၈၇။ ဒါက ဆေးလုံးလေးပဲဟာ - ၁

1.6K 140 0
                                    

၈၇။ ဒါက ဆေးလုံးလေးပဲဟာ - ၁

“အိုး”ဂျန်ဝုရှီက မျက်ခုံး အနည်းငယ် ပင့်လိုက်သည်။

“ယန်ရှင်းအန်က ချီတိုင်းပြည်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်၊ ပြီးတော့ အရေးကြီး လူတစ်ယောက်လည်း ဖြစ်တယ်၊ သူမလက်ဆောင်ကို မယဉ်ကျေးတဲ့ တိရစ္ဆာန်က အသုံးမဝင်အောင် လုပ်လိုက်တာ, ဆိုးရွားလွန်းတဲ့ ကိစ္စပဲ၊ ကနေ့, ဒီလို ကိစ္စတွေ နောက်ထပ် မဖြစ်လာဖို့ ချင်းယန်ကလန်ကို တောင်းပန်တဲ့ အနေနဲ့ နင်က ဒီကြောင်ကို သတ်ပေးရမယ်” မိုရွှမ်ဖေးက အန္တရာယ်ပေးမည့် အပြုံးကို တောက်ပြောင်စွာ ပြုံးလိုက်သည်။ သူက ဂျန်ဝုရှီကို အိမ်ရှေ့စံနန်းဆောင်မှာ ထိလို့ မရသော်လည်း, ကြောင်အပေါ် အပြစ်ပုံချပြီး ၎င်းကြောင်ကို သတ်ပစ်တာက အရမ်း ခက်ခဲ့သည့် ကိစ္စမဟုတ်ချေ။

ကြောင်နက်လေးက သူမအတွက် အဖိုးဖြတ်မရဟူ၍ သူ ပြောနိုင်သည်။ လောလောဆယ် သူ အလွန်လုပ်ချင်နေတာက... သူမ၏ တည်ငြိမ်ပြီး အမူအရာ ကင်းမဲ့နေသည့် မျက်နှာကို ဖျက်ဆီးပစ်ခြင်းပင်။

မိုချင်းယွမ်က ဂျန်ဝုရှီကို ကာကွယ်ပေးနိုင်သော်လည်း ကြောင်နက်လေးကိုတော့ ကာကွယ်မပေးနိုင်ပေ။ သူက သူတို့နှစ်ဦးလုံးကို ကာကွယ်ပေးဖို့ ရွေးချယ်လိုက်လျှင်, ချင်းယန်ကလန်ကို ပါးရိုက်လိုက်တာ ဖြစ်လိမ့်မည်။

သည်ကိစ္စက သေးငယ်သည့် ကိစ္စဖြစ်သော်လည်း ပုံကြီးချဲ့ပြီး အသာစီးယူလိုက်ခြင်း ဖြစ်သည်။ မိုရွှမ်ဖေးက ချင်းယန်ကလန်၏ နာမည်ကို အသုံးချပြီး မိုချင်းယွမ်ကို ဖိအားပေးလိုသည်။

မိုချင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်လုံးများမှာ ဒေါသ အရိပ်အယောင်များကို တွေ့မြင်နေရသည်။

ဂျန်ဝုရှီက ကြောင်နက်လေးကို ကိုင်ထားရင်း တရစပ် အန်ထုတ်လာသည့် မိုရွှမ်ဖေးကို သာမန်လောက်သာ ကြည့်လိုက်သည်။

ကြောင်နက်လေး၏ မျက်လုံးများက ကျဉ်းမြောင်းလာသည်။ နူးညံ့နေသည့် ပတ်ဝန်းကျင်လေထုက တဖြည်းဖြည်း ပြောင်းလဲလာသည်။ ၎င်း၏ အရိပ်က အသွင်ပြောင်းမည့်ဟန် ဖြစ်ပေါ်လာသည်။ ဂျန်ဝုရှီက ပြောင်းလဲလာတာကို သိမြင်ခံစားမိ၍ လျင်မြန်စွာ ကြောင်နက်လေး၏ လည်ကုတ်ကို ဖိကိုင်လိုက်သည်။ ပိုမို လှုပ်ရှားလာမည်မှ တားမြစ်၍ တည်ငြိမ်အောင် သူမက ကြိုးစားပေးလိုက်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now