၁၆၅။ ဝါးမျိုခြင်း - ၃

1.4K 106 1
                                    

၁၆၅။ ဝါးမျိုခြင်း - ၃

ချီတိုင်းပြည်တွင် အားအကောင်းဆုံး ရွှေခြင်္သေ့က အနက်ရောင်သားရဲကြီး၏ တတိတိ ဝါးမျိုခြင်းကို ခံလိုက်ရလေပြီ။ ဂျန်ဝုရှီမှ လွဲ၍ အားလုံးက ထိုမြင်ကွင်းကြောင့် စိတ်အင်အားများ ဆုတ်ယုတ်ကုန်သည်။ အနက်ရောင်သားရဲကြီးသာ ရပ်ကျန်နေခဲ့ပြီး သူက သူ့လက်ဖဝါးများကို လျှာဖြင့် လျက်နေသည်။ သူက ကျေနပ်အားရသွားပုံပင်။

အနက်ရောင်သားရဲကြီးက သူ့အမြီးကို ယမ်း၍ ဂျန်ဝုရှီထံ လျှောက်လှမ်းသွားသည်။ သူ့အသံက “ညောင်”

လူတိုင်းက သူတို့ကြားရသည့် အသံကြောင့် ပြိုလဲကျမတတ် ဖြစ်သွားကြသည်။

“................” အံ့အားသင့်ဖွယ်ရာကောင်းပြီး သူတို့စိတ်နှလုံးများကိုပင် တုန်ယင်စေသည့် အနက်ရောင်သားရဲကြီးထံမှ ထွက်လာသည့် အသံက ထိုမျှလောက် ချစ်စရာကောင်းနေသည်လော။

အံ့အားသင့်ဖွယ်ရာကောင်းပြီး စိုးမိုးခြယ်လှယ်နိုင်လွန်းသည့် ပုံရိပ်က ချက်ချင်းပင် ပြိုလဲသွားသည်။

(ငါ အရင်က ဒီလောက် ဗိုက်ပြည့်အောင် မစားဖူးခဲ့ဘူး။)

“နင် ဘယ်လို ခြားနားချက်ကို ခံစားနေရလဲ” ဂျန်ဝုရှီက မည်သည့်အကျိုးဆက် ဖြစ်လာမည်ကို မသိပေ။ သူ့အသံကတော့ ကျေနပ်အားရနေပုံပင်။ သူမက သူ့ခေါင်းကို ပွတ်သပ်၍ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။

“ညောင်”

(ဘာမှတော့ အထွေအထူး မခံစားရဘူး၊ အရမ်း အရမ်း ကျေနပ်သွားတာကိုတော့ ခံစားရတယ်.. “ဝါး” ငါ ခဏလောက် အိပ်လို့ ရမလား။)

အပြည့်အဝ စားပြီးနောက် အနက်ရောင်သားရဲကြီးက အိပ်ချင်မူးတူး ဖြစ်လာသည်။ သူက ရပ်နေဖို့ပင် ခက်ခဲနေသည်။

ဂျန်ဝုရှီက ခေါင်းညိတ်ပြသည်။ အနက်ရောင် သားရဲကြီးက ရုတ်တရက် ပေါ်လာခဲ့ပြီး အခုလည်း ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ မည်သည့် အရိပ်အယောင်မျှ ရှိမနေတော့ချေ။

ပါရမီရှင်သမားတော်Where stories live. Discover now