၁၄၀။ မူးယစ်သွားသော ကြာပန်းလေး - ၁

1.6K 122 4
                                    

၁၄၀။ မူးယစ်သွားသော ကြာပန်းလေး - ၁

မြို့တော်ကို ပိတ်ဆို့ထားခြင်းကြောင့် ပြည်သူများ မသက်မသာ ခံစားနေကြရသည်။ သူတို့က လင်းအိမ်တော်နှင့် ဘုရင့်မိသားစုကြားရှိ ရုန်းကန်လှုပ်ရှားနေခြင်းကို သတိမပြုမိကြချေ။ ဒုတိယမင်းသားလေးကို ချုံခို တိုက်ခိုက်သူများကို အမြစ်ပြတ် မချေမှုန်းသေးရလို့ သူတို့ လွတ်မြောက်မသွားရအောင် လိုအပ်ချက်အရ မြို့တော်ကို ပိတ်ဆို့ထားရကြောင်းကိုသာ သူတို့အား ပြောပြထားသည်။

လူများ ဂယောက်ဂယက်ဖြစ်နေခြင်းကြောင့် မိုချင်းယွမ်က သူတို့နှင့် မကြာခဏ ရောနှော၍ သူတို့ကို ဂရုတစိုက်ဖြင့် ဆွေးနွေးမေးမြန်းပြီး သူတို့ ကြိုက်နှစ်သက်လာအောင် မိန့်ခွန်းချွေနေရသည်။ ရက်အနည်းငယ်အတွင်းမှာပင်, မိုချင်းယွမ်၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းက မိုရွှမ်ဖေးကို ကျော်လွန်သွားလေ၏။ အိမ်ရှေ့စံကို လူကြိုက်များလာသည်။

ဂျန်ဝုရှီက ထိုအတောအတွင်းမှာ နောက်လျှိုနေပြီး သူ့ကိုယ်သူ ပိတ်ဆို့ကာ ဝိညာဉ်စွမ်းအားကို ကျင့်ကြံနေခဲ့သည်။

“သခင်မလေး, သံကို ပူနေတုန်း ထုရိုက်သင့်တယ် မဟုတ်ဘူးလား” ကြောင်နက်လေးက ကြာကန်ဘေးအစွန်တွင် လဲလျောင်းနေရင်း သူ့အမြီးကို ရေပြင်ပေါ်တွင် ဘယ်ညာလှုပ်ယမ်းလျှက် ရှိသည်။

ဂျန်ဝုရှီက ကျောက်တုံးစားပွဲပေါ်တွင် ထိုင်နေသည်။ သူမက တဖြည်းဖြည်း ပွင့်နေသည့် ကြာပန်းကို စူးစမ်းနေသည်။ “အချိန်မကျသေးဘူး၊ မိုချင်းယွမ်ကို နန်းပလ္လင်ပေါ် တင်ပေးဖို့က တရားဝင်မှ ဖြစ်မယ်၊ သူက ပြည်သူတွေဆီကနေ ထောက်ခံတာကိုလည်း လိုအပ်နေတယ်။”

သူမသာ ဖိအားသုံး၍ မိုချင်းယွမ်ကို နန်းပလ္လင်ပေါ် တင်ပေးချင်လျှင် ထိုညကတည်းက လုပ်ဆောင်ပြီး ဖြစ်သည်။

ဘုရင်ကြီးက ကြမ်းကြုတ်ရက်စက်သူ ဖြစ်သည်။ သို့သော် သူက လူထုထောက်ခံမှုကို ကောင်းကောင်း သဘောပေါက်သူ ဖြစ်သည်။ သူမက သူ့အတောင်ပံများကို ချိုးဖျက်ပြီး သူ မလွတ်မြောက်နိုင်အောင် ပိတ်ဆို့ထားပြီး ဘုရင်ကြီးကို ပလ္လင်ပေါ်တွင် ထိုင်ခွင့်ပေးထားတာက မိုချင်းယွမ် ပလ္လင်ကို ရယူလျှင် သက်သာလွယ်ကူအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now