၄၇။ ကမ္ဘာက ကျဉ်းကျဉ်းလေးပါ - ၂
“ထပ်, ချင်းယန်ကလန်က ဘယ်လောက်ကြီးကျယ်နေလို့လဲ၊ စကားထဲ ထည့်ပြောဖို့တောင် မတန်ဘူး။” အထင်သေးမှုတို့ဖြင့် ပြည့်နေသည့် အသံက ဂျန်ဝုရှီ၏ ဘေးနားမှ ထွက်ပေါ်လာသည်။ သူမ လှည့်ကြည့်လိုက်လျှင် ဝါးရွက်ကို ဝါးလျက် ခေါင်းနောက် လက်ကို ပစ်ထားပြီး လေသံလောက်သာ ခပ်တိုးတိုး ရေရွက်ပြောဆိုနေသော ဖိုသီဖတ်သီ လူငယ်ကို တွေ့လိုက်သည်။ ဘိုင်ယန်ရှင်းအန်ကို အားကျရှူစားနေသည့် ပတ်ပတ်လည်ရှိ လူအုပ်ကို သူက အထင်သေးသည့် အကြည့်ဖြင့် ကြည့်နေသည်။
သူက အလွန်တိုးညှင်းစွာ ပြောလိုက်သော်လည်း ဂျန်ဝုရှီက ကြားဖြစ်အောင် ကြားလိုက်သည်။
လူငယ်က ဂျန်ဝုရှီ၏ အကြည့်ကို တွေ့လိုက်လျှင် သူက ပြုံးပြ၍ အသံထွက်ကာ ရယ်လိုက်သည်။ “ငါက သက်စောင့်ဆေးကို မလိုချင်ဘူးလို့ မပြောခဲ့ဘူးလား၊ ဒါပေါ့, ငါက ချင်းယန်ကလန်ကိုလည်း စိတ်ဝင်စားမှာ မဟုတ်ဘူး။”
လူငယ်က ရှင်းပြရန် ကြိုးစားသော်လည်း ဂျန်ဝုရှီက သူ့ကို ဂရုမစိုက်ဘဲ သူ့ကို ဖြတ်ကျော်၍ လျှောက်သွားသည်။
သူက ကူကယ်ရာမဲ့စွာ သူ့ဘာသာ ရယ်လိုက်ပြီး နောက်ထပ် ဘာမှ မပြောတော့ပေ။
“ဒီဝိညာဉ်ကျောက်တုံးနှစ်ခုနဲ့ အရှေ့ပိုင်းပုလဲကိုးလုံးအတွက် လဲလှယ်ဖို့ ခင်ဗျားက ဘာနဲ့ လဲလှယ်ချင်တာလဲ” မိုရွှမ်ဖေးက သူ့အချစ်လေး၏ အပြုံးကို မြင်လိုက်ရသည်နှင့် သူမအပေါ် ပုံအောပစ်ဖို့ ဆုံးဖြတ်လိုက်သည်။
မိုရွှမ်ဖေးက ဂျန်ဝုရှီနှင့် အတူ တစ္ဆေမြို့တော်ကို လာစဉ်တုန်းက ဒင်္ဂါး တစ်ပြားတစ်ချပ်ကိုပင် မသုံးစွဲခဲ့ချေ။ သူတို့က လမ်းတစ်ကြောင်းနှစ်ကြောင်းလောက်သာ လျှောက်ပတ်သွားပြီး ပြန်လာခဲ့ကြသည်။
အခု သူ့ဘေးမှာ မိုရွှမ်ဖေး ရှိနေလေတော့ သူက အလွန် ရက်ရောနေလေပြီ။