၁၂၄။ သေခြင်းတရား ပေါ်ပေါက်လာခြင်း - ၁
မှောက်ကျသွားသည့် နို့ခွက်အတွက် အော်ဟစ်ငိုယိုနေလို့လည်း အကြောင်းမထူးတော့မှန်း ဘုရင်ကြီးလည်း သိသည်။ မိုရွှမ်ဖေးလည်း သိသည်။
သူတို့ ဆုတောင်းနိုင်တာက, သူတို့ အမိန့်ကို ဆောင်ရွက်ကြသည့် လူများက နှေးနှေးကွေးကွေး ဆောင်ရွက်ကြ၍ ဂျန်ရှင်းယန် အသက်ရှင်သေးဖို့သာ။ သို့မဟုတ်ပါက, သူတို့အားလုံး သူ့နောက် လိုက်၍ သေကြရမည် ဖြစ်သည်။
အေးစက်သည့် လေက တိုက်ခတ်နေသည်။ သို့သော် လူများရှေ့တွင် သတ်ဖြတ်ပြသည့် အေးစက်သည့် မြင်ကွင်းလောက်တော့ မအေးနိုင်ချေ။ အသက်ရှူကျပ်လောက်သည့် သွေးနံ့က သူတို့၏ အစာအိမ်ကို ဝင်ရောက်မွှေနှောက်နေသည်။ ကနေ့ည, ချီတိုင်းပြည်သည် အရာရှိပေါင်း သုံးပုံ တစ်ပုံကို ဆုံးရှုံးလိုက်ရသည်။ သူတို့၏ ခေါင်းများက နန်းတော်ဂိတ်တံခါးရှေ့ ဖုန်တောထဲတွင် လဲလျောင်းနေကြပြီ။
နောက်ဆုံးအရာရှိ၏ သက်မဲ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက်, ဂျန်ဝုရှီက သူ့လက်ကို မြှောက်လိုက်သည်။ ရူလင်းစစ်သားများက နောက်သို့ ဆုတ်ကာ ဓားများကို သွေးများသုတ်၍ ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ကြသည်။ သို့သော် ထိုညမှာ ထိုဓားများမှာ သေဆုံးသွားကြသည့် အသက်များကိုတော့ သုတ်သင်ဖယ်ရှားလို့ မရတော့ပေ။
ဂျန်ဝုရှီက ဘုရင်ကြီးကို ပြုံးပြသည်။
ထိုအပြုံးက တံတိုင်းပေါ်တွင် ရပ်နေသည့် ဘုရင်ကြီးကို အကြီးအကျယ် ကြောက်ရွံ့စေသည်။ ထိုအပြုံးနောက် လိုက်ပါလာမည့် ဆိုးကျိုးများကို သူက ကြောက်ရွံ့သည်မို့ တွန့်ဆုတ်စွာ ပြောလာသည် “ဝုရှီ, နင်က ချီတိုင်းပြည်ရဲ့ မကောင်းတဲ့ အစိတ်အပိုင်းတွေကို ကောင်းကောင်း ဖယ်ရှားခဲ့တာပဲ၊ နင်က ဂျန်ရှင်းယန်ရဲ့ ဆက်ခံသူပီသပါပေတယ်၊ လင်းအိမ်တော်ကို ဆုချီးမြှင့်ပါ့မယ်။”
![](https://img.wattpad.com/cover/290442876-288-k990938.jpg)