1453

49 2 0
                                    

အခန်း ( ၁၄၅၃ - က)(စာစဉ် ၁၀၈- အပိုင်း ၉)
“မေးမြန်းကြခြင်း”

ရဲရှောင်ပြီးနောက် ရောက်ရှိလာသူမှာ အခြားမဟုတ်၊ ရွှမ်ပိုင်ပင် ဖြစ်၏။
ရွှမ်ပိုင်လည်း ကမ္ဘာသစ်သို့ ရောက်ရှိလာပြီးနောက် ပတ်ပတ်လည်အား ကြည့်မိလိုက်သည်။
ထိုအခါ ပတ်ဝန်းကျင်တစ်ခုလုံး၌ သိပ်သည်းလှသော အဖြူရောင်မြူခိုးများရှိနေသည်ကို တွေ့လိုက်ရ၏။
“ဗွမ်း . . .”
ရွှမ်ပိုင် ရေကန်အတွင်းသို့ ပြုတ်ကျသွားခြင်းဖြစ်သည်။
ထိုမြင်ကွင်းကြောင့် နတ်ဘုရား ၂ ပါးလည်း မျက်လုံးများ အရောင်ဝင်းလက်သွားကြ၏။
“ဒါကမိန်းမတစ်ယောက်ပဲ ဟုတ်တယ်မလား . . .”
“မင်းက အပိုတွေပြောနေတာပဲ၊ မေးနေစရာလိုသေးလား မိန်းမတစ်ယောက်ပေါ့ဟ အဲဒါကြောင့်မလို့သာ သူ က မိန်းမကန်ထဲပြုတ်ကျသွားတာပေါ့ . . .”
“ငါအပိုပြောနေတာမဟုတ်ဘူး သူက မိန်းမတစ်ယောက်ပဲ၊ အဲဒါကြောင့်မလို့ ငါတို့ ဒီမှာစောင့်နေလို့မဖြစ်ဘူး လေ အပြင်မှာစောင့်နေမှဖြစ်မှာပေါ့၊ ငါပြောချင်တာ အဲဒီလိုပါကွာ . . .”
“နေစမ်းပါဦး ငါကရောဘာများပြောနေလို့လဲ၊ ငါကအဲဒီနေရာကို သွားကြည့်သင့်တယ်လို့များ ပြောနေလို့ လား၊ မင်းတော်တော်အတင့်ရဲတာပဲ၊ မင်းကို နတ်မိုးကြိုးက အစိတ်စိတ်အမွှာမွှာခွဲပစ်လိုက်မှာ မကြောက်ဘူးလား”
“ငါအဲဒီလိုဆိုလိုတာ မဟုတ်ပါဘူး၊ ခုနတုန်းက လူထူးဆန်းကြောင့် ငါတော်တော်ကြီး စိတ်ရှုပ်နေခဲ့ရတာ၊ အမှန်တိုင်းပြောရရင် ဒီကိစ္စကို တခြားလူတွေသိအောင် ပြန်ပြောမနေပါနဲ့ကွာ၊ တစ်ယောက်ယောက်ကသာ ကြား သွားရင် ငါ့မိသားစုကံကြမ္မာဆိုးနဲ့ ကြုံတွေ့နေရဦးမယ် . . .”
နတ်ဘုရား ၂ ပါးမှာ တစ်ယောက်တစ်ခွန်းပြောရင်းဖြင့် ဝင်ပေါက်တွင် စိတ်ရှည်ရှည်ဖြင့် စောင့်စားနေကြ လေသည်။
ရွှမ်ပိုင်မှာလည်း အချိန်ကြာကြာ မစောင့်စေလိုက်။
ကန်မှပြန်တက်ပြီး ဝင်ပေါက်သို့ ချက်ချင်းသွားလိုက်၏။
ထိုအခါ ရွှမ်ပိုင်ကိုမြင်သည်နှင့် နတ်ဘုရား ၂ ပါးမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြလေသည်။
“သူက တော်တော်ကို လှတာပဲ . . .”
“ဟုတ်တယ် မယုံနိုင်လောက်အောင်ကို လှတယ် . . .”
