၆၁။ ညစာစားပွဲ - ၃

1.6K 172 0
                                    

၆၁။ ညစာစားပွဲ - ၃

ဘုရင်မင်းမြတ်၏ ဘေးတွင် ထိုင်နေသည့် လူငယ်က ချောမောပြီး မိုရွှမ်ဖေးနှင့် ရုပ်ချင်း ဆင်သည်။ သို့သော် သူက ပို၍ ဣန္ဒြေမဲ့ပုံ ပေါက်နေ၏။ ဘုရင်မင်းမြတ်က သူနှင့် စကားပြောနေစဉ် သူက မျက်မှောင်ကြုတ်ထားသည်။ သူက ငွေရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သို့သော် မွေးနေ့ပွဲသို့ တက်ရောက်လာသည့် ဧည့်သည်များနှင့် နှိုင်းယှဉ်လျှင် သာမန်ဆန်လွန်းသည်။ သူ၏ အတွင်းဝတ် ဆီးနှင်းရောင် ဝတ်စုံက အပြင်သို့ ပေါ်ထွက်နေသည်။ သူက ဝိုင်ခွက်ကို ကိုင်၍ မလှုပ်မယှက်သာ ထိုင်နေ၏။

ညစာစားပွဲက စတင်ရုံသာ ရှိသော်လည်း သူက အတော်မူးနေလေပြီ။ သူ့မျက်လုံးများက မူးယစ် ရီဝေနေပုံ ပေါ်နေသော်လည်း မျက်လုံးများကတော့ ထက်မြက်နေဆဲပင်။

တစ်ချက်ကြည့်ရုံဖြင့်ပင် အိမ်ရှေ့စံမှာ တစ်ခုခု မှားယွင်းနေတာကို ဂျန်ဝုရှီ ခံစားမိသည်။ သို့သော် သူမက ဘာမျှ မပြောဘဲ သူမနေရာမှာသာ တိတ်ဆိတ်စွာ ဆက်လက် ထိုင်နေသည်။

ဘုရင်မင်းမြတ်၏ အခြားတစ်ဖက်တွင် မိုရွှမ်ဖေးက သူ့အလှလေးဖြစ်သူ ဘိုင်ယန်ရှင်းအန်နှင့် တွဲဖက် ထိုင်နေသည်။ ရွှေစုံတွဲက ပြုံးရွှင်ရယ်မောနေသည်။ သူတို့ ရယ်မောသံက ပွဲတော်နှင့် လိုက်ဖက်ညီစွာ ဖြစ်နေပြီး သူတို့ စိတ်ဝိညာဉ်က အမြင့်ဆုံးသို့ ရောက်ရှိနေသည်။

ခန်းမကြီးမှ လှန်းကြည့်လျှင် အိမ်ရှေ့စံနှင့် ဒုတိယမင်းသားလေးတို့၏ အကြားမှ ကွာခြားချက်က သိသာလွန်းနေသည်။

ဘုရင်မင်းမြတ် ဖိတ်ထားသည့် ဂီတပညာရှင်များက ဂုဏ်ပြုအရက်ခွက် မြှောက်ရန် လှပ သေသပ်စွာ အချက်ပြလိုက်သည်။ မိုရွှမ်ဖေးက ခါးကို မတ်လိုက်ပြီး သူ့အကိုအား မွေးနေ့ဆုတောင်းပေး၍ လူတိုင်း၏ တက်ရောက်လာခြင်း လက်ဆောင်းပေးခြင်းများကို ကျေးဇူးတင်စကား ပြောကြားလိုက်သည်။

ကနေ့ညအတွက် အဓိကဇာတ်ကောင် ဖြစ်သည့် အိမ်ရှေ့စံမင်းသား မိုချင်းယွမ်က သူ့နေရာမှာသာ ကုတ်ကုတ်လေး ဝိုင်ကို သောက်ရင်း ထိုင်နေသည်။

ပါရမီရှင်သမားတော်Where stories live. Discover now