၂၆။ အဆိပ် - ၄

1.7K 216 0
                                    

၂၆။ အဆိပ် - ၄

တစ်နေ့နှင့် တစ်ရက်ကြာအောင် ဂျန်ချင်းက သေအံ့မူးမူးဖြင့် အိပ်ရာပေါ်တွင် လဲလျောင်းနေသည်။ ရောက်ရှိလာကြသည့် သမားတော်အားလုံးက သွေးခုန်နှုံး စမ်းသပ်ပြီးနောက် စိုးရိမ်တကြီး ဖြစ်သွားကြကာ တစ်ခွန်းတည်း ပြောကြတာက - ဂျန်ချင်းက သေမင်းတံခါးဝသို့ ခြေတစ်လှမ်းသာ လိုတော့သည်ဟူ၏။

ဂျန်ရှင်းယန်က ညတွင်းချင်းပင် ဆယ်နှစ်စာ အိုမင်းသွားပုံရသည်။ သူက သူ့သားဘေးမှာ ထိုင်လိုက်ပြီး သမားတော်များကို လက်ဝှေ့ယမ်းပြလျက် နန်းတော်သို့သာ ပြန်ခိုင်းလိုက်တော့သည်။ သူက သူ့မျက်နှာကို လက်များဖြင့် အုပ်ထားပြီး ဝမ်းနည်းကြေကွဲစွာ ထိုင်နေ၏။

----------------------

“ဒါက အမှန်လား”စာကြည့်ခန်းထဲတွင် ထိုင်နေသည့် ဘုရင်မင်းမြတ်က ဂျန်ချင်းအခြေအနေကို လျှောက်တင်နေသည့် သမားတော်၏ စကားကို နားထောင်နေသည်။ သူက တည်ကြည်ငြိမ်သက်စွာ နားထောင်နေသဖြင့် သူ့မျက်နှာက အမူအရာကင်းမဲ့လျက်။

“နိမ့်ကျတဲ့ ဒီသမားတော်က မလိမ်ရဲပါဘူး၊ ဂျန်ချင်းမိနေခဲ့တဲ့ အဆိပ်က တကယ့်ကို ထကြွလာပြီး နှလုံးအထိ အဆိပ်ရောက်သွားပါပြီ၊” သမားတော်က အမှန်တရားအပြည့်ဖြင့် လျှောက်တင်သည်။

“သနားစရာပဲ၊ ဆီးနှင်းတောင် ဂျင်ဆင်းနဲ့ အနီရောင် လင်ဇီးကို လင်းအိမ်တော်ကို ပို့ခိုင်းလိုက်ပါ။” ဘုရင်မင်းမြတ်က အလွန် ရက်ရောဟန် ရသည်။ ထိုနှစ်မျိုးလုံးက ရှားပါး ဆေးဖက်ဝင် ပစ္စည်းများ ဖြစ်ကြပြီး လူ့သက်တမ်းကို ဆွဲဆန့်နိုင်ကြသည်။ သည်နှစ်မျိုးကို ပို့ခိုင်းလိုက်ခြင်းက ဂျန်ချင်းသည် အသက်သေခါနီးပြီဟူ၍ လူတိုင်းကို သိသာစေခဲ့သည်။

“အမိန့်တော်အတိုင်းပါ, အရှင်မင်းကြီး။”

“ပြန်တော့” ဘုရင်မင်းမြတ်က လက်ဝှေ့ယမ်းလိုက်သည်။

သမားတော် ထွက်သွားလျှင် ဘုရင်မင်းမြတ်က စားပွဲပေါ်ရှိ အမျိုးမျိုးသော စာလိပ်များကို လှန်လှောကြည့်ရှူပြီး ဖြစ်သဖြင့် ကုလားထိုင်ကို ကျောမှီလိုက်သည်။ သူ့မျက်နှာမှာ အပြုံးရိပ်ကို အနည်းငယ် မြင်နိုင်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now