၇၂။ ကျောက်စိမ်းဝတ်ရည် - ၁

1.6K 167 2
                                    

၇၂။ ကျောက်စိမ်းဝတ်ရည် - ၁

သူမစားနေစဉ် အကြည့်ခံနေရသော်လည်း ဂျန်ဝုရှီက တည်ငြိမ်အေးချမ်းသည့် အမူအရာဖြင့် ဆက်လက် စားနေဆဲပင်။ သူမက မျက်လွှာချထားပြီး တူတစ်စုံဖြင့် အစားအစာများကို ကောက်ယူ စားနေသည်။ အခန်းထဲမှာ သူမတစ်ယောက်တည်း ရှိနေသလိုပင်။ အိမ်ရှေ့စံ၏ နန်းတော်မှာပင် သူမက အိမ်ရှေ့စံကို မျက်စိထဲ ထည့်မထားချေ။

အလွန်ကြာရှည်စွာ ကြည့်နေပြီးနောက်, အကြည့်ခံနေရသည့် သူမက တုံ့ပြန်မှု မရှိ, ခေါင်းပင် မော့မလာ၍ မိုချင်းယွမ် စိတ်ညစ်သွားပြီး ဝိုင်ခွက်ကို တရှိန်ထိုး မော့သောက်လိုက်သည်။

ဝိုင်က သူ့ပါးစပ်ထဲ ဝင်သွားပြီးသည်နှင့် သူ့လည်ချောင်းတစ်ခုလုံးက ပူစပ်ပူလောင် ဖြစ်လာပြီး သူ့အစာအိမ်သို့ ဆင်းသွားသည်။ ဘာဖြစ်နေသလဲလို့ သူ မသိလိုက်ခင်မှာပင်, အစာအိမ်ထဲမှာ ပူလောင်လာခဲ့ပြီး ထိုးအန်တော့သည်။

မည်သည့် ကြိုတင်သတိပေးချက်မျှ ရှိမလာဘဲ, သူ့အစာအိမ်အတွင်း ရှိရှိသမျှက အစားအစာများဖြင့် ပြည့်နေသည့် စားပွဲပေါ်သို့ ထိုးအန်ချလိုက်သည်။

“.............” ဂျန်ဝုရှီက နောက်ဆုံးတွင် မော့ကြည့်လာသည်။ သူမလက်ထဲတွင် ဖန်ခွက်လေး တစ်လုံးနှင့် ဆင်စွယ်တူတစ်စုံကို ကိုင်ထားဆဲ ဖြစ်နေပြီး အန်ထုတ်လိုက်သည့် မိုချင်းယွမ်ကို တည်ငြိမ်သည့် မျက်လုံးတစ်စုံဖြင့် သူမက ကြည့်လိုက်သည်။

ကြောင်နက်လေးက မှင်တက်သွားသည်။ သူ မစားရသေးသည့် စားပွဲပေါ်မှာတင် ရှိနေဆဲ ငါးတုံးများက သံသယဖြစ်စရာ အရည်များဖြင့် ဖုံးလွှမ်းသွားသည်။ သူ့အမွှေးပွများပေါ်သို့ပင် ယင်းအရည်များက စင်ကုန်၏။

“ငါ......” မိုချင်းယွမ်က အရာဝတ္ထုများကို ညစ်ပတ်အောင် လုပ်မိပြီဖြစ်မှန်း သိလိုက်၍ ရှင်းပြလိုသော်လည်း နောက်ထပ် သူက မည်သည့် စကားကိုမျှ မပြောနိုင်ခင်မှာပင် နောက်ထပ် မအီမသာ ဖြစ်လာပြီး သူ့ပါးစပ်ကို လျင်မြန်စွာ ကာ၍ အခန်းထောင့်သို့ ပြေးကာ သစ်သားပုံးထဲသို့ အန်ထည့်လိုက်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now