၁၁။ တိုက်ခိုက်ခြင်း

2K 230 1
                                    

၁၁။ တိုက်ခိုက်ခြင်း

“ကျမ ဗိုက်ဆာနေတယ်။” ဂျန်ဝုရှီ၏ ပထမဦးစားပေးက မြန်မြန်ဆန်ဆန် ကောင်းသွားရန် ဖြစ်၏။ ထိုအယောင်ဆောင် သမားတော်များကို သူမက စွန့်ခွာထားခဲ့တာ ကြာနေပြီ ဖြစ်သည်။ သူတို့ ကုသပုံကို စဉ်းစားမိလျှင် သူမက တုန်လှုပ်ချောက်ချားရသည်။

ဂျန်ဝုယောင်းက သူမကို ဂရုစိုက်ရန် အစေခံများနှင့် ထားရစ်ခဲ့ပြီး တိတ်ဆိတ်စွာ ပျောက်ကွယ်သွားသည်။

လင်းအိမ်တော်မှ အသော့ပြန်ထွက်လာပြီးနောက် ဘိုင်ယန်ရှင်းအန်၏ မျက်နှာက မကျေနပ်ချက်တို့ဖြင့် ပြည့်နှက်နေသည်။ မိုရွှမ်ဖေးက သူမကို မည်သို့ပင် ချော့မော့နေပါစေ, သူမက သူ့ကို လုံးဝ လျစ်လျူရှူထား၏။

“ငါ့ကို တောင်းဆိုတဲ့ သူက နင်သာ မဟုတ်ရင် အဲအိမ်ထဲ ငါ ဝင်မယ်လို့ နင် ထင်နေလား၊ သူမက သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေရတာလဲ” ဘိုင်ယန်ရှင်းအန်က အောက်နှုတ်ခမ်းကို ဖိကိုက်ထားလျက် ဒေါကန်နေသည်။ ချင်းယန်ကလန်အဓိပတိ၏ တပည့်တယောက်အနေဖြင့် လူပေါင်းများစွာက သူမကို နဂါးတကောင်လို တောင်းခံနေရစဉ်မှာ မိုရွှမ်ဖေးနှင့် ပတ်သက်နေသဖြင့် သူမက မလိုလားသော်လည်း လိုက်လာခဲ့ရသည်။ ရလဒ်ကရော.... သူမက မောင်းထုတ်ခံလိုက်ရသည်။ သူမက သည်လို အရှက်ခွဲခံရသဖြင့် နာကျင်ရခြင်းကို ဘယ်တုန်းကမှ  မခံစားခဲ့ရစဖူးချေ။

“ယန်ရှင်းအန်, မင်းစွမ်းအင်တွေကို အသုံးမဝင်တဲ့ လူနဲ့ ပတ်သက်ပြီး ဘာလို့ ဖြုန်းတီးပစ်နေရတာလဲ” သူက သူမကို မြှောက်ပင့်လျက် ချော့မော့သည်။

“ဘာဖြစ်ဖြစ်ပေါ့, နင့်လို မင်းသားတပါးအနေနဲ့ တခြားတယောက်ရှေ့မှာ ခေါင်းငုံ့ထားရတာ...နင်...” ဘိုင်ယန်ရှင်းအန်က လှောင်လိုက်သည်။

မိုရွှမ်ဖေး၏ မျက်နှာက ရှက်လွန်းသဖြင့် နီမြန်းသွားရသည်။

“စိတ်မဆိုးပါနဲ့, ငါ နင့်အတွက် ပြတ်ပြတ်သားသား လက်စားချေပေးမယ်။” သူမကို နှစ်သိမ့်လိုက်ခြင်းက ချက်ကောင်းမိသွားသည်။

ပါရမီရှင်သမားတော်Where stories live. Discover now