1469-------1471

45 2 0
                                    

အခန်း (၁၄၆၉- က)(စာစဉ် ၁၁၁- အပိုင်း ၇)
“အခွင့်အရေးလော ထောင်ခြောက်လော”
တည်းခိုဆောင်တွင်နေရင်း သတင်းများကို ရဲရှောင် စောင့်နေလျက်ရှိသည်။
သို့သော် အချိန်များကို အကျိုးမဲ့မဖြုန်းတီးချင်၍ မိစ္ဆာဝိညာဉ်နက် ဝယ်ပေးခဲ့သည့် စာအုပ်များကို ဖတ်ရင်း သာ စောင့်နေလေသည်။
တကယ်တမ်းတွင် ထိုစာအုပ်များမှာ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ရှိ အမျိုးမျိုးသော အဆင့်များ အကြောင်း မိတ်ဆက်ပေးထားသော စာအုပ်များသာဖြစ်သည်။
ကောင်းကင်အဆင့်သတ်မှတ်ချက်၊ မြေကြီးအဆင့်သတ်မှတ်ချက်၊ ဟုန်ချန်အဆင့်သတ်မှတ်ချက်နှင့် တစ် ကိုယ်တော် ပညာရှင်အဆင့်သတ်မှတ်ချက်။
ဆေးပညာအဆင့်အတန်းသတ်မှတ်ချက်၊ ဆေးလုံးအဆင့်အတန်း သတ်မှတ်ချက်နှင့် အဆိပ်အဆင့်အတန်း သတ်မှတ်ချက်။
သခင်လေးများ၏ စာရင်းသတ်မှတ်ချက်နှင့် အလှအဆင့်အတန်းသတ်မှတ်ချက်။
လူဆိုးစာရင်းသတ်မှတ်ချက်နှင့် အလိုရှိသော စာရင်းသတ်မှတ်ချက်။
ထိုသို့သော အဆင့်သတ်မှတ်ချက်စာအုပ်ပေါင်း ၃၀ ကျော်ခန့်ကို ရှိနေခြင်းဖြစ်သည်။
ထိုစာအုပ်များကိုကြည့်ခြင်းအားဖြင့် အဆုံးမဲ့ပင်လယ်ထဲရှိ အရာအားလုံးက အဆင့်သတ်မှတ်ချက်များ ရှိနေ သလိုပါပင်။
ထို့ကြောင့်လည်း နာမည်ကျော်ကြားလာသော ပညာရှင်များမှာ ထိုအဆင့်သတ်မှတ်ချက်စာရင်းတစ်ခုခု၌ ပါဝင်လာအောင် ကြိုးစားကြရသည်။
ထိုသို့ဖြင့် အဆုံးမဲ့ပင်လယ်၏အဆင့်သတ်မှတ်ချက်များမှာ တဖြည်းဖြည်းဖြင့် ပို၍နာမည်ကြီးလာလေသည်။
ကောင်းကင်ဘုရင် ၅ ပါး၏ ထိန်းချုပ်မှုအောက်၌ရှိနေသောနေရာများတွင်ပင် ထိုအဆင့်များမှာ အကျုံးဝင် နေခြင်းဖြစ်၏။
ထိုအချက်ကြောင့်လည်း မိစ္ဆာဝိညာဉ်နက်က ထိုအဆင့်များကိုအရေးကြီးသည်ဟု ထင်မြင်နေမိခြင်းပါပင်။
သို့သော် ရဲရှောင်ကမူ ကောင်းကင်အဆင့်သတ်မှတ်ချက်၊ မြေကြီးအဆင့်သတ်မှတ်ချက်နှင့် တစ်ကိုယ်တော် ပညာရှင်အဆင့်စာရင်းများကို စိတ်ဝင်စားခြင်းမရှိ‌ချေ။
ထို့ကြောင့် အနည်းငယ်သာ လှန်လှော၍ ကြည့်မိလိုက်၏။
“ငါ့ကိုယ်ငါ ဘယ်လောက်မြန်မြန်တိုးတက်အောင် ကြိုးစားကြိုးစား ဒီစာရင်းတွေထဲမှာ ချက်ချင်းပါဖို့ဆိုတာ မဖြစ်နိုင်သေးဘူး၊ ငါ့နာမည်ပါနိုင်လောက်တဲ့ အချိန်ကျမှပဲ ဒီစာရင်းတွေကို ဖတ်တော့မယ် . . .”
