ရနိုင်သည်။
နေရောင်ဂိုဏ်းအား အပြတ်ရှင်းခဲ့ပြီးရုံမက သူမတို့ ကို သတ်ဖြတ်ရာတွင် ကြံစည်ခဲ့ကြသော ကြယ်ရောင် ဂိုဏ်းမှ လူများအားလုံးလည်း သေဆုံးသွားပြီ မဟုတ် ပါလား။
ကျန်ခဲ့သည်ဆို၍ အပြစ်မဲ့သည့် လူများသာ ကျန်ခဲ့ သည်ဟု ဆိုနိုင်သည်။
ထို့ပြင် သေဆုံးသွားကြသည့် လူများမှာလည်း ၎င်း တို့ဂိုဏ်း၏ အရည်အချင်းရှိသော လူများသာ ဖြစ်ကြ ၏။
ထို့ကြောင့် ကြယ်ရောင်ဂိုဏ်းအဖို့ မည်သည့်နည်း နှင့်မျှ ထိပ်သီးဂိုဏ်းတစ်ခု ဖြစ်မလာနိုင်တော့ပေ။
ထိုသို့ဆိုလျှင် သူမတို့ကို အနာဂတ်၌ ခြိမ်းခြောက် လာနိုင်စွမ်း မရှိတော့မည်မှာလည်း သေချာလှသည်။
သို့သော် ဝရမ်ချူးချူးမှာမူ ထိုသို့ လက်မခံချင်။
စင်စစ် ရန်သူများ အားလုံးကို မသတ်ရသည့် ခံစား ချက်ကို လက်မခံနိုင်နေခြင်း ဖြစ်သည်။
ကြယ်ရောင်ဂိုဏ်းမှ ခေါင်းဆောင်ပိုင်းများမှာ သူတို့ ကိုယ်တိုင် အပါအဝင် ၎င်းတို့၏ လူများကို စတေးခံခဲ့ ကြသည်။
ဂိုဏ်းအသက်ရှင်ရန်အတွက် ထိုနည်းလမ်း တစ်ခု သာ ရှိတော့သည် မဟုတ်ပါလား။
သို့မှသာလျှင် ဂိုဏ်း၏ သမိုင်းလည်း ဆက်၍ ကျန် ရှိနိုင်ပေလိမ့်မည်။
ထိုသို့ဖြစ်အောင် အသက်ပေါင်းများစွာကို စတေးခဲ့ သည့် ရှန်ခွန်ရှန်၏ လုပ်ရပ်က သွေးအေးပြီး ရက်စက် သည်ဟု ဆိုနိုင်ကောင်း ဆိုနိုင်သည်။
သို့သော် ဂိုဏ်းသားများ ကျန်ရှိနေသရွေ့ ပြန်လည် မြင့်တက်နိုင်မည့် အခွင့်အရေးက တစ်နေ့မဟုတ် တစ် နေ့ ရှိနိုင်ဦးပေမည်။
ဤချက်ကြောင့်ပင် ရှန်ခွန်ရှန်က လောင်းကြေး အကြီးကြီး ထပ်သွားခြင်းပါပင်။
ထို့ကြောင့် ဝရမ်ချူးချူးအဖို့ မည်သို့ လက်မခံနိုင် ဖြစ်နေပါစေ ရန်သူများဘက်မှ အနိုင်ရသွားခဲ့သည်ဆို သည်ကိုမူ ဝန်ခံရပေလိမ့်မည်။
ဝရမ်ချူးချူးလည်း အသက်ကို ပြင်းပြင်းရှူလိုက် ပြီး သူမရင်ထဲရှိ ဒေါသများ ဖွင့်ထုတ်နိုင်စွမ်း မရှိတော့ သည်ကို သဘောပေါက်လိုက်သည်။
သို့သော် ခဏအကြာတွင် ပြုံးလိုက်ရင်း -
“ဒီနေ့ ကျွန်မရဲ့ ဆရာအတွက် ကလဲ့စားချေခဲ့ပြီးပြီ၊ အရာအားလုံး ပြီးဆုံးသွားပြီ သွားကြတာပေါ့ . . .”
