၂၀။ ခန္ဓာကိုယ်က ရတနာဖြစ်တယ် - ၁

1.9K 218 1
                                    

၂၀။ ခန္ဓာကိုယ်က ရတနာဖြစ်တယ် - ၁

မျက်ရည်များကို ရယူဖို့ ကြောင်နက်လေးက ကြာဖြူပန်းလေးကို အကြိမ်များများ ကိုက်ခဲလေ၏။ ထို့ကြောင့် မျက်ရည်များက ရေပိုက်ခေါင်းမှ စီးဆင်းလာသလိုပင်။ သည်တကြိမ်မှာတော့ မျက်ရည်များကို ပုလင်းလေးဖြင့် သိမ်းဆည်းထားလိုက်သည်။ သည်မျက်ရည်က ဂျန်ရှင်းယန်နှင့် ဂျန်ချင်းအတွက် အထူးတလည် ပြင်ဆင်ထားခြင်း ဖြစ်သည်။

သူမကိုယ်တိုင် မသန်မာသေးခင် လင်းအိမ်တော်၏ လုံခြုံစိတ်ချရမှုက သူတို့နှစ်ဦး၏ ပခုံးပေါ်မှာပင် ရှိကြသည်။

အသည်းအသန် ငိုကြွေးပြီးနောက် သနားစရာကောင်းသည့် ကြာဖြူပန်းလေးက ပင်ပန်းနွယ်းနယ်သွားသည် ဖြစ်၍ လက်စွမ်ကွင်းလေးအဖြစ် မြင်သာရုံမျှသာ အသွင်ပြောင်းသွားပြီး သူမ၏ လက်ချောင်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ နေတော့သည်။

အနည်းငယ် သိမ်းယူရရှိပြီးနောက် ဂျန်ဝုရှီသည်လည်း အိပ်မောကျသွားသည်။

မနက်အာရုံကျင်းသည့်အချိန်မှာ သူမက ဂျန်ရှင်းယန်ကို သွားရှာသည်။

ဂျန်ရှင်းယန်က အံ့သြသွားသည်။ သူ၏ တန်ဖိုးဖြတ်မရသည့် မြေးမလေးက သူ့ကို ဆန္ဒအလျောက် လာရောက် ရှာဖွေလို့ ဖြစ်သည်။ သူမ ထိခိုက်ပြီးကတည်းက သူက သူမနှင့် အချိန်ဖြုန်းချိန် နည်းပါးခဲ့ရသည်။ အချိန်တိုင်းလိုလို သူမကို တုံ့ပြန်လာအောင် ကြိုးစားခဲ့သော်လည်း သူမက ငြိမ်သက်စွာသာ နေချင်ပုံရ၍ သူက နာနာကျင်ကျင်ဖြင့် ပြန်လည် ဆုတ်ခွာလာရသည်ချည်းပင်။

“ဝုရှီလား” ဘာလို့ လာတာလဲဟင်, လာ, မြန်မြန်ထိုင်” ဂျန်ရှင်းယန်က အဆောတလျင် သူ့အနီးဆုံး ထိုင်ခုံမှာ ထိုင်ဖို့ ပြောလိုက်သည်။

ဂျန်ဝုရှီက သူမမျိုးဆက်မှာ တစ်ယောက်တည်းသာ ရှိ၍ သူမက ရတနာလို ဆက်ဆံခံရသည်။ ဂျန်ချင်းက စွမ်းရည်ကင်းမဲ့သွားခဲ့ရသည်မဟုတ်လား။ ကလေးရရှိဖို့က မဖြစ်နိုင်သလောက်ပင်။

ပါရမီရှင်သမားတော်Nơi câu chuyện tồn tại. Hãy khám phá bây giờ