၉၉။ အထုအထည်လိုက် ထုတ်လုပ်ခြင်း

1.5K 152 3
                                    

၉၉။ အထုအထည်လိုက် ထုတ်လုပ်ခြင်း

ရူလင်းစစ်တပ်သို့ သွားရောက်ပြီးနောက်, ဂျန်ဝုရှီက နောက်ဆုံးတွင် ဂျန်မိသားစု၏ နောက်ကွယ်မှ အင်အားကို နားလည်သွားခဲ့သည်။ သည်ထက်မြိနေသည့် ဓားသွားက ဂျန်မိသားစုအား အကောက်ကြံသူများကို သတ်ဖြတ်ပစ်ခဲ့၍ ဘုရင်ကြီးကိုပင် အလေးအနက် ထားစေခဲ့သည်။ ဂျန်မိသားစုနှင့် ဆန့်ကျင်သည့် လှုပ်ရှားချက်မှန်သမျှကို ဟန့်တားစေခဲ့သည်။

ဂျန်ရှင်းယန်နှင့် ဂျန်ချင်းက ရူလင်းစစ်တပ်ကို ထိန်းသိမ်းထားဖို့ လုံလောက်သည့် အစွမ်းမရှိပါက သူတို့၏ သြဇာအာဏာကို ပြန်လည် အပ်နှင်းရမည် ဖြစ်သည်။

အခု, သည်ကိစ္စက ပြောင်းလဲသွားပြီ။

သူမက ရူလင်းစစ်တပ်မှ ပြန်လာပြီးနောက် ဆေးဖော်စပ်ခန်းသို့ တိုက်ရိုက်သွားသည်။

ဂျန်မိသားစု၏ ထက်မြိနေသည့် ဓားသွားကို ပိုမို ထက်မြိလာအောင် သွေးပေးရမည်။

ထိုနေ့မှ စ၍ ဂျန်ဝုရှီသည် လင်းအိမ်တော်မှ ထွက်မလာတော့ပေ။ သူမက ဆေးစပ်ခန်းထဲတွင်သာ အောင်းနေခဲ့သည်။ ဆေးဝါးကုန်ကြမ်းများကို တစ်ပုံတစ်ခေါင်း နေ့စဉ် ပို့ပေးနေရသည်။ အိမ်ရှေ့စံနန်းဆောင်သို့ သူမ မသွားဖြစ်သော်လည်း, အိမ်ရှေ့စံက တစ်ရက်ခြား နှစ်ရက်ခြားစီ ကျောက်စိမ်းဝတ်ရည်ကို ပို့ဆောင်ပေးခဲ့သည်။

အညှောင့်ထွက်နေသည့် ကြာစေ့လေးကိုပင် ဆေးဖော်စပ်ခန်းသို့ ပြောင်းရွှေ့ယူသွားသည်။ မည်သူမျှ ဆေးစပ်ခန်းမှာ သူမ ဘာလုပ်နေသလဲဆိုသည်ကို မသိကြချေ။

ဂျန်ဝုယောင်းက တံခါးကို တွန်းဖွင့်၍ ဝင်သွားလျှင် သေးသွယ်သည့် ပုံရိပ်‌လေးကို ကုလားထိုင်ပေါ်တွင် မှီ၍ အနားယူအိပ်စက်နေတာကို တွေ့လိုက်ရသည်။

ဂျန်ဝုရှီ၏ ငြိမ်သက်အေးချမ်းသည့် အလှက အိပ်စက်နေသည့် အခါတွင် ပေါ်လွင်လို့ နေသည်။ သူမ၏ ပုံမှန် အေးစက်စက် အမူအရာ မရှိတော့ပေ။ သူမနှင့် အလှမ်းကွာသွားသောကြောင့် ဖြစ်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now