၁၀၃။ပြိုင်ဘက်ကင်း ဆေးပညာ - ၂

1.5K 123 0
                                    

၁၀၃။ပြိုင်ဘက်ကင်း ဆေးပညာ - ၂

ဂျန်ဝုရှီက သူတို့နှစ်ယောက်ကို စူးစမ်းအကြည့်ဖြင့် ကြည့်လေ၏ “ဦးလေး, ဖိုးဖိုး, ဖိုးဖိုးတို့ အဲဆေးတွေကို နေ့တိုင်း သုံးနေခဲ့တာ မဟုတ်ဘူးလား။”

“............” သားအဖနှစ်ယောက်လုံး မျက်လုံး ပြူးကုန်သည်။

ဂျန်ဝုရှီက သူတို့အတွက် နေ့စဉ် ဆေးဖက်ဝင်များဖြင့် ရောစပ်ထားသည့် အစားအစာများကို ပြင်ဆင်ပေးခဲ့သည်။ ထို့ပြင် သူတို့ခန္ဓာကိုယ်များကို တိုးတက်လာစေဖို့ ဆေးဝါးအမျိုးမျိုးကိုလည်း ပို့ပေးခဲ့သည်။ သူတို့ ခန္ဓာကိုယ်က အရင်လို အားနည်းမနေကြတော့ချေ။ သို့သော် သူတို့ သုံးဆောင်နေတာက များပြားလွန်းနေပြီး ပြောင်းလဲသွားတာကလည်း အများအပြားဖြစ်နေသဖြင့်, သူတို့၏ ကျန်းမာရေးနှင့် ခန္ဓာကိုယ်များ တိုးတက်လာတာကို သူတို့ သတိမပြုမိလိုက်ကြချေ။ ၎င်းတိုးတက်လာတာက လေ့ကျင့်ခြင်းကို အထောက်အကူဖြစ်စေပြီး ရုတ်ချည်းဆိုသလို ဖွံ့ဖြိုးလာခဲ့သည်။

ဒါက ယုံနိုင်စရာပင် မရှိခဲ့ပေ။

“ဝုရှီ, တကယ်ဆို ... ငါတို့ ဘာတွေ စားခဲ့တာလဲ...” ဂျန်ချင်းက ပြောစရာစကား ပျောက်ရှသွားသည်။ သူက သတိမပြုမိခဲ့ပေ။ သို့သော် ဂျန်ဝုရှီ ထောက်ပြမှ, သူ့အကြောများက အလွန်သန်မာနေတာကို သူ သိလိုက်ရတော့သည်။

ဂျန်ဝုရှီ ပြောတာ အမှန်တွေပါလား။

“ရူလင်းစစ်တပ်က ကြီးမားလွန်းတယ်၊ ဒါ့ကြောင့် ကျမ သူတို့ကို ဆေးလုံးတွေသာ ပေးနိုင်တော့မယ်” ဂျန်ဝုရှီက သူတို့ကိုလည်း ဆေးဖက်ဝင် အစားအစာများကို ကျွေးချင်ခဲ့သည်။ သို့မှသာ သူတို့ ခန္ဓာကိုယ်များက အတော်အတန် ကြမ်းတမ်းလာမည် ဖြစ်သည်။ သို့သော် စစ်သားတစ်သိန်းအတွက်... လင်းအိမ်တော် တစ်ခုလုံးကို ရောင်းပစ်မယ်ဆိုလျှင်တောင် မလုံလောက်နိုင်ပေ။

“............”ဂျန်ရှင်းယန်က သူ့နှလုံး အလွန်မြန်ဆန်သွားတာကို ခံစားလိုက်ရသည်။

ပါရမီရှင်သမားတော်Where stories live. Discover now