၁၆၄။ ဝါးမျိုခြင်း - ၂

1.4K 106 0
                                    

၁၆၄။ ဝါးမျိုခြင်း - ၂

“ဂါး...........”ရွှေခြင်္သေ့က အသည်းတုန်စရာကောင်းလောက်အောင် ဟိန်းလျက် အနက်ရောင်သားရဲကို ကျောပေါ်မှ ပြုတ်ကျအောင် အကြမ်းပတမ်း ခါချနေသည်။ သို့သော် အနက်ရောင်သားရဲက ရွှေခြင်္သေ့၏ လည်ပင်းကို မြဲမြံစွာ ထိုးစိုက်ထားပြီး လက်သည်းများဖြင့် ဆွဲကုတ်ထားသည်။

ထိုကြောက်စရာ သားရဲနှစ်ကောင်၏ တိုက်ပွဲက ပြင်းထန်လွန်းသည်။ ကြမ်းတမ်းလွန်းသည်။ အနီးကပ် ကြည့်ရှုဖို့ပင် မလွယ်ကူပေ။

အနက်ရောင်သားရဲကြီးက တဖြည်းဖြည်း အပေါ်စီး ရောက်သွားသည်။ မိုရွှမ်ဖေး၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူက ရူးသွပ်စွာ ကြည့်နေသည်။ သူ့မျက်နှာက တွန့်ရှုံ့နေသည်။ မယုံကြည်နိုင်သဖြင့် အရုပ်ဆိုးလာသည်။

ဘယ်လို ဖြစ်နိုင်မှာလဲ။

အင်အားကောင်းလွန်းသည့် သူ့ရွှေခြင်္သေ့ကို အနက်ရောင်သားရဲက သည်လို လွယ်လွယ်ကူကူ နှိပ်ကွပ်နိုင်သလော။

ရုတ်တရက် မိုရွှမ်ဖေး အရမ်း နာကျင်လာသည်။ တစ်စုံတစ်ယောက်က သူ့ဝိညာဉ်ကို သူ့ထံမှ ဆွဲထုတ်ဖို့ ကြိုးစားနေတာကို ခံစားလာရသည်။ သူ့အသက်ရှူသံက ကြမ်းရှလာပြီး သူ့ရင်ဘတ်ကို ဖိထားရသည်။ သူက လေကို အငမ်းမရ ရှူသွင်းနေရသည်။ လေးလံပြီး ပြင်းထန်လွန်းသည့် ဖိအားကြောင့် သူ့ဝိညာဉ်က ပဲ့ထွက်တော့မတတ် ခံစားနေရသည်။ သူက မော့ကြည့်ဖို့ပင် ရုန်းကန်နေရသည်။

ချက်ချင်း ပြောင်းလဲသွားသည့် မြင်ကွင်းက မြင်တွေ့ရသူများကို တုန်လှုပ်သွားစေပြီး ပြောစရာစကားမဲ့စေသည်။

အနက်ရောင်သားရဲက ရွှေခြင်္သေ့ကို သူ့လက်ဖဝါးများဖြင့် ကုပ်တွယ်ထားပြီး တစ်ဖဲ့ချင်း ကိုက်ဖဲ့နေသည်။ ဝိညာဉ်သားရဲများက ခန္ဓာကိုယ်ပုံစံ ပြောင်းနိုင်သော်လည်း သူတို့က စိတ်ဝိညာဉ်နှင့် ဝိညာဉ်စွမ်းအားများကို ပေါင်းစပ်ထားသည့် သက်ရှိများသာ ဖြစ်သည်။ အစစ်အမှန် အသား အသွေးများ မရှိကြချေ။ ထို့ကြောင့် အနက်ရောင် သားရဲကြီးက ရွှေခြင်္သေ့ကို စတင်ဝါးမျိုသည့်အခါမှာ သွေးထွက်သံယို ဖြစ်ပေါ်လာခြင်း မရှိခဲ့ချေ။

ပါရမီရှင်သမားတော်Where stories live. Discover now