၃၈။ ဘုရင့်နန်းတော် - ၁

1.8K 198 0
                                    

၃၈။ ဘုရင့်နန်းတော် - ၁

လင်းအိမ်တော်က ဖြည်းဖြည်းမှန်မှန်ဖြင့် ပြန်လည် ဦးမော့လာသည်။ ဆယ်စုနှစ် တစ်ခုကျော် သူတို့၏ မျှော်လင့်ချက်က လင်းဝမ်၏ မြေးမလေးလက်ထဲမှာ ထွက်ပေါ်လာခဲ့ပြီ။ တခြားတဖက်မှာတော့......

မိုရွှမ်ဖေးက နေပြည်တော်တွင် အမြဲတမ်း ဂုဏ်သိက္ခာကောင်းရှိသူ ဖြစ်ခဲ့သည်။ သူ၏ ချောမောလှပသည့် မျက်နှာဖြင့် အမျိုးသမီးငယ် များစွာ၏ စိတ်နှလုံးကို ညှို့ယူဖမ်းစားနိုင်ခဲ့သည်။ အမျိုးသမီးများစွာက သူ့ကို အရူးအမူးစွဲလန်းနေကြပြီး သူနှင့် ဂျန်ဝုရှီက စေ့စပ်လိုက်ပြီဆိုသည့် သတင်းထွက်ပေါ်လာတော့ အမျိုးသမီးများစွာ အသဲကွဲကုန်ကြသည်။ သူမတို့က လှောင်ပြောင်သရော်ကုန်လျက် စိတ်ထဲမှပင် ကြိတ်၍ ကျိန်ဆဲကုန်၏။

“ဂျန်ဝုရှီက ရွက်ကြမ်းရည်ကျိုပဲဟာ၊ သူတို့က ဘယ်လိုလုပ် လိုက်ဖက်ပါ့မလဲ၊ သူမက ချောမောတဲ့ မင်းသားလေးနဲ့ မလိုက်ဖက်ပါဘူးဟယ်။”

အခု သူတို့၏ စေ့စပ်ခြင်းကို ဖျက်သိမ်းကြောင်း တရားဝင်ကြေညာတော့ အမျိုးသမီးများစွာအတွက် အစစ်အမှန် စိတ်ကူးယဉ်လို့ ရသွားကြချေပြီ။

ဘုရင့်နန်းတော်မှာ ညီလာခံ ပြီးသွားလျှင် ဂျန်ရှင်းယန်က ပုံမှန်လုပ်နေကျအတိုင်း ဘုရင့်နန်းတော်မှ ထွက်လာခဲ့သည်။ ယင်းအချိန်တွင် အရာထမ်းဝတ်စုံရှည်များကို ဝတ်ဆင်ထားကြသည့် လူအိုကြီးများက အပြုံးများဖြင့် တောက်ပနေလျက် သူ့ဆီ လျှောက်လှမ်းလာကြသည်။

“လင်းဝမ်, ဒုတိယမင်းသားလေးကို တိုက်ခိုက်ခဲ့တဲ့ တရားခံနဲ့ ပတ်သက်တဲ့ သတင်းက တိုးတက်လာပြီလား” သူတို့ထဲမှ အလွန်ထင်ရှားသည့် လူက မေးသည်။

ဂျန်ရှင်းယန်က မသတီစရာ ပြုံးနေသော လူကို ကြည့်လိုက်သည်။ သည်လူပေါ်ကြော့က ဘုရင့်ညီတော် ဝုဝမ်ဖြစ်သည်။

ဝုဝမ်က အသက်ခြောက်ဆယ်ကျော် ရှိနေပြီး မည်သည့်နေရာမှာမှ အကူအညီမဖြစ်ခဲ့ပေ။ သူက သူ့နောင်တော်၏ အရှိန်အဝါကို မှီခိုနေရင်း တစ်ချိန်လုံး အချိန်ဖြုန်းနေသူသာ ဖြစ်သည်။ သူက သူ့ကိုယ်သူ အင်အားကြီးမားသယေင် ဟန်ဆောင်လုပ်တတ်သူ ဖြစ်ပြီး သူက မည်သည့်နေရာမှာမှ အသုံးမကျသည်ကိုပင် သတိမပြုမိသူ ဖြစ်သည်။ နန်းတော်မိသားစုမှာ မွေးဖွားလာတာကြောင့် အမတ်အားလုံးက သူ့ကို အမြဲတမ်း ဖားယားနေကြပြီး သူ မည်သည့်အရာကိုပဲ လုပ်လုပ်, ချီးမွမ်းနေခဲ့ကြသည်။

ပါရမီရှင်သမားတော်Where stories live. Discover now