၁၄၈။ အဆိပ် - ၃

1.2K 92 0
                                    

၁၄၈။ အဆိပ် - ၃

မိုချင်းယွမ်က သူမပြောတာကို နာခံ၍ သတိထားကာ ကျောက်တုံးစားပွဲဆီသို့ ရောက်ရှိလာသည်။ ဂျန်ဝုရှီက နက်နက်နဲနဲ စဉ်းစားနေတာကို တွေ့ရလျှင် သူက တိတ်ဆိတ်စွာသာ နေလိုက်သည်။

“ထိုင်” ဂျန်ဝုရှီက အမိန့်ပေးသည်။

မိုချင်းယွမ်က ခပ်ယို့ယို့လေး ထိုင်လိုက်သည်။

“လက်ပေး”

ဂျန်ဝုရှီက အမိန့်တစ်ခုပေးတိုင်း သူက ကန့်ကွက်ချက်မရှိ ဆက်လက် လုပ်ဆောင်သည်။ ဂျန်ဝုရှီက မိုချင်းယွမ်၏ လက်ကို သွေးစမ်းရန် ဟန်ပြင်စဉ်, လောင်ချီက ခြံဝန်းအတွင်းသို့ လျင်မြန်စွာ ဝင်လာသည်။ သူ့အမူအရာက စိုးရိမ်ပူပန်နေဟန်ရသည်။

“သခင်မလေး” လောင်ချီက ဒူးတစ်ဖက် ထောက်လိုက်သည်။

“ဘာဖြစ်နေလို့လဲ” ဂျန်ဝုရှီ၏ အနံ့ခံအာရုံက နောက်ထပ် သွေးနံ့ကို လောင်ချီထံမှ ရရှိသည်။ အလွန်းပါးလျသည့် သွေးနံ့ဖြစ်သည်။ မိုချင်းယွမ်မှ ရရှိသလို စိမ်းစိမ်းကြီး မဟုတ်ပေ။ လေထုထဲမှ ကပ်ငြိပါဝင်လာပုံရပြီး သူ့ကိုယ်ပေါ်မှာ တိုက်ရိုက်သွေးရှိပုံ မပေါ်ပေ။

“ပြဿနာတက်နေပြီ” လောင်ချီက တိုတိုတုတ်တုတ် ပြောသည်။

တစ်ရက်အတွင်းမှာပင် ထူးဆန်းသည့် ခန္ဓာကိုယ်ပေါက်ကွဲခြင်း အခု ငါးဆယ် ဖြစ်ခဲ့သည်။ ပေါက်ကွဲတာက နေရာအနှံ့မှာ ဖြစ်သည်။ သို့သော် ပေါက်ကွဲပုံက မိုချင်းယွမ်တွေ့ကြုံခဲ့ရသည့် တစ်ခုနှင့် ပုံစံတူ ဖြစ်သည်။

တစ်ယောက်တည်းသာ ပေါက်ကွဲလျှင် ဒါက မတော်တဆမှု ဖြစ်သည်။ တစ်ချိန်တည်းမှာ အကြောင်းအရာက အဖြစ်များလာလျှင်, ဒါက မတော်တဆမှု မဟုတ်တော့ပေ။

နေရာအနှံ့မှာ ပေါက်ကွဲခြင်းဖြစ်သည့်အတွက် လူထုက မငြိမ်မသက် ဖြစ်နေသည်။ သူတို့က အလွန် မသက်မသာ ခံစားနေကြရသည်။

ပါရမီရှင်သမားတော်Where stories live. Discover now