၁၁၀။ တိမ်ပျံအချက်ပြမီး - ၁

1.6K 143 5
                                    

၁၁၀။ တိမ်ပျံအချက်ပြမီး - ၁

“ဒါက နင့် ဝိညာဉ်လား” ဂျန်ချင်းက အံ့သြသွားသည်။

“ဟုတ်” ဂျန်ဝုရှီက ကြောင်နက်လေးက မည်သို့ ရောက်လာသလဲဆိုတာကို ရှင်းပြဖို့ရာ မစွမ်းသာပေ။ ထို့ပြင် ကြာပန်းလေးကလည်း ရေအိုင်ထဲတွင် မရင့်ကျက်သေးချေ။ ထို့ကြောင့် သူမက အလျဉ်းသင့်သလိုသာ ခေါင်းညိတ်ပြရသည်။

“နင့် စာချုပ်ဝိညာဉ်က နိုးထလာခဲ့တာလား” ဂျန်ချင်း အံ့အားသင့်စွာ မေးသည်။

“မကြာသေးပါဘူး, နည်းနည်း နောက်ကျနေတယ်လို့ ထင်တယ်” ဂျန်ဝုရှီက ပြန်ပြောသည်။

ဂျန်ချင်းက ဝမ်းသာသွားသည်။ ဂျန်ရှင်းယန်နှင့် ဂျန်ချင်းက ဂျန်ဝုရှီက မည်သည့်ဝိညာဉ်နှင့်မျှ ဆက်နွှယ်မှု မရှိဘဲ မွေးဖွားလာခဲ့သည်ဟူ၍ တွေးထင်ထားခဲ့ကြသည်။ သို့သော်လည်း မိုးကောင်းကင်က ဂျန်မိသားစုကို ကောင်းချီးပေးလိုက်ပုံရသည်။

ဂျန်ချင်းနှင့် ဂျန်ဝုရှီ စကားပြောနေစဉ်, သွေးများ စိုရွှဲနေသည့် ဦးလေးဖုက ၁၅ယောက်သော ရူလင်းစစ်တပ် အစောင့်များနှင့် အတူ အပြေးအလွှားရောက်ရှိလာသည်။ သူ့သခင်နှင့် မမလေး အဆင်ပြေနေတာကို တွေ့ရ၍ သူက ဒူးထောက်ပြီးလျှင် ဓားကို ဘေးမှာ ချထားလိုက်သည်။

“ကျနော့် နှောင့်နှေးကြန့်ကြာသွားတဲ့ အတွက်, သခင်လေးတို့ကို နာကျင်အောင် လုပ်မိပါပြီ, သခင်လေးနဲ့ မမလေး။”

“ဒါ အားလုံး အဆင်ပြေပါတယ်၊ မင်းတို့အားလုံး ထကြ” ဂျန်ျချင်းက သူတို့ကို သက်သာအောင် ပြောလိုက်သည်။ တစ်ရာလောက်ရှိသည့် ရန်သူအုပ်စုက ခြံဝန်းအရှေ့ဘက်သို့ ပြေးဝင်လာခဲ့သည်။ သည် ၁၅ယောက်သော အစောင့်များက အနိုင်ယူခဲ့ကြသည်။ သူတို့၏ အဝတ်များက အစုတ်စုတ်အပြတ်ပြတ် ဖြစ်ကုန်ကြသည်။ သူတို့ကိုယ်ပေါ်မှ သွေးများက ရန်သူ့သွေးတွေလား, သူတို့ဒဏ်ရာမှ သွေးတွေလားလို့ မကွဲပြားကြတော့ချေ။

ပါရမီရှင်သမားတော်Where stories live. Discover now