၉၀။ ပထမရိုက်ချက် - ၁

1.6K 153 3
                                    

၉၀။ ပထမရိုက်ချက် - ၁

လက်ရှိကမ္ဘာ၏ ဆေးပညာက ဂျန်ဝုရှီ၏ အရင်ကမ္ဘာမှ တရုတ်တိုင်းရင်းဆေးပညာနှင့် အလွန်ပင် ဆင်တူလှသည်။ သူမက အနောက်တိုင်း ဆေးပညာမှာ တိုးတက်မလာနိုင်သော်လည်း တရုတ်တိုင်းရင်းဆေးပညာက သူမအတွက်တော့ လွယ်လွယ်ကူကူပင်။

ဆေးအမယ်များကို တစ်ခုပြီး တစ်ခု ရောနှောပေါင်းစပ်နေသည်ကို ကြည့်ရင်း ကြောင်နက်လေးက သူ့အမြီးကို လှုပ်ရှားနေသည်။ သူ့ရှေ့မှ မြင်ကွင်းက အလွန် ကျွမ်းဝင်နေတာကို ခံစားနေရသည် ဖြစ်၍ သူက မလှုပ်ဘဲ မနေနိုင်အောင် ဖြစ်နေရသည်။

သည်မြင်ကွင်းက အတိတ် ဆယ်စုနှစ်တုန်းက,ဂျန်ဝုရှီနှင့် အတိအကျတော့ မတူညီပေ။ အတိတ်တုန်းက သူမသည် အခန်းထဲအောင်းကာ ဆေးတစ်ပုံတစ်ခေါင်းနှင့် ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့သည်။

စာကြည့်ခန်းထဲတွင်, ဘိုင်ယန်ရှင်းအန်က အပြင်းအထန် စကားစစ်ထိုးနေကြသည့် မိုရွှမ်ဖေးနှင့် မိုချင်းယွမ်ကို အေးတိအေးစက် ကြည့်နေသည်။

အလင်းရောင်က မှေးမှိန်လာနေပြီ, နေရောင်က ကျဆင်းသွားလေပြီ, နေပြည်တော်က ဝင်လုဆဲ နေရောင်မှ အလင်းအနွေးဓာတ်ဖြင့် တောက်ပရွှန်းစိုနေလေပြီ, နန်းတော်က ယစ်မူးဖွယ်ရာ အလှဖြင့် လွှမ်းခြုံလို့ နေလေပြီ။

“ငါက ဘယ်လောက်ကြာအောင် စောင့်နေရမှာလဲ” မိုရွှမ်ဖေးက ကောင်းကင်ကို မော်ကြည့်၍ သူ့စိတ်ရှည်မှုက တဖြည်းဖြည်း ပျောက်ဆုံးလာသည်။

ဒါက နေ့တစ်ဝက်ပင် ရှိနေပြီ၊ ဂျန်ဝုရှီကို အရိပ်အယောင်ပင် မမြင်ရသေး၊ သူမကို ကာကွယ်ပေးဖို့ မိုချင်းယွမ်က သူ့လူများကို တိုးတိုးတိတ်တိတ် သူမကို ကွယ်ဝှက်ခိုင်းထားသလားလို့ သူက စတင်၍ သံသယ ဝင်လာသည်။

သူက မတ်တပ်ရပ်လိုက်သည်။ စစ်ဆေးရန် ရည်ရွယ်သည်။

“စိတ်မရှည်တော့ဘူးလား, ညီတော်” မိုချင်းယွမ်က ရယ်စစဖြင့် မျက်ခုံးပင့်ကာ မိုရွှမ်ဖေးကို ကြည့်လိုက်သည်။ သူ့မျက်နှာတော့ လှောင်ရိပ်သန်းနေသည်။

ပါရမီရှင်သမားတော်Where stories live. Discover now