၁၀၉။ မုန်တိုင်း အစပျိုးခြင်း - ၅

1.5K 134 1
                                    

၁၀၉။ မုန်တိုင်း အစပျိုးခြင်း - ၅

“လင်းအိမ်တော်ကို ကျူးကျော်သူတွေ သေရလိမ့်မယ်” ဆယ်စုနှစ် တစ်ခုကြာ အောင့်အည်းသည်းခံခဲ့ရသည်များကို ဂျန်ချင်းက ဖွင့်ထုတ်လိုက်သည်။ သူ့ဓားကွက်က လှပစွာ လက်ဖြာသွားသည်။ ဓားရောင်က ငွေရောင်အလင်းများဖြင့် လှပနေသည်။ တစ်ခဏအတွင်းမှာပင် အရိပ်လူများထံသို့ ဓားရိပ်များက တိုးဝင်သွားလေ၏။

မြေပြင်ပေါ်မှာ ကျောက်ချရပ်နားထားသလို လူရိပ်များက တုံ့ပြန်ချိန်ပင် မရလိုက်ကြချေ။

သူတို့က အံ့အားသင့်ကာ ဂျန်ချင်းကို ကြည့်လျက်သား ရပ်နေမိကြသည်။

ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေသည့် လူက မသန်မစွမ်း ဖြစ်နေသည် မဟုတ်လော။ သူက ဘယ်လိုလုပ် ရန်သူတစ်အုပ်ကြီးကို တစ်ခဏအတွင်း သတ်ပစ်နိုင်ရသနည်း။ ပေါ့ပါးပြီး တိကျမြန်ဆန်သည့် ဓားချက်က သူတို့အရိုးထိ အေးစက်သွားစေခဲ့သည်။

ဂျန်ချင်းက မသန်မစွမ်း မဟုတ်တော့ဘူးလော၊ သူက အရင်ထက်တောင် မြန်ဆန်နေပါပေါ့လား။

သူတို့က အံ့သြထိတ်လန့်စွာ ကြည့်နေမိသည်။ သူတို့၏ နောက်လိုက်များက တစ်ယောက်ပြီး တစ်ယောက် အသတ်ခံနေရသည်။ အလွန်အမင်း ကြောက်လန့်ခြင်းက သူတို့ နှလုံးသားထဲ တိုးဝင်လာခဲ့ပြီ။

“ဇီးကွက်ဖြူ” ဂျန်ချင်းက ဆင့်ခေါ်လိုက်သည်။ သူ့လက်စွပ်မှ မျက်စိကျိန်းသွားစေသည့် အလင်းရောင်က တောက်ပသွားကာ တိုးထွက်လာသည်။

ကြီးမားသည့် ဇီးကွက်ဖြူက အလင်းရောင်ထဲတွင် ပေါ်လွင်ထင်ရှားလာသည်။ ထို့နောက် ဇီးကွက်ဖြူက ရန်သူအုပ်သို့ ထိုးစိုက်ကာ ကုတ်ခြစ်တော့သည်။

‘အရိုးစား ဇီးကွက်ဖြူလား၊ ဂျန်ချင်းရဲ့ စာချုပ်ဝိညာဉ်လား၊ အမြင့်ဆုံး အဆင့် ၇ရှိတဲ့ စာချုပ်ဝိညာဉ်ပိုင်ရှင်လား, ကုန်းမြေတစ်ခုလုံး အကြောက်တရားကို လွှမ်းမိုးစေသည့် စာချုပ်ဝိညာဉ်လား။’

ပါရမီရှင်သမားတော်Waar verhalen tot leven komen. Ontdek het nu