1225-------1226

108 12 0
                                    

အခန်း (၁၂၂၅)(စာစဉ် ၈၈- အပိုင်း ၇)

“စည်းချိုးဖောက်ရခြင်း”

မိန်းမလှလေး တစ်ဦးမှာ ရဲရှောင်၏ မျက်စိရှေ့၌ ပင် သေဆုံးသွားခဲ့ရသည်။

သူ့ထံ၌ ဟင်းလင်းပြင်ကြီး၊ ထူးခြားအစွမ်းထက် ဆေးများ၊ ယင်ယန်အသီးများနှင့် ကမ္ဘာ့အကောင်းဆုံး ကျင့်စဉ်ကို ပိုင်ဆိုင်ထားသည့်တိုင် ထိုမိန်းမလှလေးကို ကယ်တင်ဖို့ရာ မအောင်မြင်ခဲ့ပေ။

ထို့ကြောင့် သူ့လက်ထဲ၌ ဖြည်းဖြည်းချင်း ပျောက် ကွယ် သေဆုံးသွားသည့် မိန်းကလေးကို ငေးကြည့်ရုံ သာ တတ်နိုင်ခဲ့သည်။

ထိုသို့ သူ့အတွက်နှင့် အသက်ပေးဆပ်သွားခဲ့သော် လည်း မည်သည့်အရာ မလုပ်ပေးလိုက်နိုင်၍ ရဲရှောင် စိတ်ထဲ ရုတ်တရက် သူ့ကိုယ်သူ ပျောက်ဆုံးသွားသလို ခံစားလိုက်ရလေသည်။

နှလုံးသားတွင် နာကျင်မှုများက လောင်စာအဖြစ် တမြေ့မြေ့ လောင်မြိုက်နေချိန် ဦးနှောက်၌ ပိုင်ရှင်းယွဲ့ နှင့် ပတ်သက်သည့် မှတ်ဉာဏ်များက တရေးရေးဖြင့် ပြန်ပေါ်လာသည်။

“ဆရာဖန် အချိန်တွေက မြန်လိုက်တာနော် . . .”

“တကယ်တော့ ဆရာဖန်က သခင်လေးရဲဖြစ်နေခဲ့ တာကိုး၊ သခင်လေးရဲ ကျွန်မကတော့ ကျွန်မရဲ့ ကိစ္စ တွေနဲ့ ရှင့်ကို ဒုက္ခပေးမိပြီ၊ ကျွန်မ ရှင့်ကို စိတ်ရင်းနဲ့ တောင်းပန်ပါတယ် . . .”

“ဒီနေ့ပြီးရင် ကျွန်မတို့ ထပ်ဆုံတွေ့ခွင့် ရဦးမှာပါ၊ ဘဝဆိုတာ ရှည်လျားတယ်လေ ကျွန်မတို့ တစ်နေ့နေ့ တစ်ချိန်ချိန် ပြန်တွေ့နိုင်မှာပေါ့ . . .”
. . .

‘ကျွန်မတို့ တစ်နေ့နေ့ တစ်ချိန်ချိန် ပြန်တွေ့နိုင် မှာပေါ့ . . .’

ထိုစကားကို ပြန်စဉ်းစားမိရင်း ရဲရှောင်၏ ရင်ထဲ၌ ယူကြုံးမရ ဖြစ်သွားမိသည်။

သူမ ဆုတောင်းခဲ့သလို သူတို့နှစ်ဦး ပြန်ဆုံတွေ့နိုင် ခဲ့သော်လည်း ထိုတွေ့ဆုံခြင်းက နောက်ဆုံး အကြိမ် ဖြစ်နေသည်။

မည်သည့်နည်းနှင့်မှ ထပ်တွေ့နိုင်စရာ အကြောင်း မရှိတော့ပေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now