၁၂၅။ သေခြင်းတရားပေါ်ပေါက်လာခြင်း - ၂
“လောင်ချီ” ဂျန်ဝုရှီ၏မျက်လုံးများတွင်ရူးသွပ်မှုပေါ်ပေါက်လာသည်။ သူမအသံ ကြားရသူတို့ကို အေးစက်သွားစေသည်။
“ကျနော်ရှိပါတယ်...”
“လုပ်ကြံသူတွေကဘုရင့်နန်းတော်ကိုစိမ့်ဝင်သွားကြတယ်,ဘုရင်ကြီးကိုကယ်ဆယ်ဖို့ ရူလင်းစစ်တပ်ကို ဦးဆောင်သွားတော့” ဂျန်ဝုရှီက မျက်လုံးများကို ကျဉ်းမြောင်းကာ အမိန့်ပေးလိုက်သည်။ ဘုရင်ကြီး၏ အမူအရာကသူမအား အရာရာကို ပြောပြပြီး ဖြစ်သည်။
သူမက ဘုရင့်နန်းတော်တစ်ခုလုံးကို သူမဖိုးဖိုးနှင့် အတူ မြေမြှုပ်ပစ်ချင်သည်။
“အပြစ်သားအရာရှိတွေရဲ့ အိမ်တော်တွေကို ဝိုင်းထားတဲ့စစ်သားတွေကို အမိန့်ပေးလိုက်, ဘယ်သူ့ကိုမှ မလွတ်စေရဘူး၊ လူယုတ်မာတွေကို အကုန် အမြစ်ဖြုတ်ပစ်လိုက်” ဂျန်ဝုရှီ၏ အမိန့်နှစ်ခုက ဘုရင်ကြီးကို တစ္ဆေတစ်ကောင်လို ဖြူရော်သွားစေသည်။
သွားပြီ, အရာအားလုံး ပြီးသွားပြီ။
“ကျနော် ဆောင်ရွက်လိုက်ပါ့မယ်” လောင်ချီက အလျင်အမြန် ထွက်သွားသည်။
တိုတောင်းသည့် အမိန့်စကားနှစ်ခုဖြင့် ဂျန်ဝုရှီက ကွပ်မျက်ခံရသည့်အရာရှိများ၏ အမျိုးသမီးများကို အသက်ချမ်းသာမပေးတော့ဘဲ နစ်နာကြေးပြန်ယူလေပြီ။ သူမက သားရဲကြီးကို နန်းတော်ဂိတ်တံခါးသို့ ဆက်လက်ချီတက်ရန် နှိုးဆော်လိုက်သည်။
ငါ သူတို့ အကုန်လုံးကို သတ်ပစ်မယ်။
တစ်ယောက်မကျန်ပေါ့။
ဂျန်ဝုရှီနောက်ဖက်မှ ရူလင်းစစ်တပ်က နန်းတော်ဂိတ်တံခါးသို့ ချီတက်သွားလေ၏။ ယုလင်းစစ်တပ်မှ အစောင့်များက စိတ်ဖိစီးခြင်းခံရလေပြီ။ သူတို့ကကြောက်လန့်တကြားဖြင့် သူတို့၏ လှံတံများက ိုကိုင်ထားကြသည်။ သူတို့က ခပ်လှမ်းလှမ်း ဂျန်ဝုရှီထံမှ ထွက်ပေါ်လာသည့် သတ်ဖြတ်ခြင်းအေးစက်စက်အငွေ့အသက်ကို ခံစားနိုင်ကြသည်။