၁၇၆။ ကိစ္စများကို ကိုင်တွယ်ခြင်း - ၂

1.3K 100 0
                                    

၁၇၆။ ကိစ္စများကို ကိုင်တွယ်ခြင်း - ၂

ဂျန်ဝုရှီ၏ တိကျပြတ်သားသည့် လုပ်ဆောင်ချက်သာ မရှိခဲ့လျှင်, မိုချင်းယွမ်က နန်းပလ္လင်ကို အရယူနိုင်မည် မဟုတ်ပေ။

ဂျန်ဝုရှီက အရှုံးသမား နန်းကျဘုရင်ကို ကြည့်၍ နောက်တဖန် နန်းပလ္လင်ပေါ်ရှိ တစ်ယောက်ကို ပြန်ကြည့်သည်။ မိုချင်းယွမ်က စင်မြင့်ပေါ်တွင် သူရဲကောင်းတစ်ယောက်ပမာ ခံ့ညားထည်ဝါနေသည်။

“သူက ဘာလို့ ဒီလို လုပ်ခဲ့လဲလို့ ရှင် ထင်လဲ။”

နန်းကျဘုရင်က ရပ်တန့်သွားသည်။ ထို့နောက် အံကြိတ်၍ ပြောသည် “လောဘကြီးတာနဲ့ ရည်မှန်းချက်ကြီးတာပဲ, ဘာရှိနိုင်မှာမို့လို့လဲ။”

ဂျန်ဝုရှီက သူမအကြည့်ကို မရွှေ့ပေ။ “သူက ရှင့်ရဲ့ သစ္စာရှိ ခွေးတစ်ကောင် ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ သူ့ကို အစစ်အမှန် မြေခွေးတစ်ကောင်ဖြစ်လာအောင် ရှင်လုပ်လိုက်တာပဲ၊ ရှင်က သူ့အမေကို သတ်တယ်၊ သူ့အမေ မိသားစုတွေကို သတ်တယ်၊ သူ့ကို အဆိပ်ခတ်တယ်၊ ရှင်က သူ့ကို အတော်စိုးရိမ်ပူပန်ပြီးတော့ သားအဖဆိုတဲ့ တော်စပ်မှုကို ဖျက်ဆီးပစ်လိုက်တာပဲ၊ ရှင်က အခုထိ သူ့အဖေပါလို့ အရှက်မရှိ ပြောနေတုန်းပဲလား။”

သည်ဖြစ်ရပ်က သူမ အလွန် အကျွမ်းဝင်ဖူးသည့် ဖြစ်ရပ်ပင်။ အတိတ်တုန်းက သူမက မိသားစုဝင်ဆိုသည့် ချစ်ခြင်းမျိုးဖြင့် အဆက်ဆံ မခံခဲ့ရပေ။ သူမက ခွေးတစ်ကောင်လို ဆက်ဆံခံခဲ့ရသည်။ သူမကို တစ်ချိန်လုံး လှောင်ပိတ်ထားခဲ့သည်။ သည်လက်ရှိဘဝမှာသာ ဂျန်ရှင်းယန်ထံမှ ဖိုးဖိုးနှင့် တူသည့် ဆက်ဆံရေးကို ရရှိလာရသည်။

သင်စိုက်ပျိုးသည့် မျိုးစေ့ကို သင်ကိုယ်တိုင် ရိတ်သိမ်းရမည်သာ။

မိုချင်းယွမ် လုပ်ဆောင်ခဲ့သမျှက နန်းကျဘုရင် သူ့အပေါ် လုပ်ဆောင်ခဲ့သည့် အကျိုးတရားမျှသာ။

ပါရမီရှင်သမားတော်Where stories live. Discover now