၈၈။ ဒါက ဆေးလုံးလေးပဲဟာ - ၂

1.5K 136 3
                                    

၈၈။ ဒါက ဆေးလုံးလေးပဲဟာ - ၂

“ဘာ ပြဿနာ ရှိလို့လဲ တော်ဝင်အကိုတော်” မိုရွှမ်ဖေးက မျက်နှာဖြူရော်နေသည့် မိုချင်းယွမ်ကို ခနဲ့တဲ့တဲ့ဖြင့် ကြည့်လိုက်သည်။

“ဂျန်ဝုရှီရဲ့ စိတ်က အမြဲတမ်း အဲလိုချည်းပဲလေ၊ သူမက ကောင်းကင်နဲ့ မြေပြင်ရဲ့ ကွာခြားချက်ကို မသိ နားမလည်ဘူး၊ အကိုတော်က ဒါကိုတောင် မသိနိုင်ဘူးလား၊ ငါတို့က ချင်းယန်ကလန်အကြောင်းကို ပြောနေတာ၊ သူတို့ရဲ့ ဆေးကို ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ ဖော်စပ်လို့ ရမလဲ၊ ငါ အမှတ်မမှားရင်, ဂျန်ဝုရှီ အရင်တုန်းက တစ်ခါမှ ဆေးပညာကို မသင်ဖူးဘူး, ကနေ့ သူမ လုပ်နေတယ်ဆိုတာ, အကိုတော်ရဲ့ အရှေ့မှာ လှည့်စားချင်လို့ပဲ။”

မီးပြင်းဖိုကို ဂျန်ဝုရှီ မေးစဉ် မိုရွှမ်ဖေး ရယ်မိသည်။ သူမကို သူ မနှစ်သက်သော်လည်း, လင်းအိမ်တော်၏ ဖိအားကြောင့် သူက သူမနှင့် ယခင်က စေ့စပ်ခဲ့တာ အမှန်တရားတစ်ခု ဖြစ်ခဲ့သည်။ သူမကို သည်းခံကာ ဆက်ဆံခဲ့စဉ်က တစ်မျိုး သို့မဟုတ် နှစ်မျိုးလောက်ကို သူက သိရှိခဲ့သည်။ စိတ်ရှည်ပေးဖို့နှင့် သူမစိတ်အခြေအနေကို နားလည်ထားဖို့ ဖြစ်သည်။

ဂျန်ဝုရှီက တကယ့်ကို မာနကြီးလွန်းသည်။ သူမက အလိုလိုက်ခံထားရသည့် သွင်ပြင် ဖြစ်နေသည်။ သူမက လင်းအိမ်တော်မှာသာ မမွေးဖွားခဲ့ပါက, သူမ၏ စိတ်နေစိတ်ထားကြောင့်, အကြိမ်ဘယ်လောက်‌ သေပြီးမှန်းတောင် သိရမည် မဟုတ်တော့ပေ။

ဆေးလုံး လုပ်မလို့တဲ့လား။ ဒါက အလွန် ရယ်စရာ ဟာသ ဖြစ်နေခဲ့လေပြီ။

လင်းအိမ်တော်၏ သခင်မလေးက ပြဿနာရှာခြင်းမှာ ထူးခြားလွန်းနေတာကို မသိသူ မရှိပေ။ ထို့ပြင် သူမက မည်သည့်အရည်အချင်းမျှ ရှိမနေတာကလည်း အသေအချာပင် ဖြစ်သည်။

ယနေ့မှာတောင်, သူမက ကိုယ်တိုင် ဘိုင်ယန်ရှင်းအန်အား အစားထိုးပြန်လျော်ပေးဖို့ ဆေးလုံး လုပ်မည်ဆိုပါလား။ ဒါက လုံးလုံး အရှက်ရစရာ ဖြစ်မည် မဟုတ်လော။

ပါရမီရှင်သမားတော်Where stories live. Discover now