ထိုအချိန် ရွှမ်ပိုင်စိတ်ထဲတွင်မူ ခံစားချက်တစ်မျိုးတည်းသာ ရှိနေ၏။
သူမ ရေကန်ထဲမှ ပြန်တက်လာသည့်အချိန် ယခင်နှင့်မတူတော့ဘဲ စိတ်လက်ပေါ့ပါးနေခြင်းဖြစ်သည်။
မသိပါက သူမ၏အတိတ်က ရေကန်ထဲတွင် ကျန်ရစ်ခဲ့သလိုပါပင်။
ထို့ကြောင့် လက်ရှိတွင် ရွှမ်ပိုင်အဖို့ လူသစ်တစ်ဦးကဲ့သို့ပင် ခံစားနေရလေသည်။
ယခင်က ထိုကဲ့သို့သော ခံစားမှုမျိုးဖြင့် ဆင်တူသည့် ခံစားမှုမျိုးကို သူမ တစ်ကြိမ်ခံစားခဲ့ဖူးသည်။
မော်တယ်ကမ္ဘာသို့ရောက်ပြီး အတိတ်မေ့နေချိန် ရဲရှောင်၏စိတ်စွမ်းအင်များဖြင့် သူမကို ကယ်တင်ပေးခဲ့ချိန် က ထိုသို့ခံစားခဲ့ရခြင်းပါပင်။
ထိုကာလတုန်းကလည်း လူသစ်တစ်ဦးအဖြစ် ပြန်လည်မွေးဖွားလာသလို ခံစားခဲ့ရခြင်းဖြစ်သည်။
သို့သော် ယခုအခေါက်တွင်မူ ထိုအချိန်တုန်းကထက်ပင်ပို၍ စိတ်လက်ပေါ့ပါးသလို ခံစားနေရလေသည်။
ထို့ပြင် ခန္ဓာကိုယ်မှာလည်း အလွန်သန့်ရှင်းစင်ကြယ်နေသလို ထပ်လောင်းခံစားနေရပြန်သည်။
စင်စစ် သန့်စင်မှုပြီးနောက် သူမ၏ခန္ဓာကိုယ်က ပြောင်းလဲသွားပြီး အတိတ်မှအရာအားလုံးကို ထားခဲ့သည့် သဘောပါပင်။
မည်မျှထိဆိုလျှင် သူမ၏ စွမ်းအင်သိုလှောင်ရာက ဗလာနတ္ထိဖြစ်နေပြီး စိတ်စွမ်းအင်ချီဓာတ်များကလည်း ခန္ဓာကိုယ်အတွင်း အရှိန်အဟုန်ပြင်းစွာ စီးဝင်နေကြခြင်းဖြစ်သည်။
ရွှမ်ပိုင်က ယခုနေရာနှင့် ချင်းရန်နယ်ပယ်ကြားရှိ စိတ်စွမ်းအင် ကွာဟချက်ကို ချက်ချင်းသတိပြုမိနိုင်သည် အထိ အတွေ့အကြုံရင့်ကျက်သော ပညာရှင်တစ်ဦးဖြစ်သည်။
ထို့ကြောင့် လက်ရှိနေရာရှိ စိတ်စွမ်းအင်ချီဓာတ်များက ပိုမိုထူးခြားသိပ်သည်းလှသည်ကို လွယ်လွယ်ကူကူ ဖြင့် သူမ သတိပြုမိလိုက်၏။
ထိုချီဓာတ်များက တစ်ချိန်တုန်းက ရဲရှောင် သူမ၏ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးခဲ့သည့် ခရမ်းရောင်ချီဓာတ် များ နီးပါးလောက်ကို ကောင်းမွန်နေခြင်းဖြစ်သည်။
ထို့ကြောင့် ရေကန်မှ ပြန်တက်လာသည့်အချိန် အဆင့်တစ်ဆင့် တက်သွားသလိုပင် သူမ ခံစားလိုက်ရလေ သည်။
အချိန်တိုအတွင်းတွင် ထိုမျှလောက်ထိ တိုးတက်သွားသည်မှာ အံ့ဩဖွယ်ကောင်းနေသည် မဟုတ်ပါလား။
ထိုအချိန် နတ်ဘုရား ၂ ပါးမှာမူ ရွှမ်ပိုင်အား မျက်တောင်မခတ်တမ်း ငေးကြည့်လျက်ရှိနေကြသည်။
ရွှမ်ပိုင်မှ ပြုံးလျက်ပင် -
“ကျွန်မ အမှားလုပ်မိတာရှိရင် ခွင့်လွှတ်ပေးပါ၊ ကျွန်မက ဒီကမ္ဘာအသစ်ကို အခုမှရောက်လာတာမလို့ပါ”
“ဒါနဲ့ရှင်တို့က ပုံပြင်တွေထဲကလို ဒီနေရာကို စောင့်ကြပ်တဲ့ နတ်ဘုရားတွေများလား . . .”
