၁၁၇။ အပြောင်းအလဲ - ၃

1.5K 134 1
                                    

၁၁၇။ အပြောင်းအလဲ - ၃

သည်အမှန်တရားကို လူသိသွားလို့ မဖြစ်ပေ။ လူသိသွားပါက လူများ မည်သို့ စဉ်းစားကြမည်နည်း။

ချီတိုင်းသူပြည်သားများ၏ မျက်လုံးတွင် လင်းအိမ်တော်နှင့် ရူလင်းစစ်တပ်သည် မြင့်မားသော အဆင့်အတန်းမှာ ရှိနေကြသည်။ သူတို့၏ အားထားယုံကြည်ရာ ဖြစ်နေသည်။ ထိုအကြောင်းကြောင့်ပင် ဘုရင်ကြီးက ဂျန်မိသားစုကို အမြစ်ပြတ် ချေမှုန်းပစ်လိုခြင်း ဖြစ်သည်။ သူ့ရည်ရွယ်ချက်ကိုသာ လူများ သိသွားပါက, အထင်သေးခြင်း ရှုံ့ချခြင်းကြောင့် သူ ဒုက္ခအကြီးအကျယ် ရောက်သွားလိမ့်မည်။

ချွင်းချက်ဆိုတာ မရှိပေ။ သည်လောက်က ကိစ္စမရှိသေးပေ။

ရူလင်းစစ်တပ်နှင့် အတူပါလာသည့် လူများသာမက, နေပြည်တော်အတွင်းရှိ လူများကပါ, အခု ဖြစ်နေသည့် အမှန်တရားကိုသာ သိသွားပါက, ဂျန်မိသားစုအပေါ် သစ္စာစောင့်သိခြင်းက ပိုမို ပြင်းထန်လာမှာ ဖြစ်ပြီး ဘုရင်ကြီးဖြစ်သည့် သူ့ကိုပင် ဆွဲချ၍ ချက်ချင်းလက်ငင်း သတ်ဖြတ်ပစ်ကြလိမ့်မည်။

ဘုရင်ကြီးက သူ့လက်များကို အတင်းအကျပ် ချည်နှောင်ထားရသည်။ သူ့ဂုဏ်သိက္ခာကို သူ ပူပန်နေရသည်။ လူများရှေ့တွင် သူက ဂုဏ်သိက္ခာအဆင့်အတန်း မြင့်မားမှ ဖြစ်မည်။ ထို့ပြင် ရူလင်းစစ်တပ်၏ အင်အားကပါ အနေအထားကို ဆယ်တင်ဖို့ သူ့ရွေးချယ်ခွင့်ကို ကန့်သတ်ထားသည်။

ရူလင်းစစ်တပ်ဖြင့်သာ ဆိုပါက, ဂျန်ဝုရှီ စကားတစ်ခွန်း လှစ်ဟလိုက်သည်နှင့် သူ့ ခေါင်း ပြုတ်သွားမည် ဖြစ်သည်။

“လောင်ချီ, ဆက်လုပ်” ဂျန်ဝုရှီက ဘုရင်ကြီး အထင်သေးစွာ ကြည့်သည်။ မိုချင်းယွမ်အပေါ် သူ့လုပ်ပုံကိုင်ပုံကို ကြည့်သည်နှင့် ဘုရင်ကြီးက သူ့လူများ, နန်းတွင်းအရာရှိများ၏ အသက်ထက် သူ့ဂုဏ်သိက္ခာကို ပိုမို၍ စိုးရိမ်ပူပန်သည်ဆိုတာကို သူမ သိသည်။

ပါရမီရှင်သမားတော်Where stories live. Discover now