၁၀၂။ပြိုင်ဘက်ကင်း ဆေးပညာ - ၁

1.5K 132 0
                                    

၁၀၂။ပြိုင်ဘက်ကင်း ဆေးပညာ - ၁

မုန်းတိုင်းမလာခင် နေပြည်တော်က အေးချမ်းတည်ငြိမ်နေသည်။

နောက်ဆုံးတွင် ခုခံရေးစနစ်ဆေးလုံးများက အဆင်သင့် ဖြစ်နေပြီမို့ ဂျန်ဝုရှီက ကုန်သေတ္တာများကို ဂျန်ချင်းထံ ပို့ဆောင်ရန် ညွှန်ကြားလိုက်သည်။

သူမ ထွက်မသွားခင်, ကြာကန်သို့ သွားရောက်၍ လှပ တည်ငြိမ်စွာ ရေပေါ်တွင် ပေါ်ထွက်နေကြသည့် ပန်းရောင် ကြာပန်းများကို ကြည့်လိုက်သည်။ ပန်းရောင်ကြာပန်းများကြားတွင် သန့်ရှင်းဖြူစင်သည့် ကြာဖြူပန်းလေးအပေါ်သို့ သူမအကြည့် ရောက်ရှိသွားလျှင် သူမအကြည့်က နူးညံ့သွားသည်။

“သခင်မလေး...”ကြာပန်းလေးက လူအသွင် ပြန်ပြောင်း၍ ရေကန်တစ်ဖက်သို့ ကူးခပ်လာခဲ့သည်။ ကြာပန်းလေးက ရေကန်ကျောက်တုံးတစ်ဖက်စွန်းတွင် သူ့လက်မောင်းအားကို သုံးကာ ကုပ်ကပ်ထားသည်။ သူက ခဏလောက် အသက်ရှုလိုက်ပြီး ဂျန်ဝုရှီကို တောက်ပသည့် မျက်လုံးများဖြင့် ကြည့်ပြီး ပျော်ရွှင်စွာ ရယ်လိုက်သည်။

“အရာရာ ဘယ်လိုလဲ၊ နင် ဘယ်လို ခံစားရလဲ” ဂျန်ဝုရှီက အူမြူးနေသည့် ကြာပန်းလေးကို မေးသည်။

“အလှဆင် ပုတီးစေ့က တကယ်ကောင်းတဲ့ဟာပဲ၊ ငါက ဒီမှာ စွမ်းအားတွေကို သန့်စင်နိုင်ခဲ့တယ်၊ ငါ့ ကျင့်ကြံခြင်း အရှိန်က ဝိညာဉ်ကမ္ဘာမှာ ရှိခဲ့တာနဲ့ အတူတူလောက် ဖြစ်နေပြီ” ကြာပန်းလေးက သူမကို တောက်ပစွာ ကြည့်ရင်း ရယ်ပြသည်။

ဂျန်ဝုရှီက ခေါင်းညိတ်လိုက်သည်။ သူမဖြစ်စေ, ကြာပန်းလေးဖြစ်စေ, ကျင့်ကြံခြင်းအဆင့်က လျှို့ဝှက်စရာ မဟုတ်ချေ။ သူတို့၏ တိုးတက်နှုန်းက နှေးကွေးနေသော်လည်း, တစ်နေ့ကျလျှင် ဒါက အသုံးဝင်လာမည် ဖြစ်သည်။

“နင် ကျင့်ကြံတာကို ဆက်လုပ်တော့, ငါ ဦးလေးဆီ တွေ့ဖို့ သွားလိုက်အုံးမယ်။” ဂျန်ဝုရှီက ခြံဝင်းထဲမှ ထွက်သွားသည်နှင့် ကြာပန်းလေးက ကြာဖြူပန်းလေး အသွင်သို့ ပြန်ပြောင်းကာ ရေပေါ်တွင် ပေါလော ပေါ်နေတော့သည်။ သူက ပန်းရောင်ကြာပန်းလေးများကြားတွင် ဆက်လက် ကျင့်ကြံနေခဲ့သည်။

ပါရမီရှင်သမားတော်Donde viven las historias. Descúbrelo ahora