၇၆။ ဝိညာဉ်စွမ်းအား

1.6K 165 0
                                    

၇၆။ ဝိညာဉ်စွမ်းအား

ဂျန်ဝုရှီ၏ ဘဝထဲမှ မိုရွှမ်ဖေး၏ အရိပ် ပျောက်ကွယ်သွားစေရန် လိုလားနေသဖြင့် ဂျင်ရှင်းယန်နှင့် ဂျန်ချင်း နှစ်ယောက်လုံးက ဘာမျှ မပြောတော့ဖို့ ဆုံးဖြတ်လိုက်ကြသည်။

ဂျန်ဝုရှီက သူမကို ဗဟိုပြုပြီး ကောက်ချက်ချတာများ ဖြစ်နေတာကို သတိမပြုမိခဲ့ပေ။ မဖြစ်စလောက် ဝိုင်လေးကြောင့် စည်းလွတ်ဝါးလွတ် ထင်မြင်ချက်များ ဖြစ်ပေါ်စေလိမ့်မည်ဟုလည်း သူမ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ တခြားသူများ၏ အမြင်မှာ သူမက မိုချင်းယွမ်နှင့် အတွဲဖြစ်နေပြီဟူ၍ ဖြစ်သည်။

နောက်ဆုံးတွင် သူမက ကျောက်စိမ်းဝတ်ရည်ကို ရယူပိုင်ဆိုင်ပြီမို့, သူမကျင့်ကြံခြင်းကို စတင်ဖို့ မစောင့်နိုင်တော့ဘဲ အခန်းသို့ အမြန်ပြန်လေ၏။ သူမက အခန်းထဲသို့ ရောက်သည်နှင့် တံခါးပိတ်ကာ ချက်ချင်းပင် ကြာပန်းလေးကို ခေါ်ထုတ်လိုက်သည်။

ခြေဗလာလေးဖြင့် ကြာပန်းလေးက ပေါ်ထွက်လာပြီး သူက လျင်မြန်စွာ စားပွဲသို့ ပြေးသွားပြီး ဝိုင်ပုလင်းကို စူးစိုက် ကြည့်နေသည်။ သူက ဝိုင်ပုလင်းကို လောဘတကြီး ကြည့်နေရင်း သွားရည်များပင် စီးကျလာလေ၏။ သူ့မျက်လုံးများက တောက်ပနေပြီး အသက်ပြင်းပြင်း ရှူနေရသည်။

“အားဟဟဟ... အနံ့ကောင်းလိုက်တာ...” ကြာပန်းလေးက ပွင့်အန်ထွက်လာသည့် ဝိုင်ကို ကြည့်ရင်း အကြိမ်များစွာ တံတွေးမျိုချနေမိသည်။ ပွင့်အန်ထွက်လာသည့် ဝိုင်ပုလင်းအပေါ် သူ့မျက်လုံးများက မခွာနိုင် ဖြစ်နေပြီး သူ့လက်သေးသေးလေးကို ပုလင်းသို့ လှမ်းလိုက်၏။

ဂျန်ဝုရှီက စိတ်လှုပ်ရှားတက်ကြွနေသည့် ကြာပန်းလေးကို သေချာ ကြည့်ရင်း မေးသည် “နင်လည်း ကြီးထွားလာအောင် ဒါကို သုံးလို့ ရလား။”

ကြာပန်းလေးက ခဏလောက် တွန့်ဆုတ်တွေဝေသွားပြီး တံတွေးမျိုချကာ သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ယမ်းပြသည်။

ပါရမီရှင်သမားတော်Where stories live. Discover now