၄၅။ စုတ်ပြတ်နေသော စာအုပ်များ - ၃

1.6K 177 0
                                    

၄၅။ စုတ်ပြတ်နေသော စာအုပ်များ - ၃

သူမက ခဏလောက် စဉ်းစားချင့်ချိန်နေပြီး နောက်ဆုံးတွင် ပြောထွက်လာသည် “နေပါအုံး။”

ဖိုသီဖတ်သီ လူငယ်လေးက စိတ်မဝင်စားဟန်ဖြင့် ဖြည်းလေးစွာ သူ့ခေါင်းကို လှည့်လိုက်ပြီး စိုးရိမ်ပူပန်စွာ ပြောသည် “တကယ့်ကို ဝမ်းနည်းပါတယ်၊ ငါက သက်စောင့်ဆေးတွေကို စိတ်မဝင်စားပါဘူး...”

“ငါ သိပါတယ်”ဂျန်ဝုရှီက ခေါင်းညိတ်လိုက်သည်။ သူ့တုံ့ပြန်မှုက သိသာထင်ရှားစွာ ကွဲလွဲသွားလေပြီ။

“ငါ နင့်ကို မေးစရာရှိလို့၊ ဒီအနီးအနားမှာ သက်စောင့်ဆေးတွေကို လက်ခံပေးပြီးတော့ နင်လိုချင်တဲ့ဟာနဲ့ လဲလှယ်ပေးနိုင်တဲ့ ဆိုင် ဘယ်မှာ ရှိနေသလဲလို့” သူက သူမကို တဲ့တိုးပင် မေးလိုက်သည်။

သူက သူမကို ကြည့်ကာ ခဏလောက် စဉ်းစားလိုက်ပြီး သူ့နှာခေါင်းကို ပွတ်သပ်လျက် ပြန်ပြောသည် “ဒီမှာ သက်စောင့်ဆေးတွေနဲ့ ပုလဲကို လဲလှယ်ပေးတဲ့ လူတစ်ယောက်တော့ တကယ်ရှိနေတယ်၊ အင်း ... သူလိုချင်တဲ့ သက်စောင့်ဆေးက.. အတော်တော့ .... စစ်မှန်မှ ရမယ်၊ မင်းလို ကလေးတစ်ယောက်မှာ သူ လိုချင်တဲ့ သက်စောင့်ဆေး ရှိမယ်လို့တော့ ငါ မထင်ဘူး။”

သူ့ရှေ့ရှိ သည်ကလေးက နုနယ်ဟန်ရပြီး သူ့အတွက် မျှော်လင့်စရာလည်း ဘာမျှရှိနေဟန် မရပေ။ ထို့ပြင် အခြားလူများရှေ့တွင် သူ့ကို အရှက်ခွဲပင် ခွဲနိုင်သေးသည်။ တစ္ဆေမြို့တော်တွင် သည်လို ငယ်ရွယ်သည့် ကလေးမျိုးကို တွေ့ရခဲသော်လည်း သည်လို ငယ်ငယ်လေးမှာ ပုလဲများနှင့် လဲလှယ်ရန် မည်သို့သော သက်စောင့်ဆေးကို သူက ပိုင်ဆိုင်ထားသနည်း။

“အဲကို ငါ့ ခေါ်သွားပေး” ဂျန်ဝုရှီက တုံးတိတိ ပြောသည်။

လူငယ်က သူမကို မျက်လုံးပြူးကာ ကြည့်လိုက်မိသည်။ ထို့နောက် သူက ပြောင်တလင်းခါနေသည့် သူ့ဆိုင်ငယ်လေးကို ပြန်ကြည့်ပြန်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now