နတ်ဘုရား ၂ ပါးမှလည်း ခေါင်းညိတ်လိုက်ပြီး -
“ဟုတ်ပါတယ် . . .”
“မှန်ပါတယ် ငါတို့ပါပဲ ငါတို့ပဲပေါ့ . . .”
ထိုသို့ဖြေလိုက်သည့်တိုင် နတ်ဘုရားများ၏ စိတ်ထဲတွင်မူ အကြောင်းအရာတစ်ခုတည်းသာ ရှိ၏။
(ဒီမိန်းကလေးက တော်တော်ကြီးကို လှတာပဲ၊ သူ့ရဲ့ မျက်လုံးတွေ၊ မျက်ခုံးတွေကို ကြည့်လိုက်စမ်းပါဦး၊ မယုံနိုင်လောက်အောင်ကို သိပ်လှလွန်းတယ် . . .)
(ကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှာတောင် ဒီမိန်းကလေးလိုလှတဲ့ မိန်းမမျိုး အများကြီးမရှိနိုင်ဘူး လို့ ငါထင်တယ်၊ အရင်ကတောင် ဒီလောက်လှတဲ့မိန်းမမျိုး တစ်ခါမှ မမြင်ခဲ့ဖူးဘူး . . .)
(ဒါပေမယ့် ဒီမိန်းကလေးက အရမ်းကိုအေးစက်သလိုပဲ၊ သူက ငါတို့ကို ယဉ်ယဉ်ကျေးကျေးနဲ့ ပြုံးပြုံးလေး ပြောနေပေမယ့် သူ့ဆီက အေးစက်မှုတွေ ငါခံစားနေရတယ်၊ မသိရင် ငါ့အရိုးတွေတောင် အေးခဲသွားမတတ်ပဲ . . .)
(သူက တကယ်ကိုထူးခြားတာပဲ၊ ငါ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးက ရေခဲနှင်းတောင်ကြီးထဲ ရောက်နေရသလိုပါ ပဲလား၊ ဒီလိုမိန်းမလှမျိုးကို အကြာကြီး စိုက်ကြည့်ခွင့်ရတာ ကောင်းတယ်ဆိုပေမယ့် သူ့အနား ကြာကြာမနေနိုင်ဘူး၊ ကြာရင်အေးခဲပြီးသေသွားလိမ့်မယ် . . .)
“အင်းဒါနဲ့ မင်းရဲ့နာမည်ကို ပြောပြပေးနိုင်မလား . . .”
ဘယ်ဘက်ခြမ်းရှိ နတ်ဘုရားတစ်ပါးမှ ပုံမှန်အတိုင်းပင် ယဉ်ယဉ်ကျေးကျေးမေးလိုက်သည်။
“ပြီးတော့ မင်းရဲ့အင်အားစုအကြောင်းအရာအားလုံး ပြောပြပေးပါ၊ ဆိုလိုတာက မင်းရဲ့ဂိုဏ်းပေါ့၊ အဆင့်နိမ့် နယ်ပယ်မှာရှိတဲ့ မင်းရဲ့ဂိုဏ်းကိုပြောတာပါ၊ မင်းဘက်က ပြောပြီးရင်တော့ ငါတို့တွေက မင်းကို ထူးခြားတဲ့ နံပါတ် ပြားတစ်ခုခုကို လုပ်ပေးပါ့မယ်၊ အဲဒါဆိုရင် မင်းကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှာ ဝင်ထွက်လို့ရပြီ . . .”
ရွှမ်ပိုင်လည်း ခေါင်းညိတ်ပြလိုက်၏။
ထိုအချက်များက လိုအပ်၍ မေးနေသည့် အချက်များသာ မဟုတ်ပါလော။
ထို့ပြင် နတ်ဘုရားများပြောသည့် နံပါတ်ပြားမှာ သူမ မည်သူဆိုသည့်အချက်ကို သက်သေပြနေမည့် အရာ ပါပင်။
ထို့ကြောင့် ရွှမ်ပိုင်လည်း အရာအားလုံးကို ပြောပြလိုက်တော့၏။
နတ်ဘုရား ၂ ပါးမှာလည်း နံပါတ်ပြားပြုလုပ်သည့်နေရာတွင် ကျွမ်းကျင်ကြ၍ ရွှမ်ပိုင်အတွက် နံပါတ်ပြားကို အချိန်တိုအတွင်းမှာပင် ပြုလုပ်ပြီးသွားလေသည်။
ထို့နောက် ညာဘက်ခြမ်းရှိ နတ်ဘုရားမှ ရွှမ်ပိုင်အား အိတ်ငယ်လေးတစ်ခုကို ပေးလိုက်ရင်း -
“ကောင်းကင်အရှင်သခင်က ဒီကမ္ဘာကို အခုမှရောက်လာတဲ့ လူသစ်တွေအတွက် ပိုက်ဆံနဲ့ ပစ္စည်းအချို့ကို စီစဉ်ပေးထားတယ်၊ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှာ အဆင့်နိမ့်နယ်ပယ်က ဘယ်အရာမဆို အသုံးမဝင် ဖြစ်နေမှာပဲ၊ အဲဒါကြောင့် ပြောင်းလဲမှုတွေကို အချိန်ပေးသင်ယူပြီး အသားကျအောင် နေထိုင်တော့ . . .”