ထိုသို့ဖြင့် ဝရမ်ချူးချူးမှာလည်း ကြယ်ရောင်ဂိုဏ်း မှ ထွက်ခွာလာခဲ့လိုက်တော့သည်။
တစ်ဖက်ရှိ လူများ ထွက်သွားကြသည့် အချိန်ထိ ကြယ်ရောင်ဂိုဏ်းမှ လူများမှာ မည်သူမှ မလှုပ်ကြ။
ငူငူငိုင်ငိုင်ကြီးဖြင့်သာ ရပ်နေကြပြီး မြေပြင်ပေါ်ရှိ အလောင်းများကိုသာ ငေးစိုက်ကြည့်နေကြလေသည်။
ထို့နောက်မှသာ တစ်ဖက်လူများ အားလုံး ပျောက် ကွယ်သွားပြီးသည့် အချိန်မှ ကျယ်လောင်စွာဖြင့် အော် ဟစ် ငိုကြွေးကြတော့သည်။
ထိုသို့ ငိုယိုသံများဖြင့် ဖုံးလွှမ်းသွားသည့် ကြယ် ရောင်ဂိုဏ်းက လူ့လောက ငရဲ၏ ရေပွက် တစ်ခုပမာ နှယ် ဖြစ်တည်သွား၏။
နှစ်ပေါင်းသောင်းနှင့်ချီ၍ တည်တံ့နိုင်ခဲ့သော ကြယ် ရောင်ဂိုဏ်းကြီး၏ အဆုံးသတ်မှာ မလှခဲ့ချေ။
ဂိုဏ်း၏ ခေါင်းဆောင်ပိုင်းများအားလုံးနှင့် အရည် အချင်းရှိသော ဂိုဏ်းသားများ အားလုံး သေဆုံးသွားကြ ပြီ မဟုတ်ပါလား။
ထို့ကြောင့် ဂိုဏ်း၌ ကျန်ရှိတော့သည်ဟူ၍ သာမန် ဂိုဏ်းသားများသာ ကျန်ရှိတော့လေသည်။
၎င်းတို့အနက် အစွမ်းထက်ဆုံး လူဆို၍ မူလတာအို အဆင့်လေးသာလျှင် ရှိတော့ခြင်း ဖြစ်သည်။
ထိုအဆင့်က အချို့သော ဧရိယာများ၌ လွှမ်းမိုးနိုင် ခြင်း ရှိသည့်တိုင် ကြယ်ရောင်ဂိုဏ်းအတွင်း၌မူ မပြော ပလောက်ချေ။
ထို့ကြောင့် ထိုသို့သော လူများက ဂိုဏ်းအတွင်းရှိ အခြေအနေများကို မည်သို့ထိန်းချုပ်နိုင်ပါမည်နည်း။
“ဒီကိစ္စက ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ် ဘူး . . .”
လူအချို့မှာ မကျေမချမ်းဖြင့် အော်ဟစ် ပြောဆို၍ ရှိနေကြသည်။
“ဒီအမုန်းတရားတွေကို ဘယ်တော့မှ မေ့ပစ်လို့ ရ နိုင်မယ် မထင်ဘူး . . .”
“ငါတို့တွေ လုံခြုံမှုအတွက် ဥသျှောင်ကြီးတွေက သူတို့ရဲ့ အသက်ကို စတေးသွားခဲ့ကြတယ်၊ အဲဒီတော့ အခုနေသာ ငါတို့က မကျေနပ်စိတ်နဲ့ ကလဲ့စားသွားချေ လိုက်ရင် ငါတို့အားလုံး သေကြရလိမ့်မယ်၊ ဒါကြီးက ရူး မိုက်တဲ့ အကြံအစည်ဖြစ်မှာပဲ . . .”
“ပြီးတော့ ငါတို့ဘက်က အခုလို ကတိဖျက်လိုက် ရင် ရှောင်ဧကရာဇ်က သေချာပေါက် ပြန်တိုက်ခိုက် လာမှာပဲ၊ အဲဒါဆိုရင် ငါတို့ရဲ့ ခေါင်းဆောင်တွေ စတေး ခံ သွားကြရတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ . . .”
ကြယ်ရောင်ဂိုဏ်းသားများမှာ ဖြစ်ချင်သည့် ဆန္ဒ နှင့် ဖြစ်သင့်သည့်ဆန္ဒကို တစ်ယောက်တစ်ပေါက် ပြော ဆိုလျက် ရှိနေကြသည်။
“သူတို့က ငါတို့ဂိုဏ်းကို ဆက်ပြီး အဓွန့်ရှည်စေချင် နေသေးတယ်လေ၊ အဲဒါတွေကို ငါတို့က ရူးရူးမိုက်မိုက် နဲ့ နေရောင်ဂိုဏ်းလို ဖျက်ဆီးခံလိုက်လို့ မဖြစ်ဘူး . . .”
“သမိုင်းမှာလည်း ဘာမှ မကျန်ရစ်ခဲ့လို့ မဖြစ်ဘူး၊ နောက်ပြီး အရင်မှားခဲ့ကြတဲ့ လူတွေက ငါတို့တွေလေ၊ အဲဒီတော့ ကလဲ့စားပြန်ချေမယ့် ကိစ္စက အကြံကောင်း ဖြစ်နိုင်ပါ့မလား . . .”
