၁၉၈။ "ခေါင်းတလားကို ဖွင့်ခြင်း - ၅"

1.3K 95 0
                                    

၁၉၈။ “ခေါင်းတလားကို ဖွင့်ခြင်း - ၅”

ဂျန်ဝုရှီက ဂျန်ရှင်းယန်၏ မျက်နှာသွင်ပြင်ကို မြင်၍ သူ ဝိရောဓိဖြစ်နေမှန်း သိသည်။ ဂျန်မိသားစုအပေါ် ချင်းယန်ကလန်၏ အထက်စီးဆန်ဆန် ဆက်ဆံခြင်းကို ဂျန်ရှင်းယန်က မလိုလားပေ။

ဂျန်ဝုရှီသည်လည်း ထိုသို့ တွေးတောမိသည်သာ။ ဘိုင်ယန်ရှင်းအန်ကိစ္စကို နှိပ်ကွပ်ထား၍ ဖုံးဖိထားသော်လည်း နံရံတိုင်းမှာ အက်ကြောင်းရှိတာကို ဂျန်ဝုရှီက သိသည်။ ချင်းယန်ကလန်က အချိန်တန်လျှင် သည်ကိစ္စကို သိရှိသွားမှာ ဖြစ်သည်။

ထိုအချိန်ရောက်လာလျှင်, ချင်းယန်ကလန်က ဂျန်မိသားစုကို ထပ်တူညီမျှ လာရောက် ဖိနှိပ်အုံးမည်သာ ဖြစ်သည်။

ထို့ကြောင့် စော်ကားမော်ကားလုပ်ခြင်းက တစ်ခါတရံ အကောင်းဆုံး ကာကွယ်မှု ဖြစ်တတ်သည်။

“ကောင်းပြီလေ” ဂျန်ရှင်းယန်က သက်ပြင်းလေးကြီး ချလိုက်သည်။ သူက သူတို့အား ဝိညာဉ်ကျောက်စိမ်းကို လက်လွှတ်ပေးဖို့ မပြောနိုင်တော့ပေ။

ဂျန်ဝုရှီက ခေါင်းညိတ်၍ သူတို့ဘေးမှာ ရပ်နေသည့် လောင်ချီကို ပြောလိုက်သည် “ငါ့အဖေရုပ်လောင်းကို လျှို့ဝှက်ပြီး ပြန်သယ်သွား၊ ဘယ်သူ့မှ မတွေ့စေနဲ့။”

“ပြန်ပို့ရမှာလား” ဂျန်ဝုရှီ၏ စကားကြောင့် သားအဖက တုန်လှုပ်သွားပြီး ဂျန်ဝုရှီကို ကြည့်လိုက်ကြသည်။ သူတို့က အံ့ဩ၍ မျက်လုံးပြုးသွားကြသည်။ “ဝုရှီ... နင့်အဖေကို ပြန်ရှင်လာစေနိုင်မဲ့ နည်းလမ်း ရှိတယ်လို့တော့ မပြောပါနဲ့လား...” ဂျန်သားအဖ၏ မျှော်လင့်ခြင်းအပြည့်ဖြင့် စဉ်းစားတွေးတောခြင်းကို မည်သူမျှ အပြစ်မတက်ရက်ပေ။ ဂျန်ဂု၏ ခန္ဓာကိုယ်က မပျက်မယွင်း သည်အတိုင်း ရှိနေသည်မဟုတ်လော။ ဂျန်ဝုရှီကလည်း ထပ်တလဲလဲ အံ့ဖွယ်စွမ်းရည်များကို ပြသပြီး သူတို့ကို အံ့သြစေခဲ့သည် မဟုတ်လော။

ဂျန်ချင်း၏ ခြေထောက်များ, မိုချင်းယွမ်၏ အဆိပ်....

ပါရမီရှင်သမားတော်Where stories live. Discover now