၄၃။ စုတ်ပြတ်နေသော စာအုပ်များ - ၁

1.7K 181 0
                                    

၄၃။ စုတ်ပြတ်နေသော စာအုပ်များ - ၁

“ညောင်” ကြောင်နက်လေးက သူမ၏ ကြောက်ရွံ့ထိတ်လန့်နေခြင်းကို တည်ငြိမ်သွားအောင် ကြိုးစားပေးနေခဲ့သည်။

ကံမကောင်းစွာဖြင့် သူမ၏ တောင့်မာနေသော အမူအရာ, စေ့စေ့ပိတ်ထားသည့် နှုတ်ခမ်းများကြောင့် သူ့ကြိုးစားချက်က အရာမထင်မှန်း သိနေရသည်။

တစ္ဆေမြို့တော်က ကြီးမားလွန်းသည်။ ထိုကြမ်းတမ်းသည့် အခြေအနေအောက်မှာ သူမက အာရုံစူးစိုက်ပြီး ကျင့်ကြံခြင်းစာအုပ်များကို ရှာဖွေဖို့ ခဲယဉ်းနေရသည်။ သည်နေရာမှာ ပစ္စည်းစုံ ရောင်းချသည့် အထူးဆိုင်များ ရှိမနေဘဲ ကိုယ်ရောင်းချင်ရာ သီးသန့် ရောင်းနေသည့် ကိုယ်ပိုင် ဆိုင်လေးများသာ ရှိနေသောကြောင့် ဖြစ်သည်။

အကြီးအကျယ်အခက်တွေ့ပြီးနောက် သူမက နောက်ဆုံးတွင် အရှုပ်အထွေးနည်းသည့် နေရာသို့ ရောက်လာမှ အနည်းငယ် တည်ငြိမ်သွားတော့သည်။ သည်နေရာမှ ဆိုင်များက ကွက်တိကွက်ကျား ဖြစ်နေသည်။ သူမက ဆက်လက် လှုပ်ရှားရန် ဟန်ပြင်လိုက်စဉ်မှာ သူမလက်စွပ်မှ နွေးထွေးသည့် အရိပ်အငွေ့ ထွက်ပေါ်လာတာကို သူမက ခံစားမိလိုက်သည်။ သူမက နေရာမှာပင် ရပ်လိုက်သည်။ သူမ လက်စွပ်မှ နွေးထွေးလာသည်ကို သူမက ခံစားနိုင်သည်။

“ဒီနေရာမှာလား၊ ကျင့်ကြံခြင်းနည်းစနစ်တွေလား” သူမက ပတ်ပတ်လည်ကို စေ့စေ့စပ်စပ် လှည့်ပတ်ကြည့်လိုက်လျှင် ပထမဆုံးအကြိမ်အနေဖြင့် သူမ၏ ကြာဖြူပန်းလေးက တစ်စုံတစ်ရာကို တုံ့ပြန်လာခဲ့သည်။

သူမက သူမအနီးမှာ ဆယ်ခုမျှသော ဆိုင်များကို တွေ့ရလျှင် သူမ လုံးဝ တောင့်တင်းသွားလေ၏။ သူမ မျက်လုံးများကို လှစ်ခနဲ နေအောင် လှည့်ပတ်လိုက်ပြီးနောက် နောက်ဆုံးတွင် သူမအကြည့်က စာအုပ်အဟောင်းဆိုင်ပေါ်သို့ ရောက်ရှိသွားတော့သည်။

စင်ပေါ်တွင် ပြသထားသည့် စာအုပ်များက အတော့်ကို စုတ်ပြတ်နေကြသည်။ တစ်ချို့စာအုပ်များက အဖုံးရှိရုံမျှသာ ဖြစ်ပြီး တစ်ချို့စာအုပ်များက ခေါင်းစဉ်ကိုပင် ဖတ်လို့ မရတော့ပေ။

ပါရမီရှင်သမားတော်Where stories live. Discover now