ထိုစာရင်းများအစား ရဲရှောင် အာရုံစိုက်မိသည်မှာ ဆေးပညာအဆင့်အတန်း၊ ဆေးလုံးအဆင့်အတန်းနှင့် အဆိပ်အဆင့်အတန်း သတ်မှတ်ချက်စာရင်းများပင်ဖြစ်၏။
“အင်း . . . ဟိုဟာတွေထက်စာရင် ဒါတွေကမှ အကျိုးရှိသေးတယ်၊ ငါ့အတွက်အသုံးဝင်နိုင်တယ် . . .”
သို့သော် ထိုအချိန်တွင် ရဲရှောင်စိတ်ထဲ မိစ္ဆာဝိညာဉ်နက်ပြောဖူးသည်ကို ရုတ်တရက် သတိရသွားမိ၏။
ထို့ကြောင့် တစ်ကိုယ်တော်ပညာရှင်အဆင့် သတ်မှတ်ချက်စာရင်းကို ယူကြည့်လိုက်မိသည်။
ထိုအခါ မိစ္ဆာဝိညာဉ်နက် လွန်စွာဂုဏ်ယူသည့် သူ၏နာမည်ကို အဆင့် ၃၄၈၇ တွင် တွေ့လိုက်ရလေသည်။
ရဲရှောင်လည်း မိစ္ဆာဝိညာဉ်နက်၏နာမည်ကို တွေ့ပြီးသည်နှင့် ထွေထူးဖတ်မနေ။
ပထမစာမျက်နှာလောက်ကိုသာ ကြည့်ပြီးသည်နှင့် စာအုပ်ကို ပိတ်လိုက်တော့၏။
ထိုတစ်ကိုယ်တော်ပညာရှင်စာရင်း၏ ထိပ်ဆုံးစာမျက်နှာတွင်မူ လူတစ်ဦးသာလျှင်ရှိနေလေသည်။
စာအုပ်ထဲရှိ ပုံကြမ်းအရ ထိုလူမှာ မျက်လုံးခပ်မှေးမှေး၊ နဖူးကျယ်ကျယ်ဖြင့် လူတစ်ဦးသာဖြစ်သည်။
ထို့ပြင် ထိုလူ၏ဘေးတွင်လည်း လှံတစ်ချောင်းကို ထောက်ထားလေသည်။
ထိုလှံမှာ နဂါးတစ်ကောင်ကဲ့သို့ပင် အလွန်အစွမ်းထက်သည့်ပုံစံမျိုး ပေါက်လျက်ရှိ၏။
“အဆိပ်နဂါးလှံ . . . လက်နက်တွေရဲ့ဘုရင် . . . ခုခံဖို့ရာခက်ခဲတယ်”
“မိုင်တစ်ထောင်အကွာအဝေးက တိုက်ပွဲကိုတောင် အနိုင်ရဖို့ ကူညီပေးနိုင်တယ်”
“အေးစက်တဲ့အလင်းတန်းတွေ ဖုံးလွှမ်းထားတယ်”
“တစ်ကိုယ်တော်ပညာရှင်တွေရဲ့ နံပါတ်တစ်ပညာရှင်ကတော့ အဆိပ်နဂါးလှံဘုရင် မိုဝမ်ပဲ”
ထိုစာများက ပုံကြမ်းရေးဆွဲထားသည့်အောက်တွင် ရေးသားထားသော စာများသာဖြစ်သည်။
စင်စစ် အဆိပ်နဂါးလှံဘုရင် မိုဝမ်အကြောင်း ရေးသားထားသည့် မိတ်ဆက်အကျဉ်းပါပင်။
ထို့ပြင် သူ၏ ထူးချွန်သောတိုက်ပွဲများ၊ အသွင်အပြင်ရုပ်ရည်၊ ကျင့်စဉ်နည်းစနစ်များနှင့် ကျင့်ကြံမှုအဆင့် များကိုပါ ထည့်သွင်းရေးသားထားပါသေးသည်။
အဆုံးသတ်တွင်မူ စာတစ်ကြောင်းကို ထပ်မံရေးသားထားသေး၏။
