၁၃၉။ ချည့်နဲ့သွားသည့် နန်းပလ္လင် - ၄
ဘုရင်ကြီးနှင့် မိုရွှမ်ဖေးတို့က ဝမ်းနည်းပက်လက် ဖြစ်သွားကြသည်။
ချင်းယန်ကလန်ကို သတင်းပို့တာလား။
ချင်းယန်ကလန်က ချီတိုင်းပြည်မှ ဝေးကွာလွန်းသည့် နေရာမှာ တည်ရှိသည်။ သူတို့က ဘယ်လောက်ကြာအောင် စောင့်ကြရမည်နည်း။
အနီးဆုံး စစ်စခန်းမှ အကူအညီကို ပေးပို့ခဲ့လျှင်, စစ်ကူရောက်လာဖို့ ရက်ဘယ်လောက်မျှ ကြာမည် မဟုတ်ပေ။ အခု မိုင်ရှစ်ရာ ဝေးကွာသည့် ချင်းယန်ကလန်မှ အကူအညီ ရောက်လာလိမ့်မည်ဆိုတာ....
မည်မျှလောက် ကြာအောင် သူတို့ ခရီးနှင်ရမည်နည်း။
သည်အတောအတွင်းမှာ, ဂျန်ဝုရှီက မည်မျှလောက် သူတို့ကို ရက်စက်ပြလိမ့်မည်နည်း။
“ယန်ရှင်းအန်, ဒီလိုကိစ္စလောက်နဲ့ ချင်းယန်ကလန်ကို ဒုက္ခပေးတာ မသင့်တော်ပါဘူး၊ ချီတိုင်းပြည်ရဲ့ ဧည့်သည်တစ်ယောက်ဖြစ်နေလို့, ငါတို့က ဒီကိစ္စတွေကို ငါတို့ဘာသာ ဖြေရှင်းကြပါ့မယ်။” မိုရွှမ်ဖေးက ကြောက်စိတ်မွှန်သွားသည်။ ချင်းယန်ကလန်က ဒီကို ရောက်ရှိချိန်မှာဆိုလျှင်, သူတို့က အသက်ရှိတော့မည်ပင် မဟုတ်တော့ပေ။
ဘိုင်ယန်ရှင်းအန်က ပြန်ပြောသည် “ဒီလိပ်ပြာလေးက စကားမပြောနိုင်ဘူး၊ ပြီးတော့ ငါ ပို့လိုက်တဲ့ သတင်းစကားကို ငါ့ဆရာသာ အဓိပ္ပါယ်ဖော်နိုင်တယ်၊ စစ်စခန်းကို ငါ ပို့လွှတ်လိုက်ရင်, ဘယ်သူမှ နားလည်မှာ မဟုတ်ဘူး။”
မိုရွှမ်ဖေး၏ ပခုံးများ တွဲလျားကျသွားသည်။ စာချုပ်ဝိညာဉ်များက ပုံမှန်အားဖြင့် သူတို့ ပိုင်ရှင်များနှင့်သာ ဆက်သွယ်နိုင်ပြီး တခြားသူများအား စကားမပြောနိုင်တာကို သူ သတိရလိုက်သည်။
အခုမှ သဘောပေါက်သွားပြီမို့ မိုရွှမ်ဖေး စိတ်ဓာတ်ကျသွားသည်။