ဘယ်ဘက်ခြမ်းမှ နတ်ဘုရားမှလည်း -
“မင်းကို အကြံတစ်ခုပေးလိုက်ဦးမယ်၊ မင်းက ဒီကမ္ဘာကို တက်လာနိုင်စွမ်းရှိတယ်ဆိုတော့ မင်းတို့ကမ္ဘာမှာ မင်းက အင်အားကြီးတဲ့ လူတစ်ဦးဖြစ်မှာပဲ ဒါပေမယ့် ဒီကမ္ဘာကို ရောက်လာပြီးကတည်းက မင်းက ဘာမှကြီးကျယ် မြင့်မြတ်တဲ့ ပညာရှင်တစ်ယောက် မဟုတ်တော့ဘူး၊ ငါတို့ဒီနယ်ပယ်မှာဆိုရင် မင်းက ကျင့်ကြံမှုအဆင့်မှာ အခြေခံပဲ ရှိသေးတယ် . . .”
“အဲဒါကြောင့် ဒီကမ္ဘာမှာရှိတဲ့ ပညာရှင်တိုင်းက မင်းကို အလွယ်တကူနဲ့ သတ်နိုင်မှာပဲ၊ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးပါနဲ့ ဘာလို့လဲဆိုတော့ အဲဒီလိုစိတ်ဝင်ရင် ကိုယ့်သေတွင်းကိုယ် တူးမိသလို ဖြစ်မှာမလို့ပဲ၊ ငါ့စကားကို မှတ်ထားပါ . . .”
ရွှမ်ပိုင်လည်း ကျေးဇူးတင်စကားပြောဆိုပြီးနောက် အိတ်ကို လှမ်းယူလိုက်၏။
“မင်းဒီနေရာကထွက်သွားရင် လမ်းဆုံလမ်းခွကို ရောက်လိမ့်မယ်၊ အဲဒီကနေပြီးတော့ အရပ်မျက်နှာအသီး သီးကို သွားလို့ရတယ်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်လိုက်ပါ၊ အဲဒီနောက်မှာတော့ မင်းရဲ့အနာဂတ်က မင်းဘယ် လောက်ကောင်းကောင်း လုပ်နိုင်လဲဆိုတဲ့အချက်ပေါ်မှာ မူတည်သွားပြီး . . .”
နတ်ဘုရားတစ်ပါးမှ သဘောထားကြီးဟန်ဖြင့် ရှင်းပြလိုက်၏။
“နေဦး ငါနောက်ဆုံးအကြံပေးဦးမယ် . . .”
“ဘယ်ဘက်ခြမ်းက လမ်းကြောင်းတွေက ကောင်းတဲ့ရွေးချယ်မှုတော့ မဟုတ်ဘူး၊ အဲဒါကြောင့် ညာဘက် လမ်းကြောင်းတွေကိုသာ ရွေးချယ်ပါ၊ အဲဒါမှ မင်းအခက်အခဲတွေ လျော့ကျသွားလိမ့်မယ် . . .”
အကယ်၍ ရွှမ်ပိုင်သာ ယခုလောက်ထိ လှပသည့် မိန်းကလေးဖြစ်မနေလျှင် နတ်ဘုရားများမှာ ထိုမျှလောက် ထိ ပြောပြပေးမည်မဟုတ်သည်မှာ သေချာလှသည်။
ထို့ပြင် သူမ မည်သည့်လမ်းကို ရွေးချယ်နေပါစေ သူတို့အဖို့ စိုးစဉ်းမျှ စိတ်ဝင်စားလိမ့်မည် မဟုတ်ပါ။
ရွှမ်ပိုင်လည်း ခေါင်းညိတ်လိုက်ပြီးနောက် ကျေးဇူးတင်စကား ထပ်မံဆိုလိုက်သည်။
“ဒီကအရှင်တို့ . . .”