“ဘာလဲ ဒါဆို ငါတို့တွေ လူတွေသေခဲ့ရတာ ဘာမှ မဟုတ်ဘူးလို့ မင်းက ပြောချင်နေတာလား . . .”
“အေးလေ ကလဲ့စားချေတော့ရော သေပြီးတဲ့ လူ တွေကို ပြန်ခေါ်နိုင်မယ်လို့ မင်းက ထင်နေတာလား၊ မင်းတို့ ကလဲ့စားပြန်ချေလို့ ရတယ် ဒါပေမယ့် တစ် နွယ်ငင် တစ်စင်ပါ ငါတို့ပါ အကုန် အသတ်ခံရမှာ . . .”
“ဒါဆို ငါတို့ကို ဒီအတိုင်း ငေးကြည့်ရုံ ကြည့်နေတဲ့ သတ္တိနည်းတဲ့လူတွေ ဖြစ်စေချင်တာလား၊ ငါတို့ရဲ့ လူ ငယ် မျိုးဆက်သစ်တွေက နှစ်ပေါင်း ၁၀၀၀ လောက်ကို သတ္တိကြောင်နေရဦးမှာလား . . .”
“မင်းပြောတာလည်း ဟုတ်ပါတယ် ဒါပေမယ့် ငါတို့ တွေက မှားခဲ့တဲ့ လူတွေလေ၊ ဆရာကြီးတွေကတောင် သူတို့အသက်ကို စတေးပြီး အမှန်ပြန်ပြင်နိုင်ဖို့ အခွင့် အရေးပေးခဲ့တာ၊ အဲဒီတော့ အနည်းဆုံးတော့ ငါတို့တွေ သူတို့ရဲ့ အမိန့်တွေကို လိုက်နာသင့်တယ် မဟုတ်ဘူး လား၊ ဘာလဲ အမှားတွေကိုပဲ ဆက်လုပ်သင့်နေတယ် လို့ မင်းက ထင်နေတာလား . . .”
ကြယ်ရောင်ဂိုဏ်းမှ လူများမှာ ထိုကဲ့သို့သာ တစ် ယောက် တစ်ခွန်း အချင်းများလျက် ရှိသည်။
ထိုသို့ဖြင့် နောက်ဆုံးတွင် လူအုပ်စု သုံးစု ကွဲသွား ကြတော့သည်။
အုပ်စုနှစ်စုမှာ လူအရေအတွက် ပမာဏ တူညီကြ ပြီး နောင်နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ၎င်းတို့ မှာ ဂိုဏ်းနှစ်ခုအဖြစ် တည်ရှိသွားကြပေလိမ့်မည်။
တစ်ဂိုဏ်းမှာ အနန္တကြယ်ဂိုဏ်းဖြစ်၍ နောက်ဂိုဏ်း တစ်ခုမှာမူ ကြယ်နှလုံးသား ဂိုဏ်းဟူ၍ အမည်နာမ တွင်ရစ်ကြလိမ့်မည်။
ထိုဂိုဏ်းနှစ်ခုမှာ ကြယ်ရောင်ဂိုဏ်း၏ အမွေအနှစ် များကိုသာ ဆက်လက်၍ ကျင့်ကြံပြီး သီးခြားရပ်တည် သွားကြမည် ဖြစ်သည်။
ထို့ပြင် ချင်းရန်နယ်ပယ်၌ ထိုဂိုဏ်းနှစ်ခုမှာ အရှုပ် အထွေးများစွာကို ပြုလုပ်ကြလိမ့်ဦးမည်။
နှစ်ဂိုဏ်းလုံးက မူလ ကြယ်ရောင်ဂိုဏ်းလောက် အင်အား မကြီးကြသည့်တိုင် အင်အားအတော်အတန် ရှိသော ဂိုဏ်းများ ဖြစ်လာပေလိမ့်မည်။
သို့သော် အဆိုပါ ဂိုဏ်းနှစ်ခု ထိုသို့ ဖြစ်နေကြသည့် အချိန်တွင်မူ ရှောင်ဧကရာဇ်နှင့် မရဏဓားတို့မှာ ယခု ကမ္ဘာတွင် ရှိကြတော့မည် မဟုတ်ချေ။
ထို့ကြောင့် ထိုဖြစ်ရပ်များက အတော်အတန်ကြာမှ သာ ဖြစ်မည့် ကိစ္စရပ်များပါပင်။
တတိယ အုပ်စုမှာမူ လူ ၂၀ ပင် မပြည့်သော်လည်း ဂိုဏ်းသားများအနက် အင်အားအကြီးဆုံးလူများ ပါဝင် နေကြသည်ဟု ဆိုနိုင်သည်။
ထိုအုပ်စုမှာ ဂိုဏ်းမှ စာအုပ်အများအပြားကို ယူ ဆောင်သွားကြပြီး ရေခဲလနန်းတော်သို့ ဝင်ရောက်ခဲ့ကြ သည်။
