၄၁။ တစ္ဆေမြို့တော် - ၂

1.7K 176 0
                                    

၄၁။ တစ္ဆေမြို့တော် - ၂

ကံမကောင်းသဖြင့် အရင်းအမြစ်များကို သိုလှောင်ထားသည့် ခန်းမကြီးမှာ သူမနှင့် သင့်တော်သည့် ပညာရပ်များက ရှိမနေချေ။

ကျင့်ကြံခြင်းကမ္ဘာတွင် ပညာရပ်များနှင့် ကျင့်ကြံခြင်းနည်းစနစ်များအကုန်လုံးက  စာချုပ်ဝိညာဉ်ပေါ်တွင် အခြေခံထားကြသည်။

လက်နက်ပုံစံ, သားကောင်ပုံစံများသည် အချင်းချင်း လုံးဝ ကွဲပြားသည့် နည်းစနစ်များ ဖြစ်ကြသည်။

သို့ပင် ဖြစ်စေကာမူ ဂျန်ဝုရှီ၏ စာချုပ်ဝိညာဉ်သည် သမားရိုးကျဖြစ်သည့် ထိုအမျိုးအစားနှစ်မျိုးလုံးမှာ ပါဝင်မနေချေ။ ထို့ကြောင့် သူမက မည်မျှလောက် ဖတ်နေပါစေ, မည်မျှလောက် ရှာဖွေနေပါစေ, သူမနှင့် သင့်တော်သည့် ပညာရပ်တစ်ခုတစ်လေကိုပင် ရှာဖွေ မတွေ့ရှိခဲ့ပေ။

သူမက ပညာရပ်တစ်ခုတစ်လေကိုပင် ရှာဖွေ မတွေ့ရှိခဲ့လျှင် သူမ၏ ဝိညာဉ်စွမ်းအားကို လေ့ကျင့်ဖို့ရာ မဖြစ်နိုင်တော့ပေ။

သူမက ဘယ်နေရာမှာ အပင်အမျိုးအစား ကျင့်ကြံခြင်းနည်းစနစ်ကို ရှာဖွေရမည်နည်း၊ သည်ပြဿနာက သူမအတွက် ခေါင်းခဲစရာ ဖြစ်လို့နေသည်။

လင်းအိမ်တော်အတွင်းမှာ ကျင့်ကြံခြင်းနည်းစနစ်ကို ရှာဖွေ မတွေ့ရှိရ၍ သူမက စိတ်ပျက်ငြီးငွေ့သွားသည်။ သူမ ခေါင်းထဲတွင် စိတ်ကူးအကြံတစ်ခု ဖျတ်ခနဲ ပေါ်ပေါက်လာသည်။

သည်ခန္ဓာကိုယ်၏ မှတ်ဉာဏ်အရ နေပြည်တော်အတွင်းမှာပင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားသည့် လျှို့ဝှက်နေရာ တစ်ခု ရှိသည်။

ထိုနေရာက မြို့တော်အစွန်ဖက်, ချောင်ကျသည့် နေရာမှ ဝင်ရသည့် မြေအောက်ဈေး ဖြစ်သည်။ မြို့တော်တွင် ရှာဖွေမတွေ့နိုင်သည့် ရှားပါး ပစ္စည်းများစွာကို ယင်းနေရာတွင် ရှာဖွေ တွေ့ရှိနိုင်သည်။ ယင်းနေရာမှာ သမားရိုးကျမဟုတ်သည့် အရာများကိုလည်း ရောင်းချကြသည်။

ပါရမီရှင်သမားတော်Where stories live. Discover now