၁၃၈။ ချည့်နဲ့သွားသည့် နန်းပလ္လင် - ၃

1.4K 109 2
                                    

၁၃၈။ ချည့်နဲ့သွားသည့် နန်းပလ္လင် - ၃

“ဘာတွေများ ဖြစ်သွားလို့လဲ” ဘိုင်ယန်ရှင်းအန်က မေးသည်။ သူတို့နှစ်ယောက် မျက်နှာဖြူရော်နေတာကို သူမ တွေ့မြင်၍ သူမ အိပ်နေခြင်းကို နှောင့်ယှက်သည့်အတွက် ဒေါသထွက်နေတာကို ဘေးဖယ်ထားလိုက်တော့သည်။

ဘုရင်ကြီးက မိုရွှမ်ဖေးကို မျက်စပစ်ပြလိုက်သည်။ မိုရွှမ်ဖေးက မပြောသော်လည်း နားလည်လိုက်သည်။ သူက တည်ကြည်ဟန်ဆောင်၍ အဖြစ်အပျက်များကို ပြောပြသည်။ သူက ပြောနေရင်း, ဘိုင်ယန်ရှင်းအန်ကို သည်အဖြစ်အပျက်ထဲကို မသိမသာ ဆွဲထည့်လိုက်သည်။ ဂျန်ဝုရှီက မိုရွှမ်ဖေး၏ အစွန့်ပစ်ခံရ၍ သူမအား မနာလိုလို့ ဒေါသထွက်ကာ အခုလို လုပ်လိုက်ခြင်းပင် ဖြစ်သည်ဟူ၍။

“ဂျန်ဝုရှီက မြို့တော်ကို ပိတ်ဆို့ထားလိုက်တယ်၊ နင့်ကို လွှဲပေးဖို့ ငါ့ကို ဖိအားပေးနေတယ်၊ ငါက ဘယ်လို လုပ်ရက်ပါ့မလဲ၊ စိတ်ချလက်ချသာ နေပါ၊ ငါ အသက်သေသွားရင်တောင် နင် လုံခြုံစိတ်ချဖို့ ငါ အာမခံတယ်။” မိုရွှမ်ဖေးက ဘိုင်ယန်ရှင်းအန်၏ လက်များကို တင်းကျပ်စွာ ကိုင်ထားသည်။ သူ့ပုံစံက ကမ္ဘာပေါ်ဝယ် သူ ဘာပဲ ဖြစ်ဖြစ် သူ့အချစ်လေး လုံခြုံစိတ်ချဖို့က အရေးအပါဆုံးဟန် ပေါက်နေသည်။

ဘိုင်ယန်ရှင်းအန်က အံ့အားသင့်ပြီး တိတ်ဆိတ်သွားသည်။ သူမက မိုရွှမ်ဖေးကို မျက်တောင် တဖျတ်ဖျတ်ဖြင့် ကြည့်နေမိသည်။

“နင် ပြောတာက... ဂျန်ဝုရှီက ငါ့ကို လွှဲပေးစေချင်တာလား” သူမ မျက်လုံးများက တုန်လှုပ်သွားဟန်ဖြင့် ကျယ်သွားသည်။

ဂျန်ဝုရှီက ငါ့ကို ထိရဲသတဲ့လား”

သူမက ချင်းယန်ကလန်ရဲ့ စွမ်းအားကို မသိဘူးလော။

“ယန်ရှင်းအန်... သူမ နင့်အပေါ် လုပ်ချင်သလို လုပ်ခွင့် မပေးနိုင်ပါဘူး၊ အဲအရူးမက ငါ့အလောင်းကို ဖြတ်ကျော်နိုင်မှ နင့်ကို ရနိုင်လိမ့်မယ်” မိုရွှမ်ဖေးက ဘိုင်ယန်ရှင်းအန်ကို မစွန့်လွှတ်နိုင်ဟန်ဖြင့် တင်းတင်းကျပ်ကျပ် ဖက်ထားသည်။

ပါရမီရှင်သမားတော်Where stories live. Discover now