၁၄၉။ အဆိပ် - ၄

1.3K 99 1
                                    

၁၄၉။ အဆိပ် - ၄

သူက ချက်ချင်းပင် သန်မာသည့် ခြေလှမ်းများဖြင့် ကျောက်တုံးစားပွဲသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းလာပြီး ဂျန်ဝုရှီ ညွှန်ကြားသည့်အတိုင်း သူ့အင်္ကျီလက်ကို မတင်၍ ကြွက်သားအပြိုင်းပြိင်းထနေသည့် သူ့လက်မောင်းကို သူမအား ပြသည်။

သူမက စစ်ဆေးပြီးလျှင် နောက်တစ်ယောက်က ရှေ့သို့ တက်လာသည်။

အချိန်တိုအတွင်းမှာပင် ရူလင်းစစ်သားများကို စမ်းသပ်စစ်ဆေးခြင်းက ပြီးဆုံးသွားသည်။ ဂျန်ဝုရှီမျက်နှာက အေးစက်စက် ဖြစ်လာသည်။

“လောင်ချီ, ဦးလေးဖုကို လွှတ်လိုက်ပါ, နင်တို့ ဆေးပေးခန်းမှာ ငါ့ကို စောင့်နေကြ” ဂျန်ဝုရှီက မတ်တပ်ရပ်ရင်း အမိန့်ပေးသည်။

“ဘယ်လိုတဲ့လဲ” ဂျန်ဝုရှီ၏ အမူအရာက မိုချင်းယွမ်ကို မသက်မသာ ခံစားရစေသည်။

ဂျန်ဝုရှီက ပြန်ပြောသည် “ကလေးကလားပါ၊ သူတို့က ခန္ဓာကိုယ်တွေကို ဖောက်ခွဲပစ်တာထက် ပို မလုပ်နိုင်တော့ဘူးလား မသိဘူး” သူမအသံက အေးစက်နေသည်။

မိုချင်းယွမ်က ပိုမို၍ အံ့သြသွားသည်။ ကနေ့ ခန္ဓာကိုယ်များ ပေါက်ကွဲခြင်းက မြို့တော်ကို အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သည်၊ ဒါတောင် ကလေးကလားလား၊ ဘာတွေ ဖြစ်နေတာလဲ။”

ခဏအကြာတွင်, ဦးလေးဖု ရောက်ရှိလာသည် “သခင်မလေး, ဘာများ အမိန့်ရှိချင်ပါသလဲ။”

“ဖိုးဖိုးနာမည်နဲ့, ဆေးဂိုဒေါင်တွေ ဆေးခန်းတွေကနေ ‌ဆေးဖက်ဝင်မှန်သမျှ သိမ်းယူလာခဲ့ပါ၊ လင်းအိမ်တော် ဆေးဂိုဒေါင်ကနေလည်း ဆေးတွေပါ ပါတယ်၊ အကုန်လုံး ဒီကို ပို့လိုက်ပါ, ချက်ချင်း ဆောင်ရွက်ပါ။” ဂျန်ဝုရှီ၏ လေသံက ဆွေးနွေးညှိနှိုင်းခန်းပင် မပေးချေ။ ဦးလေးဖုက သူမတောင်းဆိုမှုကြောင့် အံ့အားသင့်သွားသော်လည်း တိတ်ဆိတ်စွာသာ နေ၍ အမိန့်အတိုင်း ဆက်လက်ဆောင်ရွက်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now