၁၇၄။ ကျီစားခြင်း - ၃

1.4K 92 0
                                    

၁၇၄။ ကျီစားခြင်း - ၃

သွေးက သူ့မျက်နှာသို့ စီးကျလာသည်။ သေးငယ်သည့် ပမာဏက သူ့ပါးစပ်ထဲသို့ စီးဝင်သွားသည်။

သွေးရနံ့က ဂျန်ဝုယောင်း၏ ပင်ကိုယ်ဗီဇကို ပိုမို၍ လှုံ့ဆော်ပေးလိုက်သည်။ သူ့မျက်လုံးများက ခရမ်းရောင်တောက်လာကြသည်။

သွေးနံ့နှင့် သွေးအရသာက ဂျန်ဝုရှီကို သူမ၏ အရင်ဘဝကို သတိရစေဖို့ ခလုတ်တစ်ခု ဖြစ်နေသည်။ ထို့ကြောင့် သူက ပြင်းပြင်းထန်ထန် ကိုက်ထည့်လိုက်သည်။

သူမက သွေးအရသာကို ပိုမို ရလိုက်သည်။ ဂျန်ဝုယောင်းက သူမကို လွှတ်ပေးလာသည်။ သူ၏ ခရမ်းရောင်မျက်လုံးများက အသူတရာချောက်လို နက်ရှိုင်းလွန်းသည်။ သူ့နှုတ်ခမ်းမှ စီးဆင်းနေသည့် သွေးကြောင့် သူက ဂျန်ဝုရှီအတွက် မိစ္ဆာနတ်ဆိုးနှင့် အကုန်လုံး တူနေသည်။

ဂျန်ဝုရှီက တိုးထွက်လိုက်ပြီး မောဟိုက်ကာ မတ်တပ်ရပ်နေပြီး ဂျန်ဝုယောင်းကို စူးစူးရဲရဲ ကြည့်နေသည်။

ဂျန်ဝုယောင်းက သူ့ပါးစပ်မှ သွေးများကို လက်ဖြင့် သုတ်သည်။ စွဲကျန်နေသည့် နာကျင်မှုကို သူ့ရှေ့မှာ ရပ်နေသည့် ကောင်မလေးက မညှာမတာ ရက်စက်တတ်သူမှန်း သူ့ကို သတိပေးသလိုပင်။ သူသာ သွက်လက်စွာ အလိုလို မတုံ့ပြန်မိလျှင်, သူ သက်သာမည် မဟုတ်ပေ။

သည်ကြောင်မလေးက လက်သည်းများ ကြီးထွားရင့်သန်လာလေပြီ။ ကျီစားလို့ မကောင်းတော့ပေ။

“ကြောင်နက်လေး ရွှေခြင်္သေ့ကို အပြည့်အဝ ဝါးမျိုနိုင်မလား ဘာလားဆိုတာကို ကနေ့ည နင် သိလာရလိမ့်မယ်၊ အနီးကပ် စောင့်ကြည့်နေပေါ့၊ တစ်ခုခု ဆိုးရွားတာ ဖြစ်လာရင် ငါ့ကို ခေါ်လိုက်ပါ၊ ငါ အနီးအနားမှာ ရှိနေပါ့မယ်။” ဂျန်ဝုယောင်းက ကျီစယ်နောက်ပြောင်လိုသည့် အမူအရာဖြင့် ဂျန်ဝုရှီ၏ အေးစက်စက် အကြည့်များကို လျစ်လျူရှူထားလိုက်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now