၃။ ကိုယ့်အားကိုယ် ကိုးရခြင်း-၂

3.2K 298 0
                                    

အခန်း(၃) ကိုယ့်အားကိုယ် ကိုးရခြင်း-၂

အမှောင်ထဲမှာမို့ ထိုလူ၏ သွင်ပြင်ကို ဝုရှီက မမြင်နိုင်သော်လည်း ရင်းနှီးနေသည့် သံကြိုးချင်း ထိခိုက်သံကိုတော့ သူမ ကြားနိုင်သည်။

သည်လူက သံကြိုးခတ်ခံထားရတာလား။ လူသူကင်းမဲ့သည့် နက်ရှိုင်းသော ချောက်ကမ်းပါးအောက်မှာတောင်မှပဲလား။

ထိုလူ၏ အသံကို ကြားရသည်နှင့် ကြောင်နက်လေးက ချက်ချင်းပင် အခိုးငွေ့အဖြစ်သို့ ပြောင်းလဲကာ ဝုရှီ၏ ခန္ဓာကိုယ်အတွင်းသို့ ကြောက်လန့်တကြား ပြေးဝင်သွားတော့သည်။ သည်လူက အန္တရာယ်ကြီးပေစွ။

ရှင်က သံကြိုးချည်ခံထားရတာလား ဝုရှီက သူ့စကားသံကို လုံးဝ လျစ်လျူရှုထားပြီး သူမအတွေးထဲမှာ ပဲ့တင်ထပ်နေတာက သည်လူက သူမကို ကူညီနိုင်သည်ဆိုတာပင် ဖြစ်၏။ သူမ လိုအပ်နေတာက တခုတည်း... သူ လွတ်လပ်စွာ ရွေ့လျားနိုင်ခြင်းပင်။

အင်း, မင်းက ဒီ သေးငယ်တဲ့ ဟာလေးတွေကို ဆိုလိုတာလား ထိုလူက အမှောင်ထဲမှာပင် သံကြိုးများကို ဆွဲလိုက်သည်။ နက်ရှိုင်းပြီး ညှို့ဓာတ်ပါသည့် အသံက မှောင်မဲနေသည့် လိုဏ်ဂူထဲမှာ ပဲ့တင်ထပ်သွားသည်။ ကျမ မှန်းဆလိုက်တာ

ကျမ ရှင့်ကို လွတ်အောင် လုပ်ပေးမယ်.... ဒါပေမဲ့ ရှင် ကျမကို ကယ်တင်ပေးရမယ် ဝုရှီက ထိုစကားလုံးများကို တုန်ယင်လျက် ထုံ့ပိုင်း ထုံ့ပိုင်း ပြောဆိုလိုက်သည်။ သူမက အေးစက် နာကျင်နေသည့်အတွက် တကိုယ်လုံး တုန်ယင်နေလေသည်။ သူမ၏ ခန္ဓာကိုယ်က စိုးရိမ်ဖွယ်ရာကောင်းစွာ အပူချိန် နိမ့်ကျလာနေပြီး ဒဏ်ရာများဖြင့် ပွထနေပြီး ဖွတ်ဖွတ်ကြေနေသည့် ခန္ဓာကိုယ်က သူမ ဘာမှ မလုပ်ဘဲ နေလျှင် ကြာရှည် တောင့်ခံနိုင်မည် မဟုတ်တော့ပေ။

အမှောင်ထဲမှ လူက တိတ်ဆိတ်သွားသည်။ သေခါနီးဖြစ်နေသည့် သည်မိန်းကလေးက ထိုစကားမျိုးကို ပြောနိုင်နေသည့်အတွက် သူ အံ့အားသင့်သွားပုံရသည်။

ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းပဲ ဝုရှီက အခြားရွေးချယ်စရာ မရှိတော့ပြီ ဖြစ်၍ သူ့ဘာသာ အကြောင်းပြကာ သည်အခွင့်အရေးကို လောင်းကြေးထပ်ဖို့ ဆုံးဖြတ်လိုက်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now