1195-----1196

115 9 2
                                    

အခန်း (၁၁၉၅)(စာစဉ်  ၈၆- အပိုင်း ၅)

“တဟုန်ထိုး တိုးတက်ခြင်း”

အဖြူရောင် အမွှေးလေးမှာ နူးညံ့လှပြီး အလင်း ရောင်များပင် ထွက်နေလေသည်။

ထိုအမွှေးနှင့် ဝတ်ရုံက တစ်ရောင်တည်းဖြစ်နေ၍ သတိပြုမိရန်ပင် ခက်ခဲလှ၏။

သို့သော် ဝုဖမှာမူ ချက်ချင်းပင် မြင်လိုက်သည်နှင့် လူသားတို့၏ အမွှေးအမျှင် မဟုတ်နိုင်ကြောင်း အတပ် သိလိုက်သည်။

“ဒါဆို ငါလိုက်နေတဲ့ အရိပ်က လူမဟုတ်ဘူးလား၊ တိရစ္ဆာန် တစ်ကောင်များလား . . .”

ဝုဖ တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။

သူ၏ ထိုယူဆချက်ကိုလည်း သူကိုယ်တိုင်ပင် မယုံ နိုင်အောင် ဖြစ်နေမိသည်။

(မဟုတ်တော့ မဟုတ်သေးဘူး ထင်တယ် ဘယ်လို တိရစ္ဆာန်မျိုးက ဒီလောက်ထိ မြန်မြန် ပြေးနိုင်မှာလဲ)

“ခက်တော့ခက်ပြီ တိရစ္ဆာန်တစ်ကောင် မဟုတ်ဘူး ဆိုရင် ဒီအမွှေးကိုကျ ဘယ်လိုဖြေရှင်းမလဲ . . .”

ဝုဖမှာ ထိုသို့တွေးနေရင်းဖြင့် တိရစ္ဆာန်တစ်ကောင် ထက် သူ့လျင်မြန်နှုန်းက နှေးကွေးခဲ့သည်ကို လက်မခံ နိုင် ဖြစ်နေမိသည်။

သို့သော် သူ့လက်ထဲရှိ အဖြူရောင် အမွှေးလေးက သက်သေထူနေ၍ သူ့အဖို့ လက်မခံနိုင်လည်း ယုံကြည် ပေးရတော့ပေမည်။

(ဒါက လူတစ်ယောက်ရဲ့ အိမ်မွေး တိရစ္ဆာန်တစ် ကောင်ကောင်များလား၊ အဲဒီတိရစ္ဆာန်ကောင်ရဲ့ အမွှေး ပဲ ဖြစ်နိုင်တယ် . . .)

“ဘယ်လိုဖြစ်ရတာပါလိမ့် ဒီရက်ပိုင်းမှာ ထူးဆန်း တာတွေချည်းပဲ ဖြစ်နေတယ် . . .”

ဝုဖမှာ အဖြစ်အပျက်များကို တွေးလေ နားမလည် နိုင်အောင် ဖြစ်နေရသည်။

“နောက်ဆုံး ဒီအဖြူရောင် အရိပ်က တိရစ္ဆာန်တစ် ကောင် ဖြစ်မယ်ဆိုရင်တောင်မှ ငါ့ရှေ့မှာ ဒီလိုမျိုးကြီး ပျောက်ကွယ်သွားတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ထူးဆန်း လိုက်တာ . . .”

ဝုဖလည်း ဖြစ်နိုင်ချေရှိသည့်အချက်များကို စဉ်းစား ရင်း အတွေးနယ်ချဲ့နေမိလေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now