သူတို့ ထိုသို့ ဝင်ရောက်ခဲ့ခြင်းက အလွန်ရိုးရှင်းလှ သော ရည်ရွယ်ချက်ကြောင့်ပါပင်။
ထိုလူများက ရေခဲလနန်းတော်သို့ ရောက်သည်နှင့် ကလဲ့စား ချေခြင်းထက် စာအုပ်များအကြား နစ်မြုပ် ကာ ကျင့်ကြံမှုများ တိုးတက်အောင်သာ ကြိုးစားခဲ့ကြ သည်။
နေရောင်ဂိုဏ်း၊ ကြယ်ရောင်ဂိုဏ်းနှင့် ရေခဲလနန်း တော်တို့မှာ ဘိုးဘေးတစ်ယောက်တည်းမှ ပညာအမွေ များကို ခွဲဝေယူခဲ့ကြသော ဂိုဏ်းများဖြစ်ကြသည်။
အကယ်၍ ကျန်ဂိုဏ်းနှစ်ခုသာ ရေခဲလနန်းတော် ကို အဆက်သွယ်မဖြတ်ခဲ့လျှင် ရဲရှောင်နှင့် လိဝူလျန်တို့ မှာ ရေခဲလနန်းတော်ကိုလည်း သေချာပေါက်ပင် လက် စားပြန်ချေကြမည်သာ။
သို့သော် ဆန်းကျယ်လှသော ကံတရား၏ ဖန်ဆင်း မှုကြောင့် ရဲရှောင်မှာ ရဲခွန်ရှောင်အဖြစ် ရေခဲလနန်း တော်၏ ဂိုဏ်းသားအဖြစ် ရှိခဲ့ရသည်။
ထိုဂိုဏ်းတွင် ရှိစဉ်က အားလုံးက သူ့အတွက်နှင့်ဆို လျှင် သေဖို့ရန်ပင် အသင့်ရှိနေကြပြီး နွေးထွေးသော မေတ္တာတရားများကို ပေးစွမ်းခဲ့ကြသည်။
ထိုအထဲတွင် သူ၏ ဆရာသုံးပါးမှာ သူ့အား တူလို သဖွယ်၊ သားလိုတစ်မျိုး အချစ်ကြီး ချစ်ပေးခဲ့ကြသည် မဟုတ်ပါလား။
ထို့ကြောင့် ရဲရှောင်လည်း နောက်ဆုံးတွင် သူ၏ အမုန်းတရားများကို ရေခဲလနန်းတော်အပေါ်တွင် ဖြေ လျှော့ပေးရန် ဆုံးဖြတ်လိုက်တော့သည်။
အကယ်၍ ထိုသို့ မဟုတ်ဘဲ ရှေ့ဆက်တိုးလိုက်ပါ က ရဲရှောင်သည် မည်ကဲ့သို့သော လူမျိုး ဖြစ်သွားနိုင်ပါ သနည်း။
ထိုအချိန်တွင် ကြယ်ရောင်ဂိုဏ်းမှ တတိယအုပ်စု မှာ ကျင့်ကြံမှုများထဲ၌ နှစ်မြုပ်ရင်း အလင်းတန်း သုံး ခုကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့သည်။
ထို့ကြောင့် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော အလင်းတန်း သုံးခုမှာ ပြန်လည်၍ ဆုံတွေ့သွားနိုင်ခဲ့ လေသည်။
ရဲရှောင် ဂိုဏ်းသုံးခု၏ မှတ်တမ်းများအကြောင်းကို စာအုပ်များထဲ၌ ဖတ်ရှုခဲ့စဉ် ထိုကျင့်စဉ် အလင်းတန်း သုံးခုအကြောင်းကို ဖတ်ရှုခဲ့မိသည်။
မည်သို့ပင် ဆိုစေကာမူ အစပိုင်းတွင် ဂိုဏ်းသုံးခု ထဲ၌ အင်အားအချိနဲ့ဆုံး ဖြစ်ခဲ့သော ရေခဲနန်းတော်မှာ ယခုအခါတွင်မူ အင်အားအကြီးဆုံး ဖြစ်လာခဲ့ချေပြီ။
တစ်ခါတစ်ရံတွင် သဘာဝလွန် စွမ်းအားများဖြင့် ထုဆစ်ထားသော ကံကြမ္မာမှာ လူသားတို့ လိုက်မမီနိုင် အောင်ပင် ဆန်းကြယ်လွန်းလှပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now