“မိုဝမ်က အသွင်သဏ္ဌာန်အမျိုးမျိုးနဲ့ မရေမတွက်နိုင်တဲ့ ရုပ်ဖျက်မှုတွေကို ပြုလုပ်ခဲ့တယ် ဒါကြောင့် ဒီပုံက သရုပ်ဖော်တစ်ခုအနေနဲ့သာ ထည့်သွင်းထားခြင်းဖြစ်တယ်”
ထိုစာသားက ပထမစာမျက်နှာ၏ အဆုံးသတ်ပင်ဖြစ်သည်။
ရဲရှောင်လည်း စာအုပ်ကိုပိတ်ပြီးသည်နှင့် ပြုံးလိုက်မိ၏။
(အင်း . . . တခြားလူတွေကိုလည်း ဒီလိုပဲ မိတ်ဆက်ပေးထားမယ်ထင်တယ် . . .)
(တကယ်တော့ ဒါတွေက သိပ်ပြီးတော့လည်း အံ့ဩစရာမရှိပါဘူးလေ . . .)
ထို့နောက် ရဲရှောင်လည်း ဆေးပညာအဆင့်အတန်းသတ်မှတ်ချက်စာအုပ်ကို ကြည့်မိလိုက်သည်။
ထိုစာအုပ်က စာမျက်နှာ ၁၀၀၀ ခန့်ကိုရှိနေ၍ အခြားစာအုပ်များထက် ပိုထူလှသည်။
စာအုပ်ထဲတွင် ဆေးပစ္စည်းပေါင်း ၁၀၀၀ ခန့်ကို မှတ်တမ်းတင်ထားသည် မဟုတ်ပါလား။
ထို့ကြောင့် ရဲရှောင် စိတ်ဝင်စားသွား၍ အာရုံစိုက်၍ ဖတ်ကြည့်မိလိုက်သည်။
“ချင်းရန်နယ်ပယ်မှာ ရတနာအမျိုးမျိုးကို ငါမြင်တွေ့ခဲ့ဖူးတယ် ဒါပေမယ့် ဒီစာရင်းထဲက ရတနာတွေနဲ့ နှိုင်း ယှဉ်လိုက်တော့ ချင်းရန်နယ်ပယ်ကအရာတွေက အမှိုက်စတွေလိုပါပဲလား . . .”
ရဲရှောင်လည်း နောက်ထပ် စာမျက်နှာတစ်ခုကို လှန်ကာ ဆက်ဖတ်ရှုလိုက်သည်။
ထိုမျက်နှာတွင် ဆေးပစ္စည်းတစ်ခုအကြောင်း မိတ်ဆက်ထားသည်ကို တွေ့လိုက်ရလေသည်။
ထိုအရာမှာ အနက်ရောင်အဆင်းရှိသော ပန်းတစ်ပွင့်ဖြစ်ပြီး ပွင့်ဖတ်များမှာမူ အရောင် ၇ ရောင်ဖြစ်နေ၏။
အတိအကျဆိုရလျှင် အနီ၊ လိမ္မော်၊ အဝါ၊အစိမ်း၊ စိမ်းပြာ၊ အပြာနှင့် ခရမ်းတို့ပင်ဖြစ်ကြသည်။
ထိုပန်းပွင့်၏ပုံစံက မသိပါက အရောင် ၇ ရောင်ရှိသော လိပ်ပြာတစ်ကောင်နှင့်ပင် တူနေပါသေးသည်။
ထို့ကြောင့်ထင် ပန်း၏နာမည်မှာလည်း လိပ်ပြာပန်းဟု အမည်နာမတွင်နေလေသည်။
“ဆေးအဆင့်အတန်းသတ်မှတ်ချက်ရဲ့ ၉၉ ခုမြောက်ကတော့ အရောင် ၇ မျိုး လိပ်ပြာဖြစ်တယ်”
