၈၉။ ဒါက ဆေးလုံးလေးပဲဟာ - ၃

1.5K 134 0
                                    

၈၉။ ဒါက ဆေးလုံးလေးပဲဟာ - ၃

နန်းတွင်းသူက ဂျန်ဝုရှီကို မျက်တောင် ပုတ်ခတ်ပုတ်ဖြင့် ကြည့်လိုက်သည်။ သူမလက်ထဲတွင် ဆေးဖက်ဝင်အမယ်စာရင်းက အပြည့်ပင်။ ထို‌ဆေးဖက်ဝင်အမယ်များဖြင့် ဘာလုပ်မှာလဲ, ဂျန်မိသားစု၏ သခင်မလေးက ဘာလုပ်ချင်နေတာလဲ... သူမက ဇဝေဇဝါ ဖြစ်နေသည်။

ဂျန်ဝုရှီက ဖြတ်ခနဲ ကြည့်လိုက်သည်။ နန်းတွင်းသူလေးက ထိုမျက်လုံးများမှ အေးစက်မှုကို ခံလိုက်ရသည်။ သူမက ချက်ချင်းပင် ကသုတ်ကရက်ဖြင့် တံခါးပေါက်သို့ လှည့်ထွက်သွားလေ၏။

“သခင်မလေးရဲ့ နိမ့်ကျတဲ့ အစေခံက ဒါတွေကို ပြင်ဆင်ပေးပါ့မယ်။”

“ငါက ကြောက်စရာ ကောင်းနေသလား” ဂျန်ဝုရှီက သူမလက်မောင်းထဲမှ ကြောင်လေးကို မေးသည်။ သူမက ကိုယ်ကို ကိုင်း၍ တံခါးပေါက်မှ ကသုတ်ကရက် ထွက်သွားသည့် နန်းတွင်းသူမလေး၏ ကျောပြင်ကို ကြည့်နေမိသည်။

“မဟုတ်ပါဘူး, သူတို့က နှလုံးသား အားနည်းကြလို့ပါ။” အနားမှာ မည်သူမျှ မရှိသဖြင့် ကြောက်နက်လေးက သူ၏ လူသားစကား ပြောနိုင်သည့် စွမ်းရည်ကို ကွယ်ဝှက်ထားစရာ မလိုတော့ပေ။

လူများက ဂျန်ဝုရှီကို ကြောင်နက်လေးလောက် နားမလည်ကြချေ။ သူမက မာနကြီးသူလည်း မဟုတ်သလို, အဖက်မတန်သလို ဝင့်စားသူလည်း မဟုတ်ပေ။ သူမက.... တခြားသူများနှင့် မတူသော်လည်း... တခြားသူများလို ပုံမှန်သာ ဖြစ်သည်။

မွေးဖွားလာကတည်းက တယောက်တည်း နေလာခဲ့ရသူအတွက် စဉ်းစားကြည့်လျှင်, လူမူဆက်ဆံရေးမှာ   ဂယက်ရိုက်မှုကတော့ ရှိနေမှာက အသေအချာပင်။

ဂျန်ဝုရှီက အသက် ၁၃နှစ်တိုင်အောင် အပိတ်ခံထားရပြီး, သူမကမ္ဘာက သူမကိုယ်တိုင်သာ ဖြစ်ခဲ့သည်။ ဆေးပုံများ, ကုသမှုများအကြား ကြီးပြင်းလာခဲ့သည်။ ထို့ပြင် အေးစက်ပြီး အသက်မဲ့သည့် ဆေးအကူပစ္စည်းများကြားတွင် နေထိုင်ခဲ့ရသည်။

ပါရမီရှင်သမားတော်Where stories live. Discover now