၁၇၀။ ဝိညာဉ်သိမ်းပိုက်ခြင်း - ၁

1.4K 104 1
                                    

၁၇၀။ ဝိညာဉ်သိမ်းပိုက်ခြင်း - ၁

ဂျန်ဝုရှီက အလွန်စိုးရိမ်ပူပန်လာသည်။ ကြောင်နက်လေးက မပြည့်စုံသည့် ဝိညာဉ်ဖြစ်သည်။ အရင်က သူမ၏ ဝိညာဉ်နှင့် ပေါင်းစပ်ထားခြင်းမျှသာ ဖြစ်သည်။ ကြောင်နက်လေးက သူ့ကိုယ်ပိုင် အသိဉာဏ်သာ မရှိလျှင် ရုပ်သေးရုပ်တစ်ခုသာ ဖြစ်သည်။

ရွှေခြင်္သေ့က စာချုပ်ဝိညာဉ်မှ အသွင်ပြောင်းလာခြင်း ဖြစ်သည်။ တိတိကျကျပြောရလျှင် ဝိညာဉ်စွမ်းအားမှ ပုံစံပြောင်းလာခြင်း ဖြစ်သည်။ ကြောင်နက်လေးက ရွှေခြင်္သေ့ကို ဝါးမျိုတာက ၎င်း၏ ဝိညာဉ်ကို ဝါးမျိုခြင်း ဖြစ်သည်။ အသားအသွေးများကို ဝါးမျိုခြင်း မဟုတ်ပေ။

သူမအရင်ဘဝမှာ အမျိုးအမျိုးအဖုံဖုံ စမ်းသပ်စစ်ဆေးပြီးနောက်, ဂျန်ဝုရှီက သည်အကြောင်းကို အနည်းငယ် သိလာရသည်။ ကြောင်နက်လေး၏ ညည်းညူနေသည့် အရိပ်လက္ခဏာများက အတွေ့အကြုံများစွာ ဖြတ်သန်းလာခဲ့ပြီးနောက် မဖြစ်နိုင်သည့် စိတ်ကူးကိုပင် တိတိကျကျ ပြသနေသည့် အရိပ်လက္ခဏာများဖြစ်သည်။

ဂျန်ဝုရှီက သူမစွမ်းအားများကို ကြောင်နက်လေး၏ ခန္ဓာကိုယ်တွင်းသို့ သွင်းပေးသည်။ ရွှေခြင်္သေ့၏ ဝိညာဉ်ကို ဝါးမျိုနေသည့် သူ့ဝိညာဉ်ကို ဖြေသိမ့်နိုင်အောင် ကူညီပေးခြင်း ဖြစ်သည်။

ကြောင်နက်လေးက အိပ်ပျော်သွားပြီး အိပ်မက်မက်နေသည်။ ၎င်းက ရွှေရောင်အလင်း အနည်းငယ်မှ လွဲ၍ ပိန်းပိတ်အောင် မှောင်နေသည်။ ၎င်းရွှေရောင်အလင်းက အနက်ရောင်ကို တွန်းထုတ်နေဟန်ရသည်။

“ဂါး...” ဝါးမျိုခံထားရသည့် ရွှေခြင်္သေ့က အိပ်မက်ထဲတွင် မတ်တပ်ထရပ်သည်။

အားနည်းနေသည့် ကြောင်နက်လေးက ထိုသားရဲကြီးကို လန့်ဖျပ်ကာ ကြည့်နေသည်။ သူက အနက်ရောင်သားရဲအဖြစ် အသွင်ပြောင်းလဲလိုသော်လည်း မရနိုင် ဖြစ်နေသည်။

ကြီးမားလွန်းသည့် ခြင်္သေ့က ကြောင်လေးကို ခုန်အုပ်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now