“မြေပြင်မှာ အမြစ်တွယ်ဖို့အတွက် နှစ်ပေါင်း ၁၀၀ ကြာပြီး အဖူးဖူးရန်နဲ့ အပင်ပေါက်ဖြစ်လာရန် နှစ်ပေါင်း ၁၀၀ ကြာမြင့်တယ်၊ အကိုင်းတစ်ကိုင်းဖြစ်ရန် နှစ်ပေါင်း ၁၀၀ ကြာပြီး အရွက် ၃ ရွက်ထွက်ပေါ်ရန် နှစ် ၁၀၀ ကြာရှည်တယ်၊ အဖူးဖူးရန်မူ နှစ် ၁၀၀၀ ကြာမြင့်ပြီး လိပ်ပြာများကို စွဲဆောင်နိုင်ရန် နှစ်ပေါင်း ၁၀၀ ကြာမြင့်တယ်”
“ထိုကာလများအလွန်တွင် အရောင် ၇ ရောင်ရှိတဲ့ ပွင့်ဖတ်ထွက်ပေါ်လာပြီး နှစ်ပေါင်း ၁၀၀ အကြာတွင် အရောင် ၇ မျိုး လိပ်ပြာပန်းအဖြစ် ပွင့်လန်းသွားမယ်၊ သို့သော် ပန်းပွင့်ချိန်က အချိန်တစ်ညတာသာခံပြီး နောက် တစ်နေ့တွင် အမှုန်အမွှားအဖြစ် ပြောင်းလဲသွားလိမ့်မယ်”
“ထိုအရောင် ၇ မျိုး လိပ်ပြာပန်းမှာ ကောင်းကင်နှင့်မြေကြီးမှ စွမ်းအင်များ အလိုအလျောက်ရရှိနိုင်သည့် နေရာတွင်သာ ရှင်သန်ပေါက်ဖွားနိုင်၍ စိုက်ပျိုးရန်မှာ မဖြစ်နိုင်ပါ”
“အဖူးဖူးရန်အတွက် နှစ်ပေါင်း ၁၀၀၀ ခန့်ကြာမြင့်ပြီး အပွင့်ပွင့်ရန်အတွက် နှစ်ပေါင်း ၅၀၀ ခန့် ထပ်ကြာနိုင် တယ်၊ ပန်းမှာလည်း တစ်ညသာခံပြီး မည်သူမှ ခူးယူခြင်းမရှိပါက လုံးဝပျောက်ကွယ်သွားမည်၊ ကံစပ်သည့်လူများ သာလျှင် ပိုင်ဆိုင်နိုင်မည့်ပန်းဖြစ်၏”
“ထိုပန်းပွင့်ကို အလိုရှိပါက နှစ်ပေါင်း ၁၅၀၀ ကြာအောင် စောင့်ရနိုင်ပြီး အပွင့်ပွင့်ချိန်ကလည်း တစ်ညသာ လျှင် ခံသည့်အတွက် ကမ္ဘာပေါ်ရှိတန်ဖိုးအရှိဆုံး ရတနာများအနက်တစ်ခု သတ်မှတ်နိုင်တယ်၊ သို့သော် အပွင့်မပွင့် ခင်အချိန်ထိ အသုံးမဝင်သော သာမန်အပင်တစ်ခုသာဖြစ်တယ်”
“၎င်းပန်းကို စားသုံးလျှင် ပိတ်နေသောသွေးကြောများ၊ ခန်းခြောက်နေသော စွမ်းအင်သိုလှောင်များကို ပြန် လည်၍ ကောင်းမွန်စေနိုင်ပါတယ် ထို့အတူ ကျင့်ကြံမှုအဆင့်ကိုလည်း တိုးမြင့်စေနိုင်ပါတယ်”
“သူတော်စင်အဆင့် ဆေးတစ်မျိုးဖြစ်သည့် ဆေးဝိညာဉ်ထိန်းချုပ်ဆေးကို ပြုလုပ်နိုင်တဲ့ အဓိကပါဝင်ပစ္စည်း လည်း ဖြစ်တယ်၊ ထို့ပြင် ထိုဆေးက မူလနတ်ဘုရားအဆင့်နဲ့အထက် မူလသူတော်စင်ဒုတိယအဆင့်၏အောက် ပညာရှင်များအတွက် အသုံးဝင်ပါတယ်၊ ဒါကြောင့် မူလသူတောင်စင်အဆင့်နှစ်အထက် ပညာရှင်များအတွက် အသုံး မဝင်နိုင်ပါ”
ရဲရှောင်လည်း ထိုစာများကို ဖတ်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်မိသည်။
သူဖတ်မိသည့်ပန်းမှာ နံပါတ် ၉၉ ဖြစ်သည့်တိုင် စိုက်ပျိုးရန်မှာမူ အလွန်ခက်ခဲလှသည်။
ထို့ပြင် အံ့ဩလောက်ဖွယ်ရာ အစွမ်းသတ္တိမျိုးလည်းရှိနေသည်။
သို့သော် ရဲရှောင်ထံ၌ ထူးခြားအစွမ်းထက်ဆေးလုံးများစွာရှိနေ၍ အသုံးမဝင်လှချေ။
ထိုသို့ဆိုသော်ငြား အခြားပညာရှင်များ အထူးသဖြင့် မိစ္ဆာဝိညာဉ်နက်လို ပညာရှင်များအဖို့ အလွန်နှစ်သက် လှသော ပန်းတစ်မျိုးဖြစ်သည်။
ရဲရှောင်လည်း အတွေးတစ်ချက်ရသွားပြီးနောက် သူ့လက်ထဲရှိ စာအုပ်များကို ပစ်ချလိုက်သည်။
ထို့နောက် ထိုစာရင်းများကိုပြုစုခဲ့သည့် လူများအကြောင်း စဉ်းစားလိုက်မိ၏။
လက်ရှိအချိန်တွင် သူ့အဖို့ ထိုစာရင်များနောက်ကွယ်ရှိ အဖွဲ့အစည်းကို လွန်စွာစိတ်ဝင်စားနေမိလေသည်။
ကမ္ဘာပေါ်တွင် မည်သူကများ ထိုကဲ့သို့သော စာရင်းများကို ပြုလုပ်နိုင်ပါသနည်း။
ယခုကဲ့သို့ စာရင်းများကို ပြုလုပ်နိုင်ရန်မှာ အမျိုးမျိုးသော ဗဟုသုတနှံ့စပ်မှုများရှိရန် လိုအပ်ပေလိမ့်မည်။
ကျင့်ကြံမှုပိုင်းတွင်သာမက ဆေးပညာပိုင်းတွင်ပါ ရှုထောင့်မျိုးစုံ သိရှိနေရမည့် သဘောပါပင်။
သို့သော် ထိုမျှလောက်ထိ သိနေလျှင် ၎င်းတို့၏တန်ဖိုးရှိသည့် အချိန်များကို ကုန်ဆုံးခံ၍ အဘယ့်အတွက် ကြောင့် ယခုကဲ့သို့ အကျိုးမရှိသည့်အလုပ်များကို လုပ်နေရပါသနည်း။
အနည်းဆုံးမူ ယခုစာရင်းများက ထိုလူများအတွက် အသုံးဝင်လိမ့်မည် မဟုတ်ပေ။
စင်စစ် အခြားလူများအတွက်သာ အကျိုးရှိနေသော စာရင်းများသာဖြစ်၏။
ထိုသို့ဆိုလျှင် ထိုလူများက စွန့်လွှတ်အနစ်နာခံတတ်သည့်စိတ်ကြောင့် ထိုကဲ့သို့ လုပ်နေကြပါသလော။
ရဲရှောင်အဖို့ ထိုကဲ့သို့ အတ္တစိတ်နည်းသော လူများရှိနေလိမ့်မည်ဟု မယုံကြည်နိုင်အောင်ပင် ဖြစ်နေပါတော့ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now