၁၅၁။ ကိုယ့်နေရာ ကိုယ်သိ - ၂

1.3K 93 1
                                    

၁၅၁။ ကိုယ့်နေရာ ကိုယ်သိ - ၂

ခန္ဓာကိုယ်များ ဆက်တိုက် ပေါက်ကွဲခြင်း ဖြစ်စဉ်ကြောင့် နေပြည်တော်တွင်းရှိ ပြည်သူများ ထိတ်လန့်တုန်လှုပ်နေကြသည်။ ရူလင်းစစ်သားများက သူတို့ကို စိတ်သက်သာအောင် လုပ်ပေးကြသော်လည်း, သူတို့က အနည်းငယ်မျှသာ စိတ်အေးကြသည်။ ပေါက်ကွဲမှုကို ကိုယ်တိုင် တွေ့မြင်ကြရသူများက အနိဋ္ဌာရုံမြင်ကွင်းကို သူတို့ တစ်သက်တာလုံး မေ့နိုင်ကြတော့မည် မဟုတ်ပေ။

မျက်မြင်တွေ့ရှိသူများက ကြောက်ရွံ့တုန်လှုပ်ကာ ဖျားနာကုန်ကြသည်။ သူတို့က အပူရှိန်များ တက်လာကြပြီး သူတို့ခန္ဓာကိုယ်တွင်းဝယ် ဝိညာဉ်စွမ်းအားများက အရှိန်အဟုန် မြင့်တက်လာကြသည်။ ထို့ကြောင့် သူတို့ မချိမဆန့် နာကျင်ခံစားနေကြရသည်။ မြို့တော်တွင်းရှိ သမားတော်အားလုံးက အကြောင်းရင်းကို အဖြေရှာကြသော်လည်း မည်သည့် ဇာစ်မြစ်ကိုမျှ ရှာမတွေ့နိုင်ကြချေ။

ကိုယ်တွင်း အပူရှိန်က ပေါက်ကွဲထွက်လာကြပြီး အိပ်ရာပေါ်မှပင် မထနိုင်ကြတော့ချေ။ မည်သူမျှ အဆိပ်မိမှန်း မသိကြချေ။

အဆိပ်အာနိသင်က အတော်ကြာတော့ ပေါ်လာခဲ့သည်။ လူတစ်ဦးချင်းစီ၏ ဝိညာဉ်စွမ်းအား အလိုက် အဆိပ်က ဝိညာဉ်စွမ်းအားကို တိုးမြင့်လာစေခဲ့သည်။ ဝိညာဉ်စွမ်းအား မြင့်မား သူများက စွမ်းအားတိုးမြင့်လာတာကို အတော်အတန် ခံနိုင်ရည် ရှိကြသည်။ တစ်ဖက်မှာတော့ သာမန်ပြည်သူများမှာ အနီရောင်အဆင့် စွမ်းအားသာ ရှိ၍ သူတို့၏ ခန္ဓာကိုယ်များက တိုးမြင့်လာသည့် ဝိညာဉ်စွမ်းအားကို တောင့်ခံနိုင်စွမ်း ကင်းမဲ့နေကြသည်။

လင်းအိမ်တော်အတွင်းသို့ ဆေးဖက်ဝင်ပစ္စည်းများက လှည်းတစ်စီးပြီး တစ်ပြီး ဆက်တိုက် ရောက်ရှိလာခဲ့ကြသည်။ နေပြည်တော်က ရူလင်းစစ်တပ်၏ ထိန်းချုပ်မှုအောက်မှာ ရှိနေသည့် အတွက် ‌ဆေးဂိုဒေါင်များ ဆေးခန်းများက သူတို့၏ တောင်းဆိုချက်ကို မလိုက်နာဘဲ မနေ နိုင်ကြချေ။ အထူးသဖြင့် ချပ်ဝတ်တန်ဆာ အပြည့် ဝတ်ဆင်ထားသည့် စစ်သားများက တံခါးဝတွင် ရပ်နေကြချိန် သူတို့က သူတို့ ဂိုဒေါင်ကို ပြောင်ရှင်းသွားအောင် ပေးလိုက်ကြသည်။

ပါရမီရှင်သမားတော်Where stories live. Discover now