၉၆။ ရူလင်းစစ်တပ် - ၁

1.6K 148 1
                                    

၉၆။ ရူလင်းစစ်တပ် - ၁

ကျောက်စိမ်းဝတ်ရည်မှ အဆက်မပြတ် အာဟာရသုံးဆောင်နေရခြင်းကြောင့်, ဂျန်ဝုရှီ စိုက်ပျိုးထားသည့် ကြာစေ့က အညှောင့်မှ အပွင့်သို့ တိုးတက်လာလေ၏။ ကြာပန်းနှင့် ဝိုင်၏ ရောနှောပေါင်းစပ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ထူထည်း သိပ်သည်းသည့် ရနံ့က ဂျန်ဝုရှီ၏ အခန်းကို တစ်ချိန်လုံး လွှမ်းခြုံနေသည်။

သည်ရနံ့က ဝိညာဉ်စွမ်းအားအနေဖြင့် ဂျန်ဝုရှီ အိပ်နေစဉ်မှာပင် သူမနှင့် ပေါင်းစည်းသွားသည်။

အပင်အမျိုးအစားစာချုပ်ဝိညာဉ်များက အသုံးမကျပုံပေါ်နေသော်လည်း, သူတို့၏ ကျင့်ကြံခြင်းနည်းစနစ်များက တကယ့်ကို အဆင်ပြေလွန်းသည်။

နှစ်ပတ်အတွင်းမှာပင် ဂျန်ဝုရှီက သူမ၏ ခန္ဓာကိုယ်အတွင်းမှာ ဝိညာဉ်စွမ်းအားများကို စုဆောင်းနိုင်ခဲ့သည်။

သူမလက်ဖဝါးမှာ အနီတောက်တောက် အလင်းရောင်ကို စူးစိုက်ကြည့်နေရင်း, ဂျန်ဝုရှီက နောက်ဆုံးတွင် ကျေနပ်အားရခြင်း ဖြစ်လာသည်။

သည်ကမ္ဘာမှာ ဝိညာဉ်စွမ်းအားများကို အဆင့် ၇-ဆင့် ခွဲခြားထားသည်။ သက်တံရောင်လို အရောင်မျိုးဖြစ်သည်။

အနီရောင်, လိမ္မော်ရောင်, အဝါရောင်, အစိမ်းရောင်, အပြာရောင်, မဲနယ်ရောင်, ခရမ်းရောင်ဟူ၍ ခွဲခြားထားသည်။

ဂျန်ဝုရှီက အခုမှ အနီရောင် ဝိညာဉ်စွမ်းအားကိုသာ ဖော်ထုတ်နိုင်သေးသည်။

ဝိညာဉ်စွမ်းအားက စာချုပ်ဝိညာဉ်နိုးထလာပြီးမှ တိုးတက်လာနိုင်သည်။ ဆိုလိုတာက သည်ကမ္ဘာရှိ လူများသည် အသက် ၁၄-နှစ်အရွယ်ရောက်မှသာ စတင်ကျင့်ကြံနိုင်သည်ဟူ၍ ဆိုလိုသည်။ ထိုမတိုင်ခင်, သူတို့က သူတို့၏ ခန္ဓာကိုယ်များကို တည်ဆောက်ပြုပြင်ထားဖို့ လိုအပ်သည်။ ထို့ပြင် သူတို့၏ ကြွက်သားများ, သွေးလွှတ်ကြောများ, သွေးပြန်ကြောများကို စာချုပ်ဝိညာဉ် နိုးထလာလျှင် အသင့်ဖြစ်နေဖို့ ပြင်ဆင်ထားကြရသည်။

ပါရမီရှင်သမားတော်Where stories live. Discover now