၁၂၂။ သတ်ဖြတ်ခြင်း အနုပညာ - ၄

1.5K 136 0
                                    

၁၂၂။ သတ်ဖြတ်ခြင်း အနုပညာ - ၄

မိုရွှမ်ဖေးက စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသည့် လူများကို တွေ့မြင်ဖူးခဲ့သည်။ သို့သော် ဂျန်ဝုရှီလောက် စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသည့် တစ်စုံတစ်ယောက်ကိုတော့ မတွေ့မြင်ခဲ့ဖူးပေ။

သူမက ဗြောင်ကျကျဖြင့် သူ့အား တိုက်ခိုက်ခဲ့သည့် ရာဇဝတ်မှုနှင့် မသက်ဆိုင်သည့် အရာရှိများကို သက်ဆိုင်သလို ဖန်တီးပစ်လိုက်သည်။ ထို့ပြင် ထိုအရာရှိများက ထိပ်ပိုင်းအဆင့် အရာရှိများ ဖြစ်ကြသည်။

ဘယ်လောက်တောင် ရဲတင်းလိုက်သနည်း။

ထိုအခိုက်တွင် နောက်ဖက်တွင် နေ၍ စီစစ်လေ့လာနေသည့် မိုချင်းယွမ်သည်ပင် ဂျန်ဝုရှီက ဂျန်မိသားစုမှာ ဖွားမြင်သူများတောင် ဟုတ်ရဲ့လားဟူ၍ သံသယ ဝင်လာမိသည်။ ဂျန်မိသားစုက အင်အားတောင့်တင်းသော်လည်း, ဂျန်မိသားစုဝင် လူများက တော်တည့် ဖြောင့်မတ်သူများ ဖြစ်ကြသည်။ သူတို့က သည်လို စက်ဆုပ်ရွံ့ရှာဖွယ် နည်းလမ်းမျိုးကို လုပ်ဆောင်နိုင်ကြသည် မဟုတ်‌ပေ။ သို့သော် ဂျန်ဝုရှီကတော့ လေးနက်တည်ကြည်စွာ ကိစ္စအားလုံးကို ပိုမို၍ ထူးဆန်းစွာ လုပ်ဆောင်သွားခဲ့သည်။ ဒါက သူမလို ငယ်ရွယ်သည့် မိန်းကလေးတစ်ယောက်မှာ ရှိသင့်သည့် စရိုက်မဟုတ်ပေ။

သူမက ထိပ်တန်းအဆင့် အရာရှိများ၏ ပြစ်မှုမှတ်တမ်းကို အဘယ်မှ ရရှိခဲ့သနည်း။

သူမက သည်အရာအားလုံးကို ပြင်ဆင်ထားခဲ့ပြီး သည်တစ်ချိန်လုံး သူမနှင့် အတူ ရှိနေခဲ့သည်။ သူမ စီမံထားသည့် အရာအားလုံးက ကြောက်စရာကောင်းလောက်အောင် တိကျစေ့စပ်လွန်းသည်။

သည်စီမံချက်က တကယ့်ကို နက်ရှိုင်းလွန်းသည်။

ဂျန်ဝုရှီက သည်သက်သေအထောက်အထားများကို ရိုးရှင်းစွာ ယူလာခဲ့သည်။ ထိုအထောက်အထားများက ဂျန်ရှင်းယန် အပင်ပန်းခံ၍ စုဆောင်းထားတာများ ဖြစ်ကြသည်။ ဂျန်ရှင်းယန်ကိုယ်တိုင် ပြင်ဆင်ထားခဲ့သည့် ထိုသက်သေအထောက်အထားများကို ဂျန်ရှင်းယန်က ထုတ်သုံးခွင့် မသာခဲ့ချေ။ တကယ်တော့ သူတို့အားလုံးက လင်းအိမ်တော်ကို ဘက်ပေါင်းစုံမှ ဖိနှိပ်ထားခဲ့သည် မဟုတ်လား။ သူက ထိုသက်သေများကို စာကြည့်ခန်းထဲမှာသာ သိမ်းထားလိုက်ရသည်။ သို့သော် ထိုသက်သေများကို ဂျန်ဝုရှီက သည်လိုနည်းလမ်းဖြင့် အသုံးပြုလိမ့်မည်ဟူ၍တော့ သူ စဉ်းစားခဲ့လိမ့်မည် မဟုတ်ပေ။

ပါရမီရှင်သမားတော်Where stories live. Discover now