“လွန်ခဲ့တဲ့ ၃ ရက်က ဒီကိုရောက်လာတဲ့ ယောက်ျားတစ်ယောက်ကိုများ တွေ့မိကြသေးလား . . .”
နတ်ဘုရား ၂ ပါးမှ အံ့ဩသွားဟန်ဖြင့် -
“လွန်ခဲ့တဲ့ ၃ ရက်က ဒီကိုရောက်လာတဲ့လူ ဟုတ်လား . . .”
“ဒါဆိုရင် မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိကြတယ်ပေါ့ . . .”
“ဟုတ်ပါတယ် လွန်ခဲ့တဲ့ ၃ ရက်က ရောက်လာတဲ့ လူက ကျွန်မ ယောက်ျားပါ. . .”
ရွှမ်ပိုင်မှ စိုးရိမ်ဟန်ဖြင့် ပြောလိုက်၏။
“အဲဒါကြောင့် ဒီကနတ်သားကြီးတို့က သူဘယ်သွားလဲဆိုတာကို ပြောပြပေးလို့ရမလား . . .”
နတ်ဘုရား ၂ ပါးမှာ ပါးစပ်အဟောင်းသားဖြင့် ဆွံ့အသွားကြသည်။
ခဏအကြာတွင်မှ -
“မိန်းကလေးရွှမ်ပိုင် . . .”
“မင်းကို ငါတို့ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်၊ တကယ်တော့ သူဘယ်ရောက်သွားလဲဆိုတာ ငါတို့လည်း မသိဘူး၊ အမှန်တိုင်းပြောရရင် ငါတို့လည်း သူ့ကို လိုက်ရှာနေကြတာ . . .”
“ငါတို့နှစ်ယောက်က မင်းထက်ပိုပြီး သူ့ကို တွေ့ချင်နေတယ်ဆိုတာကိုယုံ ဒါပေမယ့် အဲဒီလူ ဘယ်ရောက် သွားလဲဆိုတာကို ဘယ်လိုမှခြေရာခံလို့မရဘူးဖြစ်နေတယ် . . .”
နတ်ဘုရား ၂ ပါးမှာ ထိုစကားများကိုပြောချိန် နောင်တရနေဟန်ရှိလေသည်။
သူတို့အဖို့ နှစ်ပေါင်းသောင်းချီအတွင်း တစ်ခါမှမဖြစ်ပျက်ခဲ့ဖူးသည့် အဖြစ်အပျက်နှင့် ကြုံတွေ့နေရသည် မဟုတ်ပါလား။
ရွှမ်ပိုင်မှ အံ့ဩသွားဟန်ဖြင့် -
“ဘယ်လို . . .”
“ဒီကိုရောက်လာတဲ့ ပညာရှင်တိုင်းက ဒီနေရာကို ရောက်လာရတာပဲ မဟုတ်ဘူးလား . . .”
“ဟုတ်တယ် သေချာပေါက်ပဲ . .. “
နတ်သား ၂ ပါးမှ ချက်ချင်းပင် ပြန်ဖြေလိုက်ကြ၏။
“အဲဒါဆိုရင် ရှင်တို့က သူ့ကို ဘာလို့ဒီမှာ မတွေ့ရတာလဲ . . .”
“အဲဒါကို ငါတို့လည်း မသိဘူး . . .”
နတ်ဘုရား ၂ ပါးမှ စိတ်မကောင်းဟန်ဖြင့် ခေါင်းခါလိုက်ကြသည်။
“ငါတို့ မင်းကို တစ်ခုလောက်‌ မှာချင်သေးတယ်၊ မင်းယောက်ျားကို တွေ့တဲ့အခါကျရင် ဒီကိုပြန်လာပြီး စာရင်းသွင်းဖို့ပြောပေးပါ၊ ဒီလိုမှမဟုတ်ရင် ငါတို့နှစ်ယောက်လုံး ဒုက္ခရောက်သွားလိမ့်မယ် . . .”
ရွှမ်ပိုင်လည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ထွက်ခွာသွားလိုက်တော့သည်။
သူမ လမ်းဆုံလမ်းခွသို့ ရောက်သည့်အချိန်တွင် ထောင်နှင့်ချီသော လမ်းကြောင်းများကို မြင်တွေ့လိုက်ရ လေသည်။
ရွှမ်ပိုင်လည်း တွေဝေခြင်းအလျဉ်းမရှိဘဲ ရှေ့တည့်တည့် လမ်းကြောင်းတစ်ခုကိုသာ ကြုံရာကျပန်းရွေးချယ် လိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now