၁၆၈။ အုပ်ချုပ်သူ ပြောင်းလဲသွားခြင်း - ၂

1.4K 95 0
                                    

၁၆၈။ အုပ်ချုပ်သူ ပြောင်းလဲသွားခြင်း - ၂

အိမ်ရှေ့စံက ရူလင်းစစ်တပ်ကို ဦးဆောင်၍ နန်းတွင်းသို့ ဝင်သွားပြီးနောက် နေ့တစ်ဝက်လောက်နှင့်ပင် ဘုရင်ကြီး နတ်ရွာစံသည့်သတင်းက နေပြည်တော်တခွင်တွင် ပျံ့နှံ့သွားလေ၏။ မိုချင်းယွမ်က နန်းပလ္လင်ကို အောင်မြင်စွာ ဆက်ခံရရှိသည်။

၇ရက်ကြာပြီးနောက် နန်းတက်ပွဲ ကျင်းပသည်။

ချီတိုင်းပြည်အုပ်ချုပ်သူက တိတ်ဆိတ်ငြိမ်သက်စွာ ပြောင်းလဲသွားသည်။

ဘုရင်ကြီး၏ လက်ပါးစေများ ဖော်လံဖားသူများကို ဂျန်ဝုရှီ၏ မညှာမတာ သတ်ဖြတ်ခဲ့ခြင်းကြောင့် နန်းတက်ပွဲကို ကန့်ကွက်သူ မည်သူမျှ မရှိခဲ့ပေ။

နန်းတွင်းအရာရှိများက မိုချင်းယွမ်နှင့် ဂျန်ဝုရှီတို့၏ ဆက်ဆံရေးကို ကွက်ကွက်ကွင်းကွင်း မြင်ကြသည်။ မိုချင်းယွမ်က ဘုရင်ကြီးဖြစ်လာတော့ ဘုရင်မက ဂျန်ဝုရှီဟူ၍ သတ်မှတ်ထားကြသည်။ ထို့ပြင် ကြောက်မက်ဖွယ် ရူလင်းစစ်တပ်က နေပြည်တော်ထဲတွင်ပင် တပ်စွဲထားခြင်းကြောင့် သူတို့က ပိုမို၍ ခေါင်းငုံ့ထားကြသည်။

နန်းတက်ပွဲက မည်သည့်ပြဿနာမျှ မရှိဘဲ ပြီးဆုံးသွားသည်။ နန်းတော်တစ်ခုလုံးကို စေ့စေ့စပ်စပ် သန့်ရှင်းဖို့ မိုချင်းယွမ်က အမိန့်ပေးသည်။ ဒုတိယမင်းသားနှင့် ဘုရင်ဟောင်းကို ခစားသည့် နန်းတွင်းသူများ, မိန်းမစိုးများ အားလုံးကို ဖယ်ရှားပစ်ပြီး နန်းတော်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်လိုက်သည်။

သူ့အသက် ခြိမ်းခြောက်ခံရသည်မှ, နန်းတက်ပွဲအထိ လအနည်းငယ်သာ ကြာခဲ့သည်။ အိပ်မက်တစ်ခုလိုပင်။

ဂျန်ဝုရှီကြောင့်သာ မဟုတ်လျှင် အိမ်ရှေ့စံ နန်းဆောင်တွင် သူ သေနေတာ ကြာလောက်ပြီ။

“အရှင်မင်းကြီး, မင်းကြီးအမိန့်အတိုင်း လင်းအိမ်တော်ကို ပစ္စည်းတွေ ပို့ပြီးပါပြီ။” မိုချင်းယွမ် နန်းတက်ပြီးတာ နှစ်ရက်ကျော်သာ ရှိသေးသည်။ သို့သော် နန်းတွင်းရှိ မိန်းမစိုးများက လက်ရှိအုပ်ချုပ်သူ ဘုရင်မင်းမြတ်ကိုသာ ထုံးစံအတိုင်း အလုပ်အကျွေး ပြုကြသည်။

ပါရမီရှင်သမားတော်Where stories live. Discover now