၅၆။ မွေးနေ့ပွဲ - ၁

1.7K 184 0
                                    

၅၆။ မွေးနေ့ပွဲ - ၁

ဂျန်ဝုရှီ၏ နှုတ်ခမ်းက အနည်းငယ် တွန့်သွားသည်။ စာအုပ်မှာ ပြဆိုထားသည်က ဆီးနှင်းကြာပန်းကို ပြုစုပျိုးထောင်ဖို့ အလွန်ထူးခြားသည့် ပတ်ဝန်းကျင်ကို လိုအပ်နေပြီး ရိုးရိုးရေတွင် မစိုက်ပျိုးနိုင်ဟူ၍ ဖြစ်သည်။ အစေ့များကို ရိုးရိုးရေတွင် စိုက်ပျိုးပါက, ကြာပန်း ညှိုးနွမ်းသွားမည်ဖြစ်ပြီး ပြန်လည်ကောင်းမွန်ဖို့ အခွင့်အရေး မရှိပေ။ နောက်တစ်နည်း ပြောရလျှင်, ရိုးရိုးရေတွင် ကြာစေ့များကို စိုက်ပျိုးပါက, သူတို့ သေကြမည် ဖြစ်သည်။

“.............”

ထို့အတူပင် သည်လောက် ဂျီးများသော ကြာပန်းကို မည်သည့် ရိုးရိုးရေနှင့်မျှ ပျိုးထောင်ပေးရန် မဖြစ်နိုင်ပေ။ ကောင်းကင်ဘုံစမ်းရေအပြင်, သူမ မှတ်သားမိတာက အခြားအရည်တစ်မျိုးဖြင့် ဆီးနှင်းကြာပန်းကို စိုက်ပျိုးလို့ ရခြင်း ဖြစ်သည်။ ၎င်းအရည်ကို “ကျောက်စိမ်းဝတ်ရည်”ဟု ခေါ်သည်။

သည်ကမ္ဘာပေါ်တွင်. သည်စကားရပ်က အလွန် အဆင့်မြင့်သည့် ဝိုင်ကို ဆိုလိုခြင်း ဖြစ်သည်။ ဂျန်ရှင်းယန်သည်ပင် သည်ဝိုင်ကို ခွက်သေးသေးလေးတစ်ခွက်စာမျှကိုသာ သောက်ရန် အခွင့်အရေး ရခဲ့သည်။ ပထမဆုံးအင်ပါယာက စစ်အောင်နိုင်ပွဲ ကျင်းပစဉ် သူ့ကို ချီးမြှင့်ခဲ့လို့ သောက်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

“နင်က အပင်ကို ပျိုးထောင်ဖို့ ဝိုင်ကိုလည်း သုံးလို့ရတာပဲဟာ..ဟမ်...” ဂျန်ဝုရှီက သူမနဖူးကြောများကို နှိပ်လိုက်သည်။ အတွေးနက်လို့ ဖြစ်ပေါ်လာသည့် တင်းမာမှုကို ဖြေလျှော့ရန် ဖြစ်သည်။ သည်ဝိုင်အမျိုးအစားက အလွန်တန်ဖိုးမြင့်ပြီး ရှားပါးသော်လည်း သူမ သိသည့် နောက်ဆုံးအရာ ဖြစ်၏။ ကောင်းကင်ဘုံစမ်းရေဆိုရင်တော့, သူမ ကြားပင် မကြားဖူးပေ။

ကျောက်စိမ်းဝတ်ရည်ကို ပထမအင်ပါယာက ပေးခဲ့ဖူးသည်။ သည်အရာက နန်းတော်ဘဏ္ဍာတိုက်တွင် သိမ်းဆည်းထားအုံးမည် ဖြစ်၍ ရရန် အခွင့်အရေး အမြင့်ဆုံး ဖြစ်သည်ဟု ဆိုလို၏။

ပါရမီရှင်သမားတော်Where stories live. Discover now