၁၅၃။ ကိုယ့်နေရာ ကိုယ်သိ - ၄

1.4K 103 0
                                    

၁၅၃။ ကိုယ့်နေရာ ကိုယ်သိ - ၄

ဂျန်ချင်း လန့်သွားသည်။ ဂျန်ဝုရှီက ပြည်သူများ၏ အမျက်ဒေါသကို အာဏာရှိသူထံ ထိုသို့ လမ်းလွှဲလိုသလော။

“အဲဒီ သေလူငါးဆယ်က နန်းတော်ထဲကနေ လာတယ်ဆိုတာ နင် ဘယ်လိုလုပ် ကျိန်းသေနေတာလဲ” ဂျန်ဝုရှီပြောတာ မှန်သည်။ သာမန်အခြေအနေမှာဆိုလျှင်, ပြည်သူ့ဝန်ထမ်းမိသားစုများက ပါဝင်ပတ်သက်လာမည် မဟုတ်ကြပေ။ သို့သော် တစ်မြို့လုံးကို သင့်ရောက်စေသည့် အဆိပ်ကြောင့် သူတို့က နန်းတော်တွင်းရှိ သူတို့မိသားစုဝင်များကို စိုးရိမ်ပူပန်လာကြမှာ ဖြစ်ပြီး သူတို့ ဘေးကင်းလုံခြုံသလားဆိုသည်ကို မေးမြန်း စုံစမ်းကြမည် ဖြစ်သည်။

ထို့ပြင် လောင်ချီနှင့် သူ့လူများ လုပ်ဆောင်သည်က ရှင်းလင်းပြတ်သားသည်။ သူတို့က သာမန်ပြည်သူများသို့သာ အဆိပ်ဖြေဆေးကို ဖြန့်ဝေပေးကြသည်။ နန်းတွင်းသို့ မဖြန့်ဝေပေးကြချေ။

ပြည်သူ့ဝန်ထမ်းမိသားစုများက အဆိပ်ဖြေဆေးများကို နန်းတွင်းသို့ သယ်ဆောင်သွားကြမည် ဖြစ်သည်။ သူတို့မိသားစုဝင်များ လုံခြုံဘေးကင်းသည်ကို သေချာစေရန် ဖြစ်သည်။

သို့အတွက် ဂျန်ဝုရှီက သူမထံ သတင်းအချက်အလက်များကို ယူဆောင်လာစေရန် လက်ညှိုးထောင်စရာပင် မလိုတော့ဘဲ လူများက သူတို့ဆန္ဒအလျောက် ပို့ဆောင်မည် ဖြစ်သည်။

“ဒီလောက် အန္တရာယ်ကြီးမားတဲ့ ကိစ္စကို ဆက်လက်လုပ်ဆောင်ဖို့, သူတို့က သာမန်ပြည်သူတွေကို အသုံးချရဲတော့မှာလား” ဂျန်ဝုရှီက အဓိကအချက်ကို ထောက်ပြသည်။ တစ်မြို့လုံးရှိ လူများကို ဆွဲသွင်းမည့် ကိစ္စရပ်ကို ဘုရင်ကြီးသည်ပင် မလုပ်ရဲပေ။ လုပ်ခဲ့ပါက သူသည်ပင် ဒေါသထွက်နေသည့် လူအုပ်ကြီး၏ နန်းချတာကို ခံရမည် ဖြစ်သည်။ သည်လို အတိမ်းအစောင်းမခံသည့် အနေအထားမှာ သူတို့ စွန့်စားဝံ့ကြမည် မဟုတ်ပေ။

နန်းတွင်းသူများ, မိန်းမစိုးများ လုပ်ဆောင်တာ မဟုတ်လျှင်, နန်းတွင်းအစောင့်တပ်မှ လာသည့်ကိစ္စသာ ဖြစ်တော့သည်။ ယုလင်းစစ်တပ်မှ လာမှန်း ဂျန်ဝုရှီ အသေအချာ တွက်ဆထားသည်။

ပါရမီရှင်သမားတော်Where